Latest News

Wednesday, January 11, 2017

ခရီးသွားနေတဲ့ နိုင်းနိုင်းတို့ မိသားစုရဲ့ ပုံရိပ်များ

ခရီးသွားနေတဲ့ နိုင်းနိုင်းတို့ မိသားစုရဲ့ ပုံရိပ်များ

မြင်ရသူ ပရိသတ်တွေအတွက် ကြည်နူးဖို့ ကောင်းမှာပါ။

နိုင်းနိုင်းရဲ့ မိသားစုကတော့ အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံသို့ အလည်ရောက်ရှိလာပါတယ်။ စန္ဒီချိုနဲ့ ကလေးလေးယောက်က ဒီဇင်ဘာ(၂၈)ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ မိသားစုတွေစုံစုံလင်လင်နဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြပြီး အခုလက်ရှိမှာလည်း ခရီးတွေ သွားဖြစ်နေတယ်လို့ သိရပါတယ်။ နိုင်းနိုင်းတို့မိသားစုကတော့ ကျိုက်ထီးရိုး၊ ငပလီ၊ ပြင်ဦးလွင်နဲ့ အချိန်ရရင် ရသလို အပန်းဖြေခရီးတွေ သွားဖြစ်မယ်လို့လည်း အင်တာဗျူးတစ်ချို့မှာ ဖြေဆိုပေးထားပါတယ်။ အခုလက်ရှိကတော့ ငပလီကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီ(၉)ရက်နေ့က နိုင်းနိုင်းရဲ့ ဇနီးချောလေး စန္ဒီချိုရဲ့ မွေးနေ့ဖြစ်ပြီး မွေးနေ့ကိုလည်း ငပလီမှာပဲ မိသားစု ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။

ငပလီကို ရောက်နေတဲ့ နိုင်းနိုင်းတို့ မိသားစုဟာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် ဓာတ်ပုံတင်တာတွေ ပရိသတ်တွေ Live တွေတာတွေကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။ နိုင်းနိုင်းရဲ့ ဇနီးဖြစ်သူ စန္ဒီချိုနဲ့ကလေးတွေဟာ မြန်မာနိုင်ငံကို ပြန်မရောက်ဖြစ်တာ အငယ်ဆုံး သမီးလေးတစ်သက်(၃)နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။  နိုင်းနိုင်းအနေနဲ့ကတော့ ယခင်က ပြည်ပကို သွားလိုက်ပြန်လိုက်လုပ်ပြီး ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးဖြစ်သလို ဇနီးဖြစ်သူ ကတော့ ကလေးတွေအတွက် အနီးကပ်ပြုစုပြီး ဂရုစိုက်ပေးတယ်လို့ သိရပါတယ်။

နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ ကြည်နူးဖို့ကောင်းပါတယ်။ ၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နိုင်းနိုင်းဟာ ၁၉၉၆ခုနှစ်ကတည်းက တင်ဇော်လတ်နာမည်နဲ့ မော်ဒယ်လောကသို့ ဝင်ရောက်ခဲ့ကာ ၁၉၉၇ခုနှစ်မှာ စနိုးဝှိုက်ရုပ်ရှင်ထုတ်လုပ်ရေးကနေ နိုင်းနိုင်းဆိုတဲ့ နာမည်နဲ့အတူ သူ့ရဲ့ အနုပညာအလုပ်တွေကို အကောင်အထည်ဖော်ခွင့်ရခဲ့ပါတယ်။

Sources & Photo : စန္ဒီချို ဖေ့စ်ဘွတ် : Duwun

No comments:

Post a Comment