Latest News

Friday, January 20, 2017

အမေရိကန်တွေ ညီညွတ်ကြဖို့ ထရမ့် တောင်းဆို

အမေရိကန်တွေ ညီညွတ်ကြဖို့ ထရမ့် တောင်းဆို

ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ ကျင်းပတဲ့ ဖျော်ဖြေဧည့်ခံပွဲမှာ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က လာရောက် အားပေးကြတဲ့ ထောက်ခံသူတွေကို ညီညွတ်တဲ့ အမေရိကန် ဖြစ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဝါရှင်တန် ဒီစီ မြို့တော်က လင်ကွန်း အမှတ်တရ အဆောက်အအုံ လှေကားထစ်ပေါ်ကနေ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ထရမ့်ဟာ အမေရိက အတွက် အပြောင်းအလဲတွေ ယူဆောင်လာပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

တိုင်းပြည်တဝှမ်း က နိုင်ငံသား အားလုံးအတွက် ကြီးကျယ်တဲ့ အမေရိကန်ပြည်ထောင်စုကို တည်ထောင်မယ်လို့လည်း ထရမ့်က ပြောပါတယ်။

အရင်တုန်းက ကျွန်တော်တို့ နိုင်ငံသားတွေဟာ မေ့လျော့ပစ်ပယ်ခြင်း ခံခဲ့ရပါတယ်။  ကျွန်တော့်ရဲ့ မဲဆွယ်ပွဲတွေမှာ အမေ့ခံတွေရဲ့ အကြောင်းကို ဟစ်အော် ဖော်ထုတ်ခဲ့ပါတယ်။   အခု ခင်ဗျားတို့ ပစ်ပယ်မေ့လျော့ ချန်ထားခြင်း ခံရတော့မှာ မဟုတ်တော့ပါဘူးလို့လည်း ဆိုပါတယ်။

နှစ်နာရီကြာ ကျင်းပတဲ့ ပွဲကို တက်ရောက်ကြသူတွေထဲမှာ ထရမ့်ရဲ့ မိသားစုနဲ့ အတူ အော်စကာဆုရှင် ရုပ်ရှင်မင်းသား ဂျွန်ဗော့၊ အာဖရိကန် အမေရိကန် အနွယ် နာမည်ကြီး အဆိုတော် ဆမ်မိုး တို့လည်း ပါဝင်ခဲ့ပါတယ်။

ဒီပွဲမတိုင်ခင် အစောပိုင်းကလည်း ထရမ့်ဟာ ဗာဂျီးနီးယားပြည်နယ်က အာလင်တန် အမျိုးသား သုသာန်ကိုလည်း သွားရောက်ပြီး အမှတ်တရ လွမ်းသူပန်းခွေ ချ့ခြင်း ပြုလုပ်ခဲ့ပါသေးတယ်။

ဒေသစံတော်ချိန် ကြသပတေးနေ့ ညနေပိုင်မှာ “ကြီးမြတ်တဲ့ အမေရိက ဖြစ်အောင် တဖန် ပြုလုပ်ကြစို့” ဆိုတဲ့ သမ္မတသစ် ကြိုဆိုပွဲ အခမ်းအနားကိုလည်း အများပြည်သူ တက်ရောက်နိုင်အောင် ဖွင့်ပေးမှာ ဖြစ်ပြီး ကျေးလက်သီချင်း အဆိုတော် ကြယ်ပွင့်တွေဖြစ်တဲ့ တိုဗီကိ နဲ့ လီးဂရင်းဝုဒ် တို့က ဖျော်ဖြေမှာ ဖြစ်ပါတယ်။

Sources: ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment