Latest News

Sunday, January 15, 2017

ခရီးသွားပြည်သူများကို ကူညီပေးနေကြတဲ့ အနုပညာရှင်များ

ခရီးသွားပြည်သူများကို ကူညီပေးနေကြတဲ့ အနုပညာရှင်များ

နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့အတူ ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားလိုင်းတွေ ပြောင်းလဲမှုတွင် အနုပညာရှင်တစ်ချို့ကတော့ ခရီးသွားပြည်သူများအတွက် ဝိုင်းဝန်းကူညီပေးနေတာကို တွေ့ရပါတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ခရီးသွားပြည်သူများအတွက် ကျန်းမာရေးကိစ္စများအားလိုက်လံဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့အတူ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို နှင့်အတူ Miss ဂုဏ်ရည်အေးကျော် ၊ Miss အိန်ဂျယ်လမှုန်၊ Miss L ဘောက်နူး၊ ဟန်သီစိုးတို့က ရန်ကုန်မြို့ရှိ ဘတ်စ်ကား ပြောင်းလဲမှုတွင် အခက်အခဲဖြစ်နေတဲ့ ခရီးသွားပြည်သူများကို ဝိုင်းဝန်းကူညီပေးနေကြတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များက ဆူးလေခန်းမရှေ့တွင် ခရီးသွားပြည်သူများအား ဝိုင်းဝန်းကူညီပေးနေတာဖြစ်ပါတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်)အနေနဲ့ အဝေးပြေးလိုင်းလုပ်ငန်းရှင်များအသင်းနဲ့  နာရေးကူညီမှုအသင်း(ရန်ကုန်)တို့ အတူ ပူးပေါင်းကာ မြောက်ဥက္ကလာပ (အဝိုင်း)မှတ်တိုင်မှ ဆူးလေမှတ်တိုင်အထိ အခမဲ့ လိုက်လံပို့ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

Soueces: Duwun: Photo : ကျော်သူ ဖေ့စ်ဘွတ်

No comments:

Post a Comment