Latest News

Monday, January 9, 2017

မှုခင်းကျဆင်းရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ တစ်အိမ်တက်၊ တစ်အိမ်ဆင်း မိတ်ဆက်

မှုခင်းကျဆင်းရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ တစ်အိမ်တက်၊ တစ်အိမ်ဆင်း မိတ်ဆက်

ဖုန်းနံပါတ်ကတ်ပြားတွေ  ပေးဝေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို မေးမြန်းခဲ့တယ်။
     
မှုခင်းကျဆင်းရေးအတွက် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်အတွင်း နေထိုင်သူတွေထံသို့ သွားရောက်ကာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဇန်န၀ါရီ ၉ ရက် နေ့လယ်က ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် မိတ်ဆက်တဲ့အနေနဲ့ အိမ်တိုင်ရာရောက် သွားရောက်တာဖြစ်ပြီး  မြို့နယ်ရဲတပ်ဖွဲ့ဖုန်းနံပါတ်ကတ်ပြားတွေ  ပေးဝေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို မေးမြန်းခဲ့တာဖြစ်တယ်လို့ ဒုရဲအုပ်တစ်ဦးက ပြောကြားထားပါတယ်။

တချို့က ကိုယ့်မြို့နယ် ရဲစခန်းဖုန်းနံပါတ်ကို မသိတဲ့အတွက် ပြည်သူတွေနဲ့ ကွင်းဆင်းပြီး လိုက်လံရှင်းလင်း ပြသပေးတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက် ပြည်သူကိုဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ် ဆင့်ပွားသင်တန်းတွေပေးကာ ပြည်သူနဲ့ ရဲဝန်ထမ်းတွေ ရင်းနှီးမှုရရှိစေဖို့ ရဲအရာရှိနဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

Photos & Source: 7Day Daily : Duwun

No comments:

Post a Comment