Latest News

Friday, January 13, 2017

တန်ဖိုးနည်းအိမ်ရာတွေကို ပြန်ရောင်းရင် အခန်းပြန်သိမ်းပြီး ဒဏ်ရိုက်မယ်

တန်ဖိုးနည်းအိမ်ရာတွေကို ပြန်ရောင်းရင် အခန်းပြန်သိမ်းပြီး ဒဏ်ရိုက်မယ်

ငါးနှစ်အတွင်း ပြန်လည်ရောင်းချ ငှားရမ်းတာတွေ လုပ်လို့မရပါဘူး။

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနတန်ဖိုးနည်းအိမ်ရာကို တွေ့ရစဉ်။

မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနကနေ ရောင်းချပေးနေတဲ့ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတွေကို ၀ယ်ယူထားသူတွေအနေနဲ့ ငါးနှစ်အတွင်းအဆိုပါ တိုက်ခန်းတွေကို ပြန်လည်လွဲပြောင်းရောင်းချခွင့် ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေ ပြန်ရောင်းစားရင် အခန်းသိမ်းပြီး ဒဏ်ရိုက်မယ်

ဒီတိုက်ခန်းတွေကို ပြန်လည်ရောင်းချဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပဲ ပြန်လည်ရောင်းချရမယ်လို့ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးးချုပ် ဦးမောင်မောင်လွင်က ဒီနေ့ ပြုလုပ်ခဲ့တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက ယုဇနနဲ့ကနောင် အိမ်ရာစီမံကိန်းဝယ်ယူခွင့်ရရှိသူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။
အခန်းဝယ်ယူခွင့်ရရှိထားတဲ့သူတွေအနေနဲ့ ၀ယ်ယူခွင့်ရရှိထားတဲ့ တိုက်ခန်းတွေကို ပြန်လည်ငှားရမ်းရောင်းချတာတွေကို စစ်ဆေးတွေ့ရှိရင် အခန်းကို ပြန်လည်သိမ်းဆည်းသွားမှာဖြစ်ပြီး အခန်းတန်ဖိုးရဲ့ ငါးရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမယ်လို့ သိရပါတယ်။
Source : 7DayTV:Duwun

No comments:

Post a Comment