Latest News

Friday, January 13, 2017

လုပ်အားပေး ကျောင်းသားလူငယ်တွေကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရှင်းလင်းပြောကြား

လုပ်အားပေး ကျောင်းသားလူငယ်တွေကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရှင်းလင်းပြောကြား

အများပိုင်ယာဉ်လိုင်းတွေ ပြောင်းလဲချိန်မှာ လုပ်အားပေးကူညီကြမယ့် ရန်ကုန် အခြေစိုက် တက္ကသိုလ်ကျောင်းသားလူငယ်တွေနဲ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ ဒီနေ့ ဇန်န၀ါရီ ၁၃ရက် နေ့လည် ၁နာရီကစပြီး တွေ့ဆုံနေကြပါတယ်။

ဇန်န၀ါရီ ၁၆ရက်နေ့ကျရင် ရန်ကုန်မြို့မှာ အများပိုင်ယာဉ်လိုင်းတွေ စတင်ပြောင်းလဲချိန်မှာ ခရီးသွားပြည်သူတွေ အခက်အခဲ မဖြစ်စေဖို့ ကားမှတ်တိုင်တွေမှာ လမ်းညွှန်ကူညီပေးကြမယ့် စေတနာ့ဝန်ထမ်း တက္ကသိုလ်ကျောင်းသား လူငယ်တွေ ၃၀၀ လောက်ကို ရန်ကုန်အခြေစိုက် တက္ကသိုလ်တွေကနေ စုစည်းထားကြတာပါ။

အဲဒီ့ လုပ်အားပေး ကျောင်းသားလူငယ်တွေဟာ YBS Meeting တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ရန်​ကုန်​တိုင်း အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။ အဲဒီ့လုပ်အားပေး လူငယ်တွေဟာ ဇန်န၀ါရီ ၁၆ရက် ယာဉ်လိုင်းသစ်တွေ စတင်ပြောင်းလဲချိန်ကစလို့ ၅ ရက်တာ ကူညီသွားကြမှာ ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ပိုင်စိုး/DVB

No comments:

Post a Comment