Latest News

Saturday, January 7, 2017

ဖိလစ်ပိုင်နိုင်ငံတွင် စစ်သံမှူးရုံးဖွင့်လှစ်၍ ဆက်ဆံရေး တိုးမြှင့်မည်ဟု တပ်ချုပ်ပြောကြား

ဖိလစ်ပိုင်နိုင်ငံတွင် စစ်သံမှူးရုံးဖွင့်လှစ်၍ ဆက်ဆံရေး တိုးမြှင့်မည်ဟု တပ်ချုပ်ပြောကြား



 ဖိလစ်ပိုင်နိုင်ငံတွင် စစ် သံမှူးရုံးဖွင့်လှစ်၍ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့် ဆောင်ရွက်မှုကို တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးအား ဇန်န၀ါရီ ၆ ရက်က လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ စစ်သံမှူးရုံး ကို ယခင်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးက တွဲဖက်တာဝန် ထမ်းဆောင်နေခြင်းဖြစ်သည်။

မြန်မာ-ဖိလစ်ပိုင် တပ်မ တော်နှစ်ရပ်အကြား စစ်ဘက် ဆက်ဆံရေးပိုမိုခိုင်မာစေရန် ရည် ရွယ်ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကထုတ် ပြန်ထားသည်။

တပ်ချုပ်နှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဖိ လစ်ပိုင်နိုင်ငံ သံအမတ်ကြီး H.E .Mr.Alex G.Chua တို့သည် အာ ဆီယံအသိုင်းအ၀ိုင်း ပိုမိုခိုင်မာ ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မ တော်နှစ်ရပ်အကြား နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထိုသို့ တွေ့ဆုံရာတွင်သံအမတ်ကြီးက ဖိလစ်ပိုင်နိုင်ငံ၌ အာဆီယံ နှစ် (၅၀) ပြည့်အခမ်းအနားနှင့် အာဆီယံတပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်များ အလွတ် သဘော အစည်းအဝေး ပြုလုပ် မည့် အခြေအနေများကို ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ပြု ပြင်ပြောင်းလဲရေးတွင် တပ်မ တော်၏ ပါဝင်ဆောင်ရွက်မှု အ ခန်းကဏ္ဍ၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာ ရှိကြီးများ၏ အပြန်အလှန် ချစ် ကြည်ရေးခရီးစဉ်များ၊ သင်တန်း စေလွှတ်ရေးကိစ္စရပ်များအပါအ ၀င် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတီသည် မူးယစ်ဆေးဝါး  နှိမ်နင်းရေး ကိုင်တွယ်မှုနှင့် ကြမ်းတမ်းသော စကားများနှင့် တွဲဖက်၍ နိုင်ငံတကာတွင် လူသိများနေသူ ဖြစ်သည်။


Sources; 7Day News Journal


No comments:

Post a Comment