Latest News

Sunday, January 15, 2017

ပြည်သူ့အတွက်

ပြည်သူ့အတွက်

လောကနတ်

ဒီမိုကရေစီထွန်းသစ်စနိုင်ငံများအနေဖြင့် မှုခင်းဖြစ်ပွားမှုနှုန်းမြင့်မားခြင်းသည် ကြီးမားသောစိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ အကြမ်းဖက်မှု အပါအဝင် မှုခင်းများဖြစ်ပွားမှုကြောင့် ကြေကွဲဖွယ်ရာ အသက်ဆုံးရှုံးမှုများ၊ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ဒဏ်ရာဒဏ်ချက်များဖြစ်စေသည် သာမက နိုင်ငံ သားတို့၏ ရပိုင်ခွင့်နှင့် ဂုဏ်သိက္ခာတို့ကိုလည်း ထိခိုက်စေပြီး တည်ငြိမ်သော ဒီမိုကရေစီစနစ်ကူးပြောင်းရာတွင် ကြီးမား သော အခက်အခဲများ ဖြစ်ပေါ်စေ သည့်အပြင် ပြည်သူများ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေ၏ အကာအကွယ်ကို တန်းတူညီမျှစွာ ရယူနိုင်ခြင်းမှ ဆုံးရှုံးစေပြီး လွတ်လပ်စွာ ရှင်သန်မှုနှင့် အခွင့်အရေးများကိုလည်း လက်လွှတ်ရမည် ဖြစ်ပါသည်။

ဒီမိုကရေစီစနစ်၏ အနှစ်သာရ

ဒီမိုကရေစီနိုင်ငံများအတွက် နိုင်ငံရေးရာ များကို ထိန်းကျောင်းရာ တွင် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံသားများ ဘေးကင်း လုံခြုံမှုရှိစေရေးအတွက် အများ သဘောဆန္ဒနှင့်အညီ ဆောင်ရွက်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံသားများ၏လွတ်လပ်ခွင့်ကို ကာကွယ်စောင့် ရှောက်မှုနှင့်သာတူညီမျှမှုဟူသည့် ဒီမိုကရေစီစနစ်၏ အနှစ် သာရတွင်ပါဝင်သည့် ဒီမိုကရေစီရဲလုပ်ငန်းသည် မရှိမဖြစ် လိုအပ်ပါသည်။
ဒီမိုကရေစီခေတ်တွင် သိသာစွာမြင့်မားလာသော မှုခင်း ဖြစ်ပွားမှုအတိုင်း အတာများ၊ လူ့အဖွဲ့ အစည်းများ၏ ပြောင်းလဲ မှုပုံစံများနှင့် နည်းပညာ တိုးတက်မှုများကြောင့် ပြောင်းလဲ ဆန်းသစ်လာသည့် မှုခင်းပုံစံများကြောင့် ယနေ့ခေတ် ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည် ယခင်ခေတ်များနှင့်မတူဘဲ ပိုမို ကျယ်ပြန့်လာပါသည်။

ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော ရဲတပ်ဖွဲ့တွင် ပြည်စုံစွာ ဖြည့်ဆည်းရမည့် အဂ¯ရပ်များမှာ မိမိကိုယ်တိုင် ဥပဒေ လိုက်နာမှုကို တာဝန်ယူခြင်း၊ ဒီမိုကရေစီအစိုးရ၏ ဖွဲ့စည်းပုံ များကို တာဝန်ခံခြင်း၊ လုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာ မှုရှိခြင်း၊ ပြည်သူတစ်ဦးချင်း၊ ပုဂ္ဂလိကအစုအဖွဲ့အုပ်စု များ၏ ဘေးကင်း လုံခြုံမှုနှင့် အခွင့်အရေးများကို ကာကွယ်စောင့် ရှောက်ခြင်း ကို ဦးစားပေးဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေး များကို ကာကွယ်ခြင်း၊ အရည်အသွေးမြင့် ဝန်ဆောင်မှုများ ပေးနေစဉ်တွင် လုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်များ၏ မြင့်မား သော စံသတ်မှတ်ချက်များကို လိုက်နာခြင်းနှင့် မိမိဝန်ဆောင် မှု ပေးသောပြည်သူကို ကိုယ်စားပြုခြင်းတို့ ဖြစ်ပါသည်။

တရားမျှတမှု ရှိရမည်

ရဲတပ်ဖွဲ့သည် အစိုးရ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော ကြောင့် အစိုးရ၏ မူဝါဒအကောင်အထည်ဖော်မှု၊ ဥပဒေ နည်းဥပဒေများကိုက်ညီမှုနှင့် အစိုးရ၏ ရင်းမြစ်သယံဇာတ သုံးစွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အစိုးရထံ တင်ပြနိုင် ရေး တာဝန်ခံရပါမည်။ သို့သော် ရဲတပ်ဖွဲ့ သည် နိုင်ငံရေးအရ ဘက်လိုက်ခြင်းမပြုရန်နှင့် ဥပဒေအရ အရေးယူရာတွင်လည်း တရားမျှတမှု ရှိရန် လိုအပ်ပါသည်။

ပွင့်လင်းမြင်သာမှု

ရဲတပ်ဖွဲ့၏ တာဝန်ယူမှုကို ဖော်ဆောင်ပေးသည်မှာ ပွင့်လင်းမြင်သာ ရှိမှုဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် ရဲတပ်ဖွဲ့ ၏ လှုပ်ရှားဆောင်ရွက်မှု အများစုသည် စေ့စေ့စပ်စပ်စစ်ဆေး မှုအတွက် လမ်းဖွင့်ပေးထားသကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့်Media နည်းလမ်း များဖြင့် ပြင်ပ အဖွဲ့အစည်း များသို့ အသိပေးအကြောင်း ကြားခြင်းကို ဖော်ဆောင်ပေးရ ပါမည်။ အဆိုပါ ပွင့်လင်းမြင်သာမှုသည် ရဲတပ်ဖွဲ့ဝင် တစ်ဦး ချင်း၏ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်သော သတင်း အချက်အလက်များနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်း လျော့နည်းကျဆင်းရေးအတွက် လုပ်ငန်း အခြေအနေ ဆောင် ရွက်မှုများကို ပေါ်လွင်စေရန်အတွက် အကျိုး သက်ရောက်မှု ဖြစ်ထွန်းစေပါသည်။

ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် မိမိ၏ ဆုံးဖြတ်ချက်များ၊ လုပ်ဆောင်ချက်များ၊ အပြုအမူများအတွက် တာဝန်ရှိရုံ သာမက ပြည်သူများအပေါ်တွင်လည်း တာဝန်ရှိပါသည်။ လူ့အဖွဲ့အစည်းအတွင်းရှိ ပြည်သူတစ်ဦးချင်းအတွက် (သို့မဟုတ်) ပုဂ္ဂလိကအစုအဖွဲ့များအတွက် အထူးသဖြင့် အင်အားနည်း သူများ၏ လိုအပ်ချက်များအတွက် လိုလို လားလားဖြင့် ဘေး ကင်းလုံခြုံမှုနှင့် အခွင့်အရေးကာကွယ် စောင့်ရှောက်ခြင်းများကို ဦးစားပေးတုံ့ပြန် ဆောင် ရွက်ပေး သင့်ပါသည်။

ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်

ဒီမိုကရေစီ ရဲလုပ်ငန်းဆိုသည်မှာ လူ့အခွင့်အရေးများ ကို အထောက် အကူပေးခြင်းနှင့် အလေးထားသောအသွင် ဖြင့် ရဲလုပ်ငန်းဆောင် ရွက်ခြင်းဖြစ်ပါသည်။ ပြည်သူတစ်ဦး ချင်း၏ဘဝနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရန်မှာ ဒီမိုကရေစီရဲလုပ်ငန်း၏ ဦးစားပေးလုပ် ငန်းဖြစ်ပါသည်။ ရဲတပ်ဖွဲ့ အနေဖြင့် လွတ်လပ်စွာပြောဆိုခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ စုဝေးခွင့်နှင့် လှုပ်ရှားခွင်၊့ ဖမ်းဆီးချုပ်နှောင်ခြင်းအပါအဝင် ဥပဒေအရစီမံအုပ်ချုပ်ရာတွင် ဘက်မလိုက်မှုများကို လွတ်လပ် စွာ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပါသည်။ ထို့အတူ ဥပဒေ အရ စီမံ အုပ်ချုပ်ရာတွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းကို ရဲလုပ်ငန်း၏ ဦးစားပေးလုပ်ငန်း အဖြစ် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် ကိုယ်ပိုင် ဆုံးဖြတ် ပိုင်ခွင့်တို့ဖြင့် ကျင့်သုံးဆောင်ရွက်ခွင့်ရရှိရန် လိုအပ်ပါသည်။

ယုံကြည်ကိုးစားမှု

ရဲတပ်ဖွဲ့သည် ပြည်သူလူထုလိုအပ်ချက်များကို ကောင်းစွာဖြည့်ဆည်းပေးနိုင်သော၊ ရဲတပ်ဖွဲ့၏ ကာကွယ် စောင့်ရှောက်မှုကို အများဆုံးလိုအပ်နေသည့် အင်အားနည်း သူများနှင့် လူ့အဖွဲ့အစည်းမှ အသိအမှတ်မပြု ဘေးဖယ်ခံထား ရသူများ၏ ယုံကြည်ကိုးစားမှုကို ထိုက်တန်စွာရယူနိုင်သော ကိုယ်စားပြု အဖွဲ့အစည်းဖြစ်ပါသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင် အသစ်များ စုဆောင်းရာ တွင် လူတန်းစားအမျိုးအစားပေါင်းစုံ ရောနှောနေသော ကွဲပြားခြားနားသည့် လူထုကို ကိုယ်စား ပြုသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး ကျယ်ပြန့်စွာ ရည်မှန်း ထားရှိ စုစည်းဆောင်ရွက်ရန်လိုပါသည်။

လက်တွေ့ကျကျ

တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်ရာတွင် ရဲတပ်ဖွဲ့ သည် ပြည်တွင်း ဥပဒေများအပြင် အပြည်ပြည်ဆိုင်ရာစံနှုန်း များနှင့်အညီ ဥပဒေအရ အရေးယူမှုတာဝန်များကို ဆောင်ရွက် ရမည်၊ တရားဥပဒေစိုးမိုးရေးကို လက်တွေ့ကျကျတာဝန်ယူ ဆောင်ရွက်ကြောင်းကိုလည်း သက်သေပြနိုင် ရမည် ဖြစ်ပါ သည်။

ထိုသို့ဆောင်ရွက်နိုင်ရန်မှာ ရဲတပ်ဖွဲ့အတွက် ပြဋ္ဌာန်းထား သော ဥပဒေများ၊ မူဝါဒများ၊ လမ်းòန်ချက်များသည် ရှင်းလင်း ရန်၊ တိကျရန်နှင့် ပြည်သူလူထုမှ လွယ်ကူစွာသိရှိနားလည် စေရန် လိုအပ်ပါသည်။ ရဲတပ်ဖွဲ့၏ လုပ်ပိုင်ခွင့် အာဏာဆိုင်ရာ ဥပဒေစည်းကမ်းများနှင့် တိကျစွာဖွင့်ဆိုထားသော ပြစ်မှု များကို သိရှိပြီး ပြစ်မှုတရားစီရင်ရေးကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက် မှုလုပ်ငန်း သဘောတရားများကိုလည်း ကွဲပြားစွာသိရှိထား ရန် လိုအပ်ပါသည်။

ဖိအားများအောက်

ဒီမိုကရေစီခေတ်တွင် ပေါ်ပေါက်လာသော ပဋိပက္ခများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများ၊ မှုခင်းများနှင့် ပြစ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များသည် ဖိအားများအောက်တွင် အလုပ်လုပ်ကိုင်ရမည်မှာ ဧကန်မလွဲ ဖြစ်ပါသည်။ မည်သို့ပင် ဖိအားများ၊ စိန်ခေါ်မှုများဖြစ်စေကာမူ ရဲတပ်ဖွဲ့ ဝင်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ ရဲအက်ဥပဒေများအပြင် လူ့အခွင့်အရေး အရ နိုင်ငံတကာ စံနှုန်းများနှင့်အညီ တာဝန်ယူဆောင်ရွက်ရန်အပြင် တရား ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်မှုများကို လက်တွေ့ကျကျ ခိုင်မာစွာ သက်သေပြနိုင်ရန် လိုအပ်ပါသည်။

အပြန်အလှန်

သံသယဖြင့် ဖမ်းဆီးချုပ်နှောင်ထားသော တရားခံများနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ လူ့အခွင့်အရေးနှင့်အညီ တန်ဖိုးထားနိုင်ရေး ဦးစားပေးရမည်ဖြစ်ပါသည်။ ဥပဒေနှင့် အညီထိရောက်မှုရှိပြီး တရားမျှတစွာ တရားစွဲဆိုနိုင်ရေး အတွက် ပြစ်မှုတရားစီရင်ရေးကဏ္ဍ အဖွဲ့အစည်းများနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန်လိုအပ်ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့သည် တရားစီရင်ရေး တာဝန်များတွင် ဝင်ရောက်ထမ်းဆောင်ခြင်း မပြုရဟူသော ယေဘုယျစည်းမျဉ်းရှိပါသည်။ ရဲတပ်ဖွဲ့အနေဖြင့် တရားသူကြီး ၏ တရားစီရင်မှုကို တိကျစွာလေးစား လိုက်နာရမည့်အပြင် အရေးပေါ်အခြေအနေမှအပ အကျဉ်းထောင်ဝန်ထမ်း၏ တာဝန်များကို ဆောင်ရွက်ခြင်းမပြုရပါ။ တရားစီရင်ရေး ကဏ္ဍရှိ အဖွဲ့အစည်း အားလုံးသည် လုပ်ငန်းသဘောအရ ဆက်စပ်ဆောင်ရွက်နေရသဖြင့် အဖွဲ့အစည်းတစ်ခု၏ ပြုပြင်ပြောင်းလဲမှုသည် ဆက်စပ်အဖွဲ့အစည်းများက လိုက်ပါ ပြောင်းလဲ မှသာ ထိရောက်မှုနှင့်တိုးတက်မှုကို ဖြစ်ပေါ်စေ မည် ဖြစ်ကြောင်း သိရှိထားသင့်ပါသည်။

ညီတူညီမျှ သက်ရောက်မှုရှိရမည်

ရဲတပ်ဖွဲ့သည် ဥပဒေ အာဏာများ သက်ရောက်မှုရှိစေ ရေး ဒီမိုကရေစီ နည်းလမ်းကျစွာ ကြိုးပမ်းရုံသာမက လုပ်ငန်း တာဝန်များကို ဆောင်ရွက် ရာတွင် ဥပဒေကိုအပြည့်အဝ လေးစားလိုက်နာရမည်၊ တရားဥပဒေ စိုးမိုးမှု ရှိသော လူ့အဖွဲ့ အစည်းတစ်ခုတွင် ဥပဒေသည် နိုင်ငံသားပြည်သူ အားလုံး၏ အပေါ်တွင် ညီတူညီမျှ သက်ရောက်မှုရှိရမည်ဖြစ်ပါသည်။

ထိုသို့သက်ရောက်မှုရှိစေရန်အတွက် ရဲတပ်ဖွဲ့ဝင်များသည် ရဲကျင့်ဝတ်များလိုက်နာခြင်း၊ အကျင့်ပျက်ခြစားမှုမှရှောင်ကြဉ် ခြင်း၊ လူ့အခွင့်အရေးများကို လေးစားတန်ဖိုးထားခြင်း၊ ခွဲခြားဆက်ဆံမှုမရှိခြင်း၊ ခိုင်လုံသောအကြောင်းရင်းကို အခြေပြု၍ စုံစမ်းစစ်ဆေးမှု များပြု လုပ်ခြင်း၊ ပြစ်မှုကျူးလွန် ခြင်းခံရသူများနှင့် သက်သေများကို ထောက်ပံ့ အားပေးခြင်း၊ ပြစ်မှုကျူးလွန်သူများကို အချိန်မီဖမ်းဆီးချုပ်နှောင်ပြီး အမြန်ဆုံးတရားစွဲတင်ခြင်းအားဖြင့် တရားစီရင်မှုကဏ္ဍကို အထောက် အကူပြုခြင်း၊ ပြည်သူလူထုတည်ငြိမ်အေးချမ်းရေး ကိုထိန်းသိမ်းလျက် ဒီမိုကရေစီလွတ်လပ်ခွင့်များကို ကာကွယ် စောင့်ရှောက်ခြင်း၊ အချိုးညီသော အင်အားကို အသုံးပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လူသားမဆန်သော လုပ်ရပ်များဖြင့် သက်သေရယူခြင်းမှ ရှောင်ကြဉ်ခြင်းဟူသည့် အချက် ဆယ်ချက် နှင့်အညီ စနစ်တကျလိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။

လုပ်ပိုင်ခွင့်အာဏာ

ရဲတပ်ဖွဲ့၏ တာဝန်ရှိမှုဆိုသည်မှာ တပ်ဖွဲ့ဝင်တစ်ဦးချင်း အဆင့်မှ အဖွဲ့အစည်းတစ်ခုလုံးအဆင့်အထိ မိမိအဖွဲ့အစည်း ကို စောင့်ကြည့်ကြီး ကြပ်ရန်တာဝန်ရှိသော ဥပဒေအဖွဲ့ အစည်းများ၏ လုပ်ပိုင်ခွင့်အာဏာကို ဦးစားပေးအလေးထား လိုက်နာဆောင်ရွက်ခြင်းဖြစ်ပါသည်။

ဒီမိုကရေစီစနစ်ဖြင့် ရဲလုပ်ငန်းဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေကိုလေးစားလိုက်နာသော၊ စည်းကမ်း ရှိသော၊ ပွင့်လင်းမြင်သာမှု ရှိသော၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသောအဖွဲ့အစည်းဖြစ်ကြောင်း သက်သေပြနိုင်ရမည် ဖြစ်ပါ သည်။ ထိုသို့ သက်သေပြနိုင်ရန် တာဝန် ယူခြင်းနှင့် ထိန်းချုပ် ခြင်း၊ ကြီးကြပ်သည့်အဖွဲ့အစည်းများမှ လေ့လာစေခြင်း၊ ရဲတပ်ဖွဲ့နှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်စေခြင်း၊ ရဲတပ်ဖွဲ့၏ ဝန်ဆောင်မှု များပေးဆောင်ရန် စွမ်းရည်မြင့်မားခြင်း၊ ရဲတပ်ဖွဲ့ နှင့် သတင်းမီဒီယာ ဆက်ဆံရေး အပြုသဘောဆောင်ခြင်း၊ သတင်းအချက်အလက်များ ပြည်သူ လူထု သိစေခြင်း၊ ပွင့်လင်း စွာ ဆွေးနွေးနိုင်သည့် ဆွေးနွေးပွဲများ ဖန်တီးပေးခြင်း၊ လူထုအခြေပြု ရဲလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြဿနာဖြေရှင်း မှု ရှေးရှုသော ရဲလုပ်ငန်းများဆောင်ရွက်ခြင်း၊ လူနည်းစုအဖွဲ့ အစည်းများနှင့် ယုံကြည်မှုတည်ဆောက်ခြင်း၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ လိုအပ်ပါသည်။

ခွဲခြားဆက်ဆံမှု ရှောင်ကြဉ်

ရဲတပ်ဖွဲ့၏ ဖွဲ့စည်းမှုသည် ရဲတပ်ဖွဲ့၏ ရည်မှန်းချက် ပန်းတိုင်များနှင့် ကိုက်ညီရမည်ဖြစ်သည်။ တပ်ဖွဲ့အတွင်း သဘောထားကွဲလွဲစေနိုင်သည့် ခွဲခြားဆက်ဆံအုပ်ချုပ်မှု မျိုးမဖြစ်အောင် ရှောင်ကြဉ်ရန်လိုအပ်ပါသည်။ လိုအပ်သည့် သတ်မှတ်အရည်အသွေးနှင့်ပြည့်ဝသည့် ဝန်ဆောင်မှု များ ပေးနိုင်ရန်အတွက် လိုအပ်သောပစ္စည်းကိရိယာများနှင့် အခြေခံ အဆောက်အအုံများကို ဖွဲ့စည်းပုံစနစ်တွင် ထည့်သွင်း တည်ဆောက် ထားရပါမည်။ ရဲတပ်ဖွဲ့၏ ဖွဲ့စည်းမှုနှင့်စီမံခန့်ခွဲ မှုများကို ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီစေရန်အတွက် ပြည့်စုံ ရမည့်အဂါင်္ရပ် ကိုးခု ရှိပါသည်။

၎င်းတို့မှာ ရှင်းလင်းသောအမိန့်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်မှု စီမံခန့်ခွဲဆောင် ရွက်ခြင်း၊ ဝန်ဆောင်မှုအရည်အသွေး ကြီးကြပ် ခြင်း၊ ပြည်သူ လူထု ကိုယ်စားပြုသော ရဲတပ်ဖွဲ့၏ဖွဲ့စည်းပုံ၊ တပ်ဖွဲ့ဝင်သစ်စုဆောင်းခြင်း၊ လူတန်း စားရောနှောထားရှိခြင်း၊ ရာထူးတိုးမြှင့်ခြင်းနှင့် လုပ်ငန်းတိုးတက်စေခြင်း၊ ရဲတပ်ဖွဲ့ဝင် များ၏ ရပိုင်ခွင့်များ၊ အထောက်အကူပြုပစ္စည်းများ တပ်ဆင် ခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်းတို့ ဖြစ်ပါသည်။

ယနေ့ခေတ် ရဲတပ်ဖွဲ့ဝင်များ၏ ပင်မတာဝန်သည် တရား ဥပဒေစိုးမိုးရေး အတွက် မှုခင်းများကို ကာကွယ်တားဆီးခြင်း အားဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမည်ဖြစ်ပါသည်။ ပဋိပက္ခများဖြစ်ပွားခြင်း၊ ဆန္ဒပြမှုများဖြစ် ပွားခြင်း၊ ဆင်းရဲမွဲတေ မှုများခြင်း၊ အလုပ်လက်မဲ့ပေါများခြင်း၊ ငွေကြေးဖောင်း ပွမှု များခြင်းတို့သည် သက်ဆိုင်ရာ အစိုးရအဖွဲ့တွင် တွေ့ကြုံရမည့် စိန်ခေါ် မှုဖြစ်ပြီး ထိရောက်သော ပြစ်ဒဏ်ချမှတ်ခြင်း၊ တရား ဥပဒေကို လေးစား လိုက်နာမှုအားနည်းခြင်းတို့သည် တရား စီရင်ရေးအဖွဲ့အစည်း များ တွေ့ကြုံ ရမည့် စိန်ခေါ်မှုဖြစ်ပါသည်။

သိရှိနားလည်စေရေး

ရဲတပ်ဖွဲ့ကမူ အဆိုပါအဖွဲ့အစည်းအားလုံးတို့နှင့် ပူးပေါင်း ဆောင်ရွက် ရသည့် အဖွဲ့အစည်းဖြစ်သဖြင့် ဖြစ်ပေါ်လာသမျှ စိန်ခေါ်မှုများတွင် တာဝန်ရှိသည့် အသွင်သ္ဌာန်ပုံရိပ်များ ထင်ရှားစွာ လုပ်ငန်းသဘောအရ ပါဝင်တွေ့ကြုံရလျက်ရှိပါ သည်။ မှုခင်းကြိုတင်ကာကွယ်ခြင်း၊ ပြစ်မှု ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးတရားစွဲဆိုခြင်းကို ဆောင်ရွက်ရသော ရဲတပ်ဖွဲ့၏ လုပ်ငန်းဝတ္တရားများကို ပြည်သူတစ်ရပ်လုံး သိရှိ နားလည်စေ ရန် ဆောင်ရွက်ရမည့်အပြင် ပြည်သူလူထုက ရဲတပ်ဖွဲ့အပေါ် ယုံကြည် သက်ဝင် အားကိုးမှုရှိစေရေး၊ ပူးပေါင်း ပါဝင်ဆောင်ရွက်စေရေးတို့အတွက် အကျင့်ပျက် ခြစားမှုကင်း သော၊ ဥပဒေကို တိကျစွာလိုက်နာသော၊ တာဝန် ယူမှု/ တာဝန်ခံမှုရှိသော၊ ဒီမိုကရေစီ ရဲလုပ်ငန်းကို အခြေခံသော ပြည်သူ့ အတွက် ပြည်သူ့ရဲဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။

Sources;  MOI

No comments:

Post a Comment