တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်၊ တပ်မတော်ဆေးရုံကြီး၌ မျက်စိခွဲစိတ်ကုသမှုခံယူ
နေပြည်တော်၊ ဇန်န၀ါရီ - ၂၀
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်န၀ါရီ ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်ဆေးရုံကြီး၌ ၀ဲဘက်မျက်စိအတွင်းတိမ်အား ခွဲစိတ်ကုသရာ အောင်မြင်စွာပြီးစီးခဲ့ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးသန်းအောင်နှင့် ပါမောက္ခ ဒုတိယဗိုလ်မှူးကြီးသိန်းအောင်(အငြိမ်းစား)တို့ ဦးစီး၍ မျက်စိအတွင်းတိမ် အားခွဲစိတ်ပြီး မျက်တွင်းမှန်ဘီလူးအစားထိုးကုသမှု (PHACOEMULSIFICATION+FOLDABLE IOL IMPLANTATION) လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဇန်န၀ါရီ ၁၆ ရက်နံနက်ပိုင်းကလည်း ယာဘက်မျက်စိအား အောင်မြင်စွာခွဲစိတ်ကုသပြီးစီးခဲ့ကြောင်းသိရသည်။
မျက်စိအတွင်းတိမ်ရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မျက်စိရောဂါတစ်ခုဖြစ်ပြီး တပ်မတော် ဆေးရုံများတွင်သာမက တပ်မတော်နယ်လှည့်အထူးဆေး ကုသရေးအဖွဲ့များဖြင့်လည်း ပြည်သူလူထု အတွင်းတွင်ပါ လူနာအမြောက်အမြားကို ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Sources: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Friday, January 20, 2017
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်၊ တပ်မတော်ဆေးရုံကြီး၌ မျက်စိခွဲစိတ်ကုသမှုခံယူ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်၊ တပ်မတော်ဆေးရုံကြီး၌ မျက်စိခွဲစိတ်ကုသမှုခံယူ
Reviewed by Ar Ti
on
1:03 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment