Latest News

Tuesday, January 17, 2017

ဘေစင်ထဲကို ထည့်မဆေးသင့်တဲ့အရာ (၄) ခု

ဘေစင်ထဲကို ထည့်မဆေးသင့်တဲ့အရာ (၄) ခု


ရေဆိုးမြောင်းတွေကို တစ်ဆို့စေတဲ့အရာတွေထဲမှာ ဂွမ်းစ၊ အဆီအနှစ်ခဲများ၊ ဝါးပြီးသားပီကေ၊ ပလုတ်ကျင်းတဲ့အရည်နဲ့ ပလာစတာတွေလည်း ပါဝင်ပါတယ်။

၁။ ထမင်း၊ ခေါက်ဆွဲဖတ်၊ ကစီပါတဲ့အစားအစာများ
ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အချိန်ကြာလာတဲ့အခါ အလွန်စေးပိုင်တဲ့အစိုင်အခဲတွေဖြစ်လာပြီး  ရေမြောင်းတွေထဲမှာ ပိတ်ဆို့နေတတ်ပါတယ်။ ပန်းကန်ဆေးတဲ့အခါမှာ ဘေစင်ထဲမှာ ဇကာလေးတစ်ခု ခံထားပြီးဆေးတာ အကောင်းဆုံးပါ။


၂။ ဟင်းအဆီအနှစ်များ
ဟင်းအဆီတွေကို ရောပြီးဆေးတဲ့အခါမှာ ရေပိုက်လိုင်းတစ်နေရာမှာ အ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ လန်ဒန်မြို့အောက်ရှိ ရေဆိုးမြောင်းကိုသန့်ရှင်းရာက ဟင်းချက်အဆီတွေရောစုပြီး ၁၀ တန် လေးလံတဲ့အဆီခဲကြီးကို တွေ့ရှိခဲ့ဖူးပါတယ်။ ထို့ကြောင့် ပန်းကန်ဆေးတဲ့အခါ ဟင်းဆီတွေကို တစ်ရှူးစနဲ့ သုတ်ပစ်ပြီးမှ ဆေးတာက အကောင်းဆုံးပါ။


၃။ ကော်ဖီမှုန့်အနည်
ကော်ဖီကို အမှုန့်ကြိတ်ပြီးသောက်တဲ့အခါ နှပ်ထားပြီး ကျန်ခဲ့တဲ့ကော်ဖီမှုန့်အနည်တွေကို ဒီအတိုင်းရေနဲ့ ဘေစင်ထဲဆေးချလိုက်မယ်ဆိုရင် ရေပိုက်ထဲမှာ ရှိနေတဲ့ အဆီတွေနဲ့ရောပြီး ပိတ်ဆို့စေနိုင်ပါတယ်။ အနည်တွေကိုလည်း အမှိုက်ပုံးထဲ ပစ်ပြီးမှဆေးပါ။

၎။ အစေ့အဆံနှင့် နွှာထားတဲ့အခွံများ
ခရမ်းချဉ်သီးစေ့၊ သစ်သီးစေ့၊ အာလူးအခွံ စသဖြင့် ဟင်းသီးဟင်းရွက်များလှီးဖြတ်ရာက ကျန်ရှိတဲ့အမှိုက်အစအနတွေကို လွှင့်ပစ်ပါ။



Sources: Duwun

No comments:

Post a Comment