Latest News

Monday, January 16, 2017

ကိုယ်ဝန်ဆောင်ချိန်မှာ ဖရဲသီးစားရင် ရမယ့် အကျိုးကျေးဇူး (၅) ခု

ကိုယ်ဝန်ဆောင်ချိန်မှာ ဖရဲသီးစားရင် ရမယ့် အကျိုးကျေးဇူး (၅) ခု



၁ - ရင်ပူခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ရင်ပူတာလိုမျိုး အစာအိမ်ပြဿနာမျိုးတွေ ရှိတတ်ပါတယ်။ ဖရဲသီးစားချင်းက အဆိုပါ ပြဿနာကို ချက်ချင်းဖြေရှင်းပေးနိုင်ပါတယ်။

၂ - ခြေ၊လက်ရောင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်နဲ့ လက်ရောင်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဖရဲသီးဟာ ရေဓာတ်မြင့်မားပြီး သွေးကြောနဲ့ ကြွက်သားတွေကို ဖြေလျှော့ပေးနိုင်ကာ အဆိုပါ ရောင်ရမ်းမှုမျိုးကို တားဆီးပေးနိုင်ပါတယ်။

၃ - မနက်ခင်း


မနက်ခင်းနေထိုင်မကောင်းတာမျိုးကိုလည်း ဖရဲသီး ပုံမှန်စားပေးခြင်းက ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် မနက်ခင်းမှာ စားပေးတဲ့အခါ ခန္ဓာကိုယ်က ပေါ့ပါးပြီး လန်းဆန်းပါတယ်။

၎ - ရေ

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ရေများများ သောက်ဖို့ ပြောလေ့ရှိပါတယ်။ ရေဓာတ်လုံလောက်မှု မရှိခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးများစွာ ဖြစ်စေပါတယ်။ ဖရဲသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။

၅ - အပြောင်းအလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က အပြောင်းအလဲများစွာ ဖြစ်ပေါ်လာပါတယ်။ ဟိုမုန်းနဲ့ ခန္ဓာကိုယ် အလေးချိန်မြင့်မားလာတာတွေက အရိုးနဲ့ ကြွက်သားတွေကို ကိုက်ခဲနာကျင်မှုတွေ ဖြစ်လာစေပါတယ်။ ဖရဲသီးကို စားပေးခြင်းက ဒီလိုအပြောင်းအလဲကြောင့်ဖြစ်လာတာမျိုးတွေကို ပိုကောင်းကောင်း ရင်ဆိုင်နိုင်စေပါတယ်။

Photos & Source: Craze



Sources; Duwun

No comments:

Post a Comment