Latest News

Friday, January 13, 2017

စပွန်ဆာဝင်ငွေအများဆုံး အားကစားသမားစာရင်းမှာ ရော်နယ်ဒိုက နံပတ်- ၈ သာရရှိ

စပွန်ဆာဝင်ငွေအများဆုံး အားကစားသမားစာရင်းမှာ ရော်နယ်ဒိုက နံပတ်- ၈ သာရရှိ

ရော်နယ်ဒိုရဲ့ ပြင်ပဝင်ငွေက တင်းနစ်ကစားသမားတွေ၊ ဘတ်စ်ကတ်ဘောသမားတွေတွေကို မမီခဲ့ပါဘူး။

တင်းနစ်အကျော်အမော် ဖက်ဒဲရား

၂၀၁၆ ခုနှစ်အတွင်း ဈေးကွက်အဝင်ဆုံး အားကစားသမားစာရင်းကို လေ့လာသူတွေ ထုတ်ပြန်ကြေညာခဲ့ရာမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင် ရော်နယ်ဒိုက နံပတ်-၈နေရာမှာသာ ရှိနေခဲ့ကြောင်း သိရပါတယ်။

ဒီစာရင်းဟာ ကမ္ဘာ့ထိပ်သီးအားကစားသမားတွေရဲ့ စုစုပေါင်းဝင်ငွေကို တွက်ချက်တာမဟုတ်ပဲ စပွန်ဆာစာချုပ်ချုပ်ဆိုမှုတွေကတဆင့် ရရှိတဲ့ ဝင်ငွေတွေကို လေ့လာဖော်ပြေထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း စပွန်ဆာလုပ်ငန်းတွေအတွက်  လက်မှတ်ထိုးမှုကတဆင့် ဝင်ငွေအများဆုံး ရရှိခဲ့တာက ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒဲရားဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်အဝင်ဆုံး အားကစားသမားစာရင်း ကို London School of Marketing ကပြုစုခဲ့တာဖြစ်ပါတယ်။

Forbes ကပြုစုခဲ့တဲ့ စာရင်းအရ စုစုပေါင်း ဝင်ငွေအများဆုံး ကစားသမားစာရင်းမှာ ရော်နယ်ဒိုအများဆုံးဖြစ်ပေမယ့် စပွန်ဆာလုပ်ငန်းတွေက ရတဲ့ ဝင်ငွေမှာတော့ ဖက်ဒဲရားက အလွန်များပြားနေတာဖြစ်ပါတယ်။ တင်းနစ်ပွဲ ၂၈ ပွဲကစားခဲ့ပြီး ပြိုင်ပွဲဆုကြေး ပေါင် ၁.၂၅ သန်းကိုသာ ဖက်ဒဲရား ရခဲ့ပေမယ့် စပွန်ဆာဝင်ငွေမှာတော့ ပေါင်သန်း ၅၀ အထိရှိခဲ့တာပါ။ ဒုတိယစပွန်ဆာဝင်ငွေအများဆုံး ရတဲ့အားကစားသမားကတော့ အမေရိကန်ဘတ်စ်ကတ်ဘော သမား လီဘရွမ်ဂျိမ်းစ်ဖြစ်ပြီး ဝင်ငွေ ပေါင် ၄၄.၃ သန်းရှိခဲ့ပါတယ်။

ကလဲဗားလန်း အသင်း၏ ဘတ်စ်ကတ်ဘောသမား လီဘရွမ်ဂျိမ်းစ်

စပွန်ဆာ ဝင်ငွေအများဆုံးရတဲ့စာရင်းမှာ ဖက်ဒဲရား၊ လီဘရွမ်ဂျိမ်းစ်နဲ့ ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်၊ ဘတ်စ်ကတ်ဘောသမား ကီဗင်ဒူးရန့်၊ တို့ပါဝင်ခဲ့ကြပါတယ်။ ရော်နယ်ဒိုက ဘောလုံးအသင်းက ရတဲ့ဝင်ငွေနဲ့ဆုကြေးတွေများပြားပေမယ့် စပွန်ဆာဝင်ငွေမှာတော့ တင်းနစ်၊ ဘတ်စ်ကတ်ဘောသမားတွေကို လိုက်မမီခဲ့ပါဘူး။ ဘာစီလိုနာကစားသမား မက်ဆီလည်း ဒီစာရင်းမှာ နံပတ် ၁၁ နေရာမှာသာ ရှိခဲ့ပါတယ်။

Source : Mirror : Duwun

No comments:

Post a Comment