Latest News

Saturday, January 7, 2017

မန်ယူသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသည့် စံချိန်ကိုလိုက်မီသွားသည့် ရွန်နေး

မန်ယူသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသည့် စံချိန်ကိုလိုက်မီသွားသည့် ရွန်နေး

ဂန္တဝင်ကစားသမား ဘော်လ်ဘီချာတန်ရဲ့ စံချိန်ကို လိုက်မီသွားတာပါ။
     

အက်ဖ်အေဖလားပွဲစဉ်မှာ မန်ယူအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ကစားသမား ရွန်နေးဟာ အသင်းဂန္တဝင်ကစားသမား ဆာဘော်ဘီလ်ချာတန်ရဲ့ ဂိုးအများဆုံးသွင်းထားတဲ့စံချိန်ကို လိုက်မီသွားပြီဖြစ်ပါတယ်။ ဒီဂိုးကြောင့် ရွန်နေးဟာ မန်ယူအသင်းအတွက် စုစုပေါင်း သွင်းဂိုး ၂၄၉ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ရွန်နေးဟာ မန်ယူအသင်းအတွက် စုစုပေါင်း ၅၄၃ ပွဲ ကစားထားခဲ့ပြီးသူဖြစ်ကာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားစံချိန်ကို ရရှိထားသူဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ရက်ဒင်းအသင်းနဲ့ ပွဲစဉ်မှာ မာရှယ်ရဲ့ ထိုးဖောက်မှုနဲ့ ရလာတဲ့ဘောလုံးကို မာတာက ဖြတ်တင်လိုက်ရာမှာ ရွန်နေးက အလိုက်သင့် ပထမဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွန်နေးဟာ ၂၀၀၄ ခုနှစ်မှာ မန်ယူအသင်းကို စတင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အသင်း ဂန္တဝင်ကစားသမား ဘော်လ်ဘီချာတန်ကတော့ မန်ယူကစားသမားအဖြစ် ၁၉၅၆ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အတွင်း ကစားခဲ့သူဖြစ်ပါတယ်။

၂၀၀၉-၁၀ နဲ့ ၂၀၁၁-၁၂ ဘောလုံးရာသီနှစ်ခုလုံးမှာ မန်ယူအသင်းအတွက် ရွန်နေးက တစ်ရာသီ ၃၄ ဂိုးစီသွင်းယူပေးနိုင်ခဲ့ပြီး နောက်ပိုင်းမှာ တိုက်စစ်မှူးစစ်မဟုတ်ပဲ ကွင်းလယ်တိုက်စစ်အဖြစ်ကစားရသူ ဖြစ်လာခဲ့ပါတယ်။

ှSource : Mirror : Duwun

No comments:

Post a Comment