Latest News

Monday, January 9, 2017

မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုများတွင် ကာယကံရှင်သဘောတူညီချက်ဖြင့် လိုက်ပါသည့်ဖြစ်စဉ်များရှိနေဟုဆို

မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုများတွင် ကာယကံရှင်သဘောတူညီချက်ဖြင့် လိုက်ပါသည့်ဖြစ်စဉ်များရှိနေဟုဆို


၂၀၁၆ အတွင်း လူကုန်ကူးခံရသည့်ဖြစ်စဉ် သုံးရာ ကျော်အနက် တရုတ်နိုင်ငံသို့ ဦး တည်သည့် လူကုန်ကူးခံရသူအ ချို့တွင် ကာယကံရှင်ကိုယ်တိုင် သဘောတူညီမှုများအရ လိုက်ပါ သွားသည့် ဖြစ်စဉ်များ ရှိနေ ကြောင်း လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ကြီး သက်နောင်က ပြောသည်။

ဖြစ်စဉ်များအရ ၂၀၁၆ ဇန် နဝါရီမှ ဒီဇင်ဘာအတွင်း လူကုန် ကူးခံရသူ ၃၀၅ ဦးအနက် အမျိုး သား ၉၃ ဦးနှင့် အမျိုးသမီး ၂၁၂ ဦးပါဝင်ကြောင်း လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘တရုတ်နိုင်ငံသားနဲ့ လက် ထပ်ထိမ်းမြားတဲ့ကိစ္စရပ်တွေဟာ အခုအချိန်ထိ လျော့ပါးမသွား သေးဘူး။ အမှုတွေရဲ့နှစ်စဉ် ကိန်း ဂဏန်းတွေ၊ အချက်အလက်တွေ အရကတော့ တရုတ်နိုင်ငံနဲ့ ဖြစ်ပွားတာကတော့ အများဆုံးပဲ။ ပြဿနာရပ်က ဘာလဲဆိုတော့ ကိုယ့်နိုင်ငံက ကလေးတွေက သိသိချည်းနဲ့ သဘောတူပြီး လိုက်သွားတာတွေလည်း ရှိနေတယ်’’ဟု ဒုတိယရဲမှူးကြီး သက်နောင်က ပြောသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံ များသို့ ဦးတည်ဖြစ်ပွားပြီး တ ရုတ်နိုင်ငံသို့ ဦးတည်ဖြစ်ပွားမှု ၈၈ ကြိမ်၊ ထိုင်းနိုင်ငံသို့ ဦးတည် ဖြစ်ပွားမှုကိုးကြိမ်နှင့် မလေးရှား နိုင်ငံသို့ ဦးတည်ဖြစ်ပွားမှု ခြောက်ကြိမ်ရှိသည်ဟု ဖော်ပြထားသည်။

ပြည်တွင်းလူကုန်ကူးခံရ သောဖြစ်စဉ်များလည်း ရှိနေပြီး ၂၇ မှုစိစစ်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

‘‘တရုတ်နိုင်ငံထဲမှာက ဒီလို မျိုးဝယ်ယူပေါင်းသင်းတာကို လူ ကုန်ကူးသူလို့ မသတ်မှတ်ဘူး။ အဲဒါကြောင့် ပြောင်းပြန်ပြန်ဖြစ် သွားတာပေါ့။ သူတို့နိုင်ငံထဲကို ဝင်တဲ့အခါမှာ ကိုယ့်ဆီက လူတွေ ကတောင် တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူတာတွေ ရှေ့မှာရှိခဲ့ တယ်’’ဟု ဒုတိယရဲမှူးကြီး သက် နောင်က ပြောသည်။

၂၀၁၆ အတွင်း လူကုန်ကူးခံ ရသည့် ဖြစ်စဉ်များသည် အမျိုးအစား ငါးမျိုးဖြင့် ဦးတည်ဖြစ်ပွား ခဲ့သည်ဟု လူကုန်တားရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

‘‘အရင်ကာလတွေတုန်းက တော့ ခေါ်သွားတယ်။ ရောင်းစား ခံရတယ်ပေါ့။ အခုကျတော့ တ ရုတ်နဲ့ ယူမယ်၊ သူ့ကို ယွမ်ဘယ် လောက်ပေးပေါ့။ ဒီလိုသိသိချည်းနဲ့ သွားတာတွေကိုလည်း တွေ့ရ တယ်’’ဟု ဒုတိယရဲမှူးကြီး သက် နောင်က ဆိုသည်။

လူကုန်ကူးမှုဖြစ်စဉ်များတွင် အမျိုးသား ၁၅၀ ဦးနှင့် အမျိုးသမီး ၂၅၀ ဦးတို့က ကျူးလွန်သူများအဖြစ် ပါဝင်ပတ်သက်နေကြောင်း လူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘အဓမ္မလက်ထပ်ခိုင်းစေ ခြင်းဆိုတဲ့ ဖြစ်စဉ်ကတော့ အများ ဆုံးပဲ။ ကျန်တာကတော့ အဓမ္မ ခိုင်းစေတာပါမယ်။ ပြည့်တန်ဆာ ပြုခံရတာကြောင့် ပါမယ်။ ကြွေးမြီ ကိစ္စတွေကြောင့် ပါမယ်။ မွေးစားမယ်ဆိုပြီးတော့ လူကုန်ကူးခံရ တာတွေပါမယ်’’ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးမင်းနိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆယ်နှစ် တာအတွင်း လူကုန်ကူးခံရသည့် ဖြစ်စဉ် ၁,၂၅၃ မှု ဖြစ်ပွားခဲ့ပြီး ၂၀၀၆ တွင် ၅၂ မှု၊ ၂၀၀၇ တွင် ၁၂၇ မှု၊ ၂၀၀၈ တွင် ၁၃၄ မှု၊ ၂၀၀၉ တွင် ၁၅၅ မှု၊ ၂၀၁၀ တွင် ၁၇၃ မှု၊ ၂၀၁၁ တွင် ၁၃၆ မှု၊ ၂၀၁၂ တွင် ၁၂၀ မှု၊ ၂၀၁၃ တွင် ၁၀၂ မှု၊ ၂၀၁၄ တွင် ၁၂၄ မှုနှင့် ၂၀၁၅ တွင် ၁၃၀ မှုစစ်ဆေးတွေ့ ရှိကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ သတင်းထုတ် ပြန်ချက်အရ သိရသည်။



Sources; 7Day News Journal


No comments:

Post a Comment