Latest News

Monday, January 9, 2017

ငြိမ်းချမ်းရေး ရန်ပုံငွေအဖြစ် NLD က ကျပ်သိန်း နှစ်ထောင် လှူဒါန်း

ငြိမ်းချမ်းရေး ရန်ပုံငွေအဖြစ် NLD က ကျပ်သိန်း နှစ်ထောင် လှူဒါန်း

( ငြိမ်းချမ်းရေး ရန်ပုံငွေအဖြစ် NLD က ကျပ်သိန်း နှစ်ထောင်ကို ဇန်နဝါရီလ ၉ ရက်နေ့က လှူဒါန်းနေစဉ် )
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ချိန်မှာ သုံးစွဲဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ငွေကျပ်သိန်း နှစ်ထောင်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC အဖွဲ့ဝင် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တဆင့် လှူဒါန်းလိုက်ပါတယ်။

ငြိမ်းချမ်းရေးရန်ပုံငွေ လှူဒါန်းပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လစာချီးမြှင့် ငွေထဲကနေ ၂၅ ရာခိုင်နှုန်းကို ပါတီရံပုံငွေ အဖြစ်သတ်မှတ်ပြီး စုဆောင်းထားတဲ့ အထဲက ငွေကျပ်သိန်း နှစ်ထောင် ကို အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းဆောင်ရွက်ချက်တွေမှာ သုံးစွဲဖို့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

လစဉ်စုဆောင်းငွေ ၂၅ ရာခိုင်နှုန်း ကောက်ခံတာကို ဆက်လက်လုပ်ဆောင်သွားဦးမှာ ဖြစ်တယ် လို့လည်း ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

Sources & Photo: Aung Thain Kha/ RFA

No comments:

Post a Comment