Latest News

Thursday, January 12, 2017

တက္ကသိုလ်ဂွမ်းပုံနှင့်တွေ့ဆုံခြင်း

တက္ကသိုလ်ဂွမ်းပုံနှင့်တွေ့ဆုံခြင်း

လတ်တလော ဒါရိုက်တာပြည်ဟိန်းသီဟရိုက်ကူးနေသည့် မယ်တော် FCနှင့်မော်ဒယ်လ် FC ရုပ်ရှင်ဇာတ်ကားကြီးတွင် စိုးမြတ်သူဇာ၊  ခိုင်သင်းကြည်တို့နှင့် အပြိုင်သရုပ်ဆောင်ရိုက်ကူးနေတဲ့ မဂွမ်း (တက္ကသိုလ်ဂွမ်းပုံ) နဲ့ MHM တွေ့ဆုံဖြစ်တဲ့အခါမှာတော့ -

" မဂွမ်း အခုတလောမှာ ရုပ်ရှင်ကားကြီးတွေဆက်တိုက်ရိုက်ဖို့ရှိပါတယ်။ ပရိသတ်အကြိုက်ဇာတ်ကားကောင်းတွေဖြစ်မှာပါ။ မဂွမ်းလည်း အကောင်းဆုံးကြိုးစားထားပါတယ်။

မဂွမ်းက အနုပညာရှင်တိုင်းကိုလေးစားတယ်၊ ရိုသေတယ်၊ သရုပ်ဆောင်အသစ်ပဲဖြစ်ပါစေ တိုင်ပင်ဆွေးနွေးတယ်။ အခုနောက်ပိုင်း Channel လိုင်းတွေနဲ့ FM အစီစဉ်တွေကနေ အနုပညာရှင်တွေကိုချစ်မြတ်နိုးတဲ့ပရိသတ်အတွက် တကယ့်ကိုကောင်းတဲ့အစီအစဉ်တွေရှိတယ်။ အဲဒီအတွက် မဂွမ်းဝမ်းသာတယ်။ သရုပ်ဆောင်သစ်လေးတွေကိုလည်း ကြိုးစားစေချင်တယ်၊ အောင်မြင်စေချင်တယ်။ အဓိက,ကတော့ ကံဉာဏ်ဝီရိယ၊ ပင်ကိုယ်ဓာတ်ခံပါရမီနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းရင်တော့ အောင်မြင်တဲ့အနုပညာရှင်ဖြစ်မှာပါ။

ကိုယ်တွေလည်း အသစ်ဘဝကလာခဲ့တာပါ။ ကြိုးစားမှုတွေမရှိရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ မဂွမ်းဆိုရင် ဟာသဘက်ကိုအားသန်တယ်၊ ကိုယ်သရုပ်ဆောင်တာတွေပီပြင်ဖို့လေ့လာရတယ်။ မဂွမ်းရဲ့မြင်ဆရာက Mr.bean နဲ့ Tom&Jerry ပါ။ မဂွမ်း အဲဒါတွေကြည့်ပြီး သူတို့ရဲ့အမူအရာလေးတွေနဲ့စမ်းသပ်ကြည့်တယ်။  ဇာတ်ကားတွေမှာ တစ်ကားနဲ့တစ်ကားမတူအောင် မဂွမ်းကြိုးစားနေပါတယ်။ "

အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံရဲ့အနုပညာခရီးက ၁၉၈၆ ခုနှစ်မှာစတင်ခဲ့ပြီး လက်ဦးဆရာတွေကတော့ ဒါရိုက်တာအကယ်ဒမီိဦးနန္ဒ၊ အကယ်ဒမီဇော်မြင့်ဦးတို့ ဖြစ်ကြပါတယ်။ အဲဒီဘက်ခေတ်က စီနီယာသရုပ်ဆောင်ကြီးတွေဖြစ်တဲ့ ဦးဖိုးပါကြီး၊ ဦးမြင့်ဖေ၊ အမေ မသန်းရွှေ၊ အမေ ရွှေလုံးတို့ရဲ့ဇာတ်ကားတွေကြည့်ပြီး အားကျအတုယူခဲ့တယ်လို့လည်း သိရပါတယ်။

Sources; ဝန်းရံခ MHM - Media

No comments:

Post a Comment