Latest News

Saturday, January 7, 2017

တစ်ပတ်အတွင်း လူကြိုက်အများဆုံး အနုပညာသတင်းများ

တစ်ပတ်အတွင်း လူကြိုက်အများဆုံး အနုပညာသတင်းများ

ပရိသတ်များ စိတ်ဝင်စားမှုအများဆုံး အနုပညာသတင်းတွေ ဖြစ်ပါတယ်။
နာမည်ကိုယ်စီ တက်တူးထိုးထားကြတဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်း

အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ကတော့ ပရိသတ်တွေရဲ့ သံသယတွေကို ပိုမိုခိုင်မာအောင် လုပ်လိုက်ပါပြီ။အဲဒါဘာလဲဆိုတော့ တစ်ယောက်ရဲ့ ရင်ဘတ်တွေမှာ တစ်ယောက်နာမည်ကို တက်တူးထိုးထားကြတာပဲဖြစ်ပါတယ်။ အောင်လဟာလည်း သူ့ရဲ့ ဘယ်ဘက်ရင်ဘတ် ပေါ်မှာ အသည်းပုံသင်္ကေတနဲ့ အတူ ဝိုင်းစုခိုင်သိန်းရဲ့ နာမည်အစစာလုံးတွေကို ထိုးထားသလို ဝိုင်းစုခိုင်သိန်းကလည်း အောင်လရဲ့ နာမည်အပြည့်အစုံကို သူမရဲ့ ရင်ဘတ်မှာ  ထိုးထားတာကို တွေ့ရပါတယ်။

ရုပ်ရှင်ဇာတ်ကား တစ်ခုအတွက် တက်တူးတွေ ဖုံးလိုက်ရတဲ့ မြင့်မြတ်နဲ့ခင်လှိုင်

ဒါရိုက်တာ ကိုပေါက် ရိုက်ကူးနေတဲ့ "ဘော်ဘော်ကထှော်" ရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်တွေအတွက် ထူးခြားမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆာင်မြင့်မြတ်နဲ့ ခင်လှိုင်တို့ဟာ ကာရိုက်တာအရ သူတို့ရဲ့ တက်တူးတွေကိုဖုံးပြီး သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အေးဝတ်ရည်သောင်းရဲ့ ကမ်းခြေရောက် အလှဓာတ်ပုံများ

အေးဝတ်ရည်သောင်းကတော့ ငွေဆောင်ကမ်းခြေကို ရောက်နေတယ်လို့ သိရပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာလည်း ကမ်းခြေရောက် ပုံအလန်းစားလေးတွေကို ရိုက်ပြီး တင်ထားတာလည်း တွေ့ရပါတယ်။ ကမ်းခြေမှာ ရိုက်ပြီး တင်ထားတဲ့ ဓာတ်ပုံတွေကတော့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တယ်ထင်ပါရဲ့ Like က 5.5K တောင် ရရှိထားပါတယ်။

မင်းဦး

သရုပ်ဆောင် မင်းဦးနဲ့ ခိုင်ဝေလွင်တို့ကတော့ ချစ်သူသက်တမ်း(၁၀)နှစ်ကျော်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ဦးသားစလုံး နားလည်မှုနဲ့ အချစ်ရေးကို ခိုင်မြဲစွာ တည်ဆောက်လာရင်း အောက်တိုဘာ (၂၇)ရက်နေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးပြီး မင်္ဂလာဦးဆွမ်းကျွေးအလှူပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာ(၂၇)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလကမှ ငပလီသို့ ဟန်နီးမွန်းခရီးသွားရောက် ထားတာလည်း ဖြစ်ပါတယ်။

Sources; Duwun

No comments:

Post a Comment