Latest News

Monday, January 9, 2017

ရွှေသဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံစီမံကိန်းကြောင့် ပျက်စီးလယ်မြေများအရေး မဖြေရှင်းပါက ဥပဒေကြောင်းအရ တရားစွဲမည်ဟုဆို

ရွှေသဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံစီမံကိန်းကြောင့် ပျက်စီးလယ်မြေများအရေး မဖြေရှင်းပါက ဥပဒေကြောင်းအရ တရားစွဲမည်ဟုဆို


 ရွှေသဘာဝဓာတ် ငွေ့သန့်စင်စက်ရုံစီမံကိန်းကြောင့် ပျက်စီးခဲ့သော ကျောက်ဖြူမြို့နယ်ရှိ လယ်မြေများနှင့်ပတ်သက်၍ နှစ်ဖက်သဘောတူထားသည့်အတိုင်း ဖြေရှင်းမှု မရှိပါက ဇန်န၀ါရီ ၈ ရက်ကစ၍ လာမည့် ဆယ်ရက်အတွင်း တောင်သူများ ဘက်က ဥပဒေကြောင်းအရ တရားစွဲဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံ ကိန်းကို  ဆောင်ရွက်နေသည့် CNPC ကုမ္ပဏီထံမှ လျော်ကြေး ငွေများရလိုမှု၊ လယ်မြေများကို နဂိုမူလအတိုင်း ပြန်လည်စီမံပေး ရေးနှင့် ပတ်သက်၍ တောင်သူ ၂၁ ဦးက သတင်းစာရှင်းလင်းပွဲ ကို ဇန်န၀ါရီ ၈ ရက်တွင်စစ်တွေမြို့ ၌ ပြုလုပ်ပြီး ကြေညာချက်တစ် စောင်ထုတ်ပြန်ခဲ့သည်။

ပျက်စီး လယ်ယာမြေများကို မူလအတိုင်း ပြန်လုပ်ပေးရန် ၂၀၁၆ မေလအတွင်း ကုမ္ပဏီနှင့် တောင်သူ ၂၁ ဦးတို့အကြား သ ဘောတူညီထားသော်လည်း ယခု အချိန်ထိ ကုမ္ပဏီဘက်က တစ်စုံ တစ်ရာဆောင်ရွက်ပေးခြင်းမရှိ၍ ဥပဒေကြောင်းအရ ဆောင်ရွက် ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကိုထွန်းကြည်က ပြောသည်။

‘‘ပျက်စီး မြေယာတွေ ပြန် လုပ်ပေးဖို့ တောင်သူတွေ ဆန္ဒပြ တဲ့အခါ စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ ပြီး ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ အဲဒီလို  စစ်ဆေးပြီးတဲ့နောက် ပျက်စီးလယ်မြေတွေ ပြန်လုပ်ပေး မယ်လို့ တောင်သူတွေကို ပြော ကြားထားတာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့  စီမံ ကိန်း၏ ကိစ္စရပ်အ၀၀ကို မြန်မာ့ ဥပဒေအရ  ဖြေရှင်းရန်  ဆန္ဒရှိ ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။



Sources; 7Day News Journal

No comments:

Post a Comment