Latest News

Saturday, January 21, 2017

ဗိုလ်ချုပ်အောင်ဆန်းဈေးကို ရန်ကုန်မြို့၏ ၁၇ ခုမြောက် မြို့ပြအမွေအနှစ်အဖြစ် YHT သတ်မှတ်

ဗိုလ်ချုပ်အောင်ဆန်းဈေးကို ရန်ကုန်မြို့၏ ၁၇ ခုမြောက် မြို့ပြအမွေအနှစ်အဖြစ် YHT သတ်မှတ်


(ဓာတ်ပုံ−စိုင်းဇော်)

အနှစ် (၉၀) ကျော်သက် တမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းဈေး ကို ထိန်းသိမ်းစောင့်ရှောက်ရန်သင့်သည့် ရန်ကုန်မြို့၏ ၁၇ ခုမြောက် မြို့ပြအမွေအနှစ်အဖြစ်ရန်ကုန်မြို့ပြအမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)က သတ်မှတ်ကြောင်း သတင်းထုတ်ပြန်သည်။

ထိန်းသိမ်းစောင့်ရှောက်ရန် သင့်သည့် ရန်ကုန်မြို့ပြအမွေအ နှစ်အထိမ်းအမှတ်အဖြစ် အပြာ ရောင်ကမ္ပည်းပြားကို ဇန်န၀ါရီ ၂၀ ရက်က တပ်ဆင်ခဲ့သည်။ ရန် ကုန်မြို့ပြ သမိုင်းကြောင်းတွင် အ ရေးပါခဲ့သော အဆောက်အအုံ များနှင့် လူပုဂ္ဂိုလ်များကို အထိမ်း အမှတ်ပြုရန် ရည်ရွယ်၍ အပြာ ရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းဖြစ်သည်။


ရန်ကုန်မြို့အနှံ့ရှိ သမိုင်းဝင် နေရာများကို လေ့လာခြင်း၊ ကမ္ပည်းပြားများ ထုတ်လုပ်ခြင်း နှင့် တပ်ဆင်ခြင်းတို့အတွက် Royal Philips Corporation က အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ထောက်ပံ့ခဲ့သည်။

 ဗိုလ်ချုပ်အောင်ဆန်းဈေး သည် ရန်ကုန်မြို့ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ငါးခုမြောက် တည်ဆောက်ခဲ့သော ဈေးဖြစ် သည်။ ရန်ကုန်မြို့တွင် ဗြိတိသျှ တို့ ပထမဆုံးတည်ဆောက်ခဲ့ သော ဈေးမှာ ဗိုလ်တထောင်ရှိ အများပိုင်မြူနီစီပယ်ဈေးကြီးဖြစ် သည်။

ထို့နောက် ၁၈၅၃ တွင် စူရ တီဘဇား(သိမ်ကြီးဈေး)၊ ဘိုက လေးဈေးတို့ကို တည်ဆောက်ခဲ့ ပြီး ၁၈၇၆ တွင် ရွှေတိဂုံဘုရား လမ်း(ချိုင်းနားလမ်း)ကြားရှိ ကမ်း နားလမ်းဘက်ခြမ်းတွင် အခြားမြူ နီစီပယ်ဈေးကြီးတစ်ခုကို ဖွင့်လှစ် ခဲ့သည်။ ၁၉၀၄ တွင် ဆူးလေဆိပ် ကမ်းကို ထပ်မံတိုးချဲ့ရာမှ ယင်း မြူနီစီပယ်ဈေးကြီး၏ တည်နေ ရာတည်ရှိမှုနှင့် ပတ်သက်၍ အ ငြင်းပွားဖွယ်ဖြစ်ခဲ့သည်။

အငြင်းပွားမှုများကို အကြိမ် ကြိမ်ဖြေရှင်းပြီးနောက် ၁၉၂၀ တွင်ဗိုလ်ချုပ်အောင်ဆန်းလမ်း(ကော်မရှင်နာလမ်း)သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။  ယင်းဈေးကြီးသည် ၁၉၂၆ တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

 ‘‘ဒီဈေးကြီးဟာ အထူး အောင်မြင်တဲ့ အမွေအနှစ်နေရာ တစ်ခုဖြစ်ပါတယ်။ ဈေးကြီးရဲ့ အနှစ်သာရနဲ့ သဟဇာတဖြစ် အောင် ထိန်းသိမ်းထားနိုင်ပါ တယ်။ ဗိုလ်ချုပ်ဈေးကြီးဟာ လာ ရောက်လည်ပတ်သူတွေအတွက် ရွှေတိဂုံဘုရားပြီးရင် ဒုတိယ မြောက် အရေးကြီးဆုံးဆွဲဆောင် မှုတစ်ခုဖြစ်တဲ့ တစ်ချိန်တည်းမှာ ပဲ မြို့နေပြည်သူတွေအတွက် အ ရေးကြီးတဲ့ နေရာတစ်ခုဖြစ်ပါ တယ်။ ဒါ့အပြင် မြို့လယ်ပြန် လည်သက်ဝင်လှုပ်ရှားလာစေ ရေးအတွက် မှီခိုအားထားရာ နေ ရာတစ်ခု  ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တန်ဖိုးမ ဖြတ်နိုင်တဲ့ ဒီအမွေအနှစ်နေရာ ကို မသင့်လျော်တဲ့ ပြန်လည်ပြင် ဆင်မှုတွေ၊ အနီးအနားဝန်းကျင် မှာလည်း မဆီလျော်တဲ့ ဖွံ့ဖြိုးတိုး တက်မှုတွေ(ဥပမာ လမ်းချဲ့တာ မျိုး)၊ ဒါ့အပြင် မီးနဲ့ တခြားဘေး အန္တရာယ်တွေကနေ သတိရှိရှိ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ် ပါတယ်’’ဟု YTH တည်ထောင်သူ ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။

အဆိုပါဈေးသစ်ကြီးကို နာ မည်ကျော်ကန်ထရိုက်တာ AC Martin ကုမ္ပဏီက တည်ဆောက် ခဲ့သည်။ မြူနီစီပယ်မင်းကြီး Gavin Scott တာဝန်ထမ်းဆောင် စဉ်က ဖွင့်လှစ်ခဲ့သဖြင့် စကော့ ဈေးဟုလည်း အမည်ခေါ်တွင်ခဲ့ သည်။

ထို့နောက် ဂျပန်ခေတ်တွင် ဈေးကြီးကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်အား ဂုဏ်ပြု၍ ရန်နိုင် ဈေးဟု အမည်ပေးခဲ့သည်။ လွတ် လပ်ရေးရအပြီးတွင် အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အမှတ်ရဂုဏ်ပြု သောအားဖြင့် ဗိုလ်ချုပ်အောင် ဆန်းဈေးဟု အမည်ပြောင်းလဲခဲ့ သည်။


Sources: အိဖြူမွန် ( 7Day News Journal )

No comments:

Post a Comment