Latest News

Friday, January 20, 2017

ပင်လုံမြို့မှာကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်မယ်

ပင်လုံမြို့မှာကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်မယ်

အစိုးရအဖွဲ့အနေနဲ့ တက်ရောက်မှာပါ။

လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာ ပြုလုပ်မယ့် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

‘‘ပင်လုံမှာ လုပ်တာရှိတယ်။ Micc-2 မှာ လုပ်တာရှိမယ်။ အခုသိတာက ၁၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့အနေနဲ့ ပင်လုံမှာ ပြည်ထောင်စုနေ့ အခမ်းအနားတက်မယ်’’လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပင်လုံမြို့မှာ ကျင်းပမယ့် (၇၀) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပါတီဥက္ကဋ္ဌအနေနဲ့ တက်ရောက်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
‘‘အဲဒီနေ့မှာတော့ နိုင်ငံရေးဟောပြောပွဲတွေပါမယ်။ အားကစားပြိုင်ပွဲတွေပါမယ်။ ဆုပေးတာတွေပါမယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ကျပန်းစကား ပြောတာတွေပါမယ်’’လို့ ဦးဝင်း ထိန်က ပြောပါတယ်။ ၁၉၄၇ တွင် တောင်တန်း ပြည်မ အတူပူးတွဲပြီး လွတ်လပ်ရေးရယူဖို့ ရှမ်းပြည်နယ်ပင်လုံ မြို့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို အစွဲပြုပြီး ပြည်ထောင်စုနေ့လို့  သတ်မှတ်ခဲ့တာပါ။

Source : 7DayDaily: Duwun

No comments:

Post a Comment