Latest News

Monday, January 16, 2017

ဇန်နဝါရီ ၁၆ရက် ရန်ကုန်နံနက်ခင်း၏ တခဏတာမြင်ကွင်းများ

ဇန်နဝါရီ ၁၆ရက် ရန်ကုန်နံနက်ခင်း၏ တခဏတာမြင်ကွင်းများ


ရန်ကုန် ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးဖြစ်သော ရန်ကုန်မြို့၏ ဘတ်စ်ကားပြေးဆွဲမှုစနစ်သစ်ကို ဇန်နဝါရီ ၁၆ ရက် (ယနေ့) တွင် စတင်ခဲ့ပြီ ဖြစ်သည်။ မြို့တွင်းခရီးသွားများအနေဖြင့် နံနက်ပိုင်း ၇ နာရီခန့်က ခရီးသည်တင်ယာဉ်များ မတွေ့ရှိမှုများကြောင့် စိုးရိမ်သောကများ အနည်းငယ်ဖြစ်ပွားခဲ့ကြသည်။ မိမိလိုရာခရီးကို အချိန်မီမရောက်မှာကို စိုးရိမ်ခဲ့ကြသည်။ ကားမှတ်တိုင်များတွင် ခရီးသည်များ စုပြုံခဲ့သည်။

လိုရာခရီးကို အဆင့်ဆင့် ပြောင်းစီး ရမည်ဖြစ်သည့်အတွက် ရတက်မအေး ဖြစ်ခဲ့ကြသည်။ နံနက် ၈ နာရီခန့်တွင် ခရီးသည် တင်ယာဉ်လိုင်းများ အစုံအလင် ထွက်ရှိ လာမှုကြောင့် မှတ်တိုင်များတွင် လူများ တဖြည်းဖြည်းနည်းပါးလာသည်။ ခရီးသည်တင်မော်တော်ယာဉ်များ စတင် ထွက်ပေါ်လာစက လူအများတိုးဝှေ့ တက်ခဲ့ရသော်လည်း နာရီဝက်နီးပါး အကြာတွင် ပုံမှန်သွားလာနေကျအတိုင်း ရပ်စီးခရီးသည်များ နည်းပါးသွားသည် ကို တွေ့မြင်ရသည်။ ကားမှတ်တိုင်များ တွင်လည်း ကင်းထောက်ဝတ်စုံဝတ် လူငယ်များ၊ လုပ်အားပေးလူငယ်လေး များက ခရီးသွားများ၏ အမေးကိုပင် မစောင့်ဘဲ ၄င်းတို့ကိုယ်တိုင် ခရီးသွား များ၏ ခရီးစဉ်ကို မေးမြန်းလျက် လမ်းòန်မှုများ ပြုလုပ်ပေးနေသည်။

ကားအဆင့်ဆင့် ပြောင်းစီးရမည်ကို စိတ်ရှည်လက်ရှည်ရှင်းပြပေးနေသည်။ ထိုသို့ ရှင်းပြပေးနေရင်း စိတ်မရှည်သော လူအချို့၏ဘုဘောက်ပြောခြင်း ကိုလည်း ခံရသေးသည်။ လုပ်အားပေးလူငယ်လေး များ၏ လက်ထဲတွင်ရှိနေသော ယာဉ် လိုင်း လမ်းညွှန်ပြမြေပုံစာရွက်ကလေး များမှာ ဝေမလောက်သဖြင့်ခဏအတွင်း ကုန်သွားသည်ဖြစ် ရာ နောက်ထပ် တောင်းလာသူများအား စိတ်ရှည် လက်ရှည်ရှင်းပြပေးနေကြ သည်။ လမ်းမ များပေါ်တွင် သွားလာနေကြ သူတို့၏ လက်ထဲတွင်လည်း ကိုယ်စီကိုယ်စီ ယာဉ် လိုင်း လမ်းòန်စာရွက်ကလေး များဖြင့် တွေ့မြင်ကြရသည်။

ယင်းနေ့ နံနက်ပိုင်း၏ အထူးခြားဆုံး မြင်ကွင်းမှာ ခရီးသည်တင်မော်တော် ယာဉ်များအနေဖြင့် ခရီးသည် အလု အယက် ခေါ်ယူခြင်းမပြုကြတော့၊ ပြိုင်မောင်းခြင်း၊ ကျော်တက်ခြင်း အလျဉ်းမတွေ့ရတော့။ ညာအစွန် သတ်မှတ်လမ်းများအတိုင်း စည်းကမ်းရှိစွာ တညီတညာ တည်း မောင်းနှင်နေကြ သည်ကိုတွေ့ရသည်။ လမ်းဘေးတွင် အငှားယာဉ်များ ရပ်တန့်မှုကြောင့် လည်းကောင်း၊ လက်တွန်းလှည်းနှင့် ခြေကျင်သွားခရီးသည်များ အ္တရာယ်ရှိ နိုင်သည့် အနေအထားအချို့ကြောင့် လမ်းလယ်ယာဉ်ကြောသို့ ခေတ္တနေရာ ယူ မောင်းနှင်ကြသော်လည်း ယာဉ်လမ်း ကြောရှင်းသွားသည်နှင့် ညာအစွန် ယာဉ်ကြောကို ပြန်ပြောင်းနေရာယူ မောင်းနှင်ကြသည်ကို တွေ့မြင်ရသည်။
မော်တော်ယာဉ်လိုင်းအတွင်း ယာဉ် လိုင်းအသစ်များ တွေ့မြင်ရသကဲ့သို့ အင်းစိန်လမ်းတွင် ယခင် ပြေးဆွဲနေကြ (၄၈)နှင့် (၁၂၄)မော်တော်ယာဉ်များ အား လိုင်းနံပါတ်ပြောင်းလဲထားသည်ကို တွေ့ရသည်။ အချို့မှတ်တိုင်များတွင် ခရီးသည်များစုပြုံနေပြီး ပရဟိတ ပြေးဆွဲ ပေးနေသော မော်တော်ယာဉ်များလည်း ရှိကြောင်း သိရသည်။

စနစ်ဟောင်းတစ်ခုမှ စနစ်သစ် တစ်ခုအပြောင်းသို့ အပြောင်းအလဲတွင် အရာရာသည် ညင်သာချောမွေ့ ပြီးပြည့် စုံမည်မဟုတ်ဘဲ လိုအပ်ချက်၊ လိုလား ချက်များရှိနေမည်မှာ အသေအချာပင်။ သို့သော် အောင်မြင်အောင် ကျော်လွှား ဖို့က နိုင်ငံသားတို့၏ တာဝန်ပင်ဖြစ် သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)ပြန်/ဆက်

No comments:

Post a Comment