Latest News

Monday, January 9, 2017

ဆေးတက္ကသိုလ်အပါအ၀င် တက္ကသိုလ်ကြီးများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးဆောင်ရွက်မည်

ဆေးတက္ကသိုလ်အပါအ၀င် တက္ကသိုလ်ကြီးများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးဆောင်ရွက်မည်


 ဆေးတက္ကသိုလ်များအ ပါအ၀င် တက္ကသိုလ်ကြီးများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးကို ယခုနှစ်အတွင်း ဆောင်ရွက်မည် ဟု သတင်းရရှိသည်။

အဆိုပါအစီအစဉ်ကို ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပြည်သူ့ကျန်းမာရေးဖောင် ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ပြီး ၂၀၁၇ နှစ်လယ်ခန့် တွင် အဆိုပါတက္ကသိုလ်များ၌ ဆေးလိပ်ငွေ့ကင်းစင်ကြောင်း ကြေညာနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ပြောသည်။

‘‘ကျန်းမာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ ဆေးတက္ကသိုလ် အားလုံးက ဆေးလိပ်ငွေ့မကင်း သေးတဲ့အတွက် ဆေးလိပ်ငွေ့ ကင်းရေးကို ကျွန်တော်တို့ အစည်း အဝေးလည်းလုပ်ပြီးပြီ။ လုပ်ငန်း စဉ်တွေလည်း ချပြီးပြီ။ အလားတူ နိုင်ငံတော်ရဲ့ တက္ကသိုလ်ကြီးများ ပေါ့။ ရန်ကုန်တက္ကသိုလ်၊မန္တလေး တက္ကသိုလ်ကြီးတွေမှာလည်း ဆေးလိပ်ငွေ့ကင်းစင်ရေးကိစ္စကို စီမံဆောင်ရွက်မယ်။ ဥပဒေက ရှိ ပေမယ့်လို့ တက္ကသိုလ်က ဆေး လိပ်မသောက်ရနယ်မြေလို့ ပြော ထားပေမယ့် ဘယ်လိုဆောင်ရွက် မယ်ဆိုတာ နည်းပညာပိုင်းအား နည်းနေတော့ အကောင်အထည် ဖော်ဖို့ အားနည်းတာပေါ့။ ဒါကို ဆက်ပြီးဆောင်ရွက်ပါ့မယ်’’ဟု ၎င်းကပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကျန်းမာရေးဝန်ကြီးဌာနလက် အောက်ရှိ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်နှင့် သွားဘက် ဆိုင်ရာတက္ကသိုလ် စုစုပေါင်း ၁၆ ခုအပါအ၀င် တပ်မတော်ဆေး တက္ကသိုလ် နှစ်ခု စုစုပေါင်း ၁၈ ခု တွင်လည်းကောင်း၊ အခြားတက္က သိုလ်ကြီးများတွင်လည်းကောင်း ဆေးလိပ်ငွေ့ကင်းစင်ရေး ဆောင်ရွက်မည်ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး ကျောင်း မူဝါဒများချမှတ်၍ ဆေးလိပ်မ သောက်ရ နယ်မြေနှင့်ဆေးလိပ် သောက်သုံးရန် နယ်မြေသတ်မှတ် ခြင်း၊ ကျောင်းအုပ်ချုပ်သူ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဈေးဆိုင်များကို အသိပေးခြင်းတို့ ကို အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်ပြီး ဆေးလိပ်မ သောက်သုံးရနယ်မြေတွင် ဆေး လိပ်သောက်သုံးပါက ကျောင်း အုပ်ချုပ်ရေးပိုင်းက စည်းကြပ် ခြင်းနှင့် အသိပေးခြင်းတို့ ဆောင်ရွက်မည်ဖြစ်သည်။

‘‘ဆေးလိပ်ငွေ့ကင်း စင်တာ လို့ပြောရင် တကယ်ကျတော့ ဆေးလိပ်မသောက်ရဘူးလို့ ပြော တာမဟုတ်ဘူး။ သောက်ရမယ့် နေရာမှာ သောက်ပေါ့။ အများ ပြည်သူရှိတဲ့နေရာမှာ ဆေးလိပ်မ သောက်ရဘူး။ စာသင်ခန်းမှာ မ သောက်ရဘူး။ ဆရာကလည်းပဲ သူတို့နားနေခန်းမှာမို့ ဆေးလိပ် သောက်ချင်လည်း မသောက်ရ ဘူး။ ဒါကတော့ ဆရာတွေရယ်၊ ကျောင်းသားတွေရယ် တက္က သိုလ်က အုပ်ချုပ်သူတွေရယ် ပူး ပေါင်းပြီးတော့ သူတို့ဆေးလိပ် သောက်ရမယ့်နေရာတစ်ခု သီး သန့်သတ်မှတ်ပြီး ကျန်တဲ့နေရာ တွေမှာ ဆေးလိပ်မသောက်ရဘူး ဆိုတာမျိုး စီမံမှာပါ။ တက္ကသိုလ် ဘယ်နှခုက ဆေးလိပ်ငွေ့ ကင်း စင်သွားပြီဆိုတာမျိုး နှစ်လယ် လောက်ဆို ကြေညာလို့ရပြီပေါ့။ ဒီလိုလုပ်မှလည်းပဲ ပြည်သူလည်း သိမယ်။ ကျောင်းသားတွေလည်း ပိုပြီးသတိပြုဖြစ်မယ်’’ဟု ဒေါက် တာသန်းစိန်က ပြောသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ် ကျောင်းသားနှစ်ဦးလျှင် တစ်ဦး သည် ဆေးလိပ်သောက်သုံးလျက် ရှိပြီး တက္ကသိုလ်ကျောင်းသားများ ၏ အသက် (၁၆)နှစ်မှ (၂၅)နှစ် အတွင်းမှာ ဆေးလိပ်သောက်သုံး မှု အမြင့်မားဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ စစ်တမ်းများ၌ ဖော် ပြသည်။


Sources; 7Day News Journal


No comments:

Post a Comment