Latest News

Tuesday, January 17, 2017

ဒေါသကို လျော့ပါးစေတဲ့ ကိုယ်အမူအရာ (၃) မျိုး

ဒေါသကို လျော့ပါးစေတဲ့ ကိုယ်အမူအရာ (၃) မျိုး


၁ - မော့ကြည့်

စိတ်ပိုင်းဆိုင်ရာဟာ ရုပ်ပိုင်းဆိုင်ရာပေါ်သက်ရောက်မှုရှိသလို ရုပ်ပိုင်းဆိုင်ရာကလည်း ပြန်လည်သက်ရောက်မှုတွေ ရှိပါတယ်။ နောက်တစ်ကြိမ် ဒေါသထွက်သလိုဖြစ်လာပြီဆိုရင် ကောင်းကင်ဖြစ်ဖြစ်၊ မျက်နှာကျက်ကို ဖြစ်ဖြစ် အပေါ်ကို မော့ကြည့်လိုက်ပါ။ ဆူပူကြိမ်းမောင်းခံရတဲ့အခါ၊ တစ်စုံတစ်ခုကို ရင်မဆိုင်ချင်တဲ့အခါ၊ စိတ်ဆိုးတဲ့အခါမျိုးတွေမှာ ခေါင်းငုံကြည့်တတ်သလိုမျိုးပဲ ဖြစ်ပါတယ်။ အပေါ်ကိုမော့ကြည့်တဲ့အခါ မကောင်းဘက်ဆောင်တဲ့ ခံစားချက်တွေ ဖြစ်ထွန်းဖို့ကို နှောင့်နှေးသွားစေပါတယ်။

၂ - ပြုံး


စိတ်မကြည်မလင်တဲ့အခါ၊ ဒေါသထွက်လာတဲ့အခါ ဟန်ဆောင်ပြုံးလဲ ပြုံးကြည့်ပါ။ သုတေသနတွေအရ တစ်မိနစ်ခန့်လောက် ဒီလိုမျိုး ပြုံးကြည့်တာဟာ တင်းကြပ်နေတဲ့စိတ်တွေကို ပြေလျော့စေတယ်လို့ ဆိုပါတယ်။ ဘောပင်ကို ပါးစပ်နဲ့ကိုက်ထားပေးပြီး အပြုံးပုံစံပေါ်အောင် လုပ်ထားပေးလို့ရပါတယ်။ တစ်မိနစ် နှစ်မိနစ်ခန့်ကြာအောင်တော့ လုပ်ထားရမှာ ဖြစ်ပါတယ်။

၃ - ဖြည်းဖြည်းရှူ


ဒေါသတွေထွက်တဲ့အခါ ခံစားချက်တွေက ရန်လိုပြင်းထန်လာကြောင့် အသက်ရှူတာပါ ပြင်းလာပါတယ်။  ဒီလိုဖြစ်တဲ့အခါ အသက်ရှုသံကို စောင့်ကြည့်ပြီး ပြင်ဆင်လို့ရပါတယ်။ ဖြည်းဖြည်းချင်း အသက်ရှုပေးတာဟာ သင့်ရဲ့စိတ်အခြေအနေကို ပြောင်းလဲစေပါတယ်။



Sources: Duwun

No comments:

Post a Comment