Latest News

Wednesday, January 11, 2017

ဝေဖန်မှုထွက်တိုင်း ဖြေရှင်းစရာမလိုပါဘူး ဆိုတဲ့ ဝိုင်းစုခိုင်သိန်း

ဝေဖန်မှုထွက်တိုင်း ဖြေရှင်းစရာမလိုပါဘူး ဆိုတဲ့ ဝိုင်းစုခိုင်သိန်း

ကိုယ်ရေးကိုယ်တာထက် အနုပညာအလုပ်တွေကိုပဲ စိတ်ဝင်စားစေချင်တယ်လို့ ဆိုပါတယ်။

အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ စုံတွဲဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်နေပေမယ့် ဝိုင်းစုခိုင်သိန်းကတော့ ဝေဖန်မှုတွေ ထွက်တိုင်း အကုန်လိုက်ဖြေရှင်းနေစရာ မလိုဘူးလို့ ထင်မိကြောင်း သူမက ဆိုပါတယ်။ အနုပညာရှင်ဖြစ်တာကြောင့် ဝေဖန်မှုများကို ကြံ့ကြံ့ခံနိုင်ဖို့ လိုအပ်ပါတယ်လို့ သူမက ပြောပါတယ်။

ပရိသတ်တွေကို ဘာမှ ဖုံးကွယ်ထားစရာ အကြောင်းမရှိတာကြောင့် သူမရဲ့ ကိုယ်ရေးကိုယ်တာထက် အနုပညာအလုပ်တွေကိုသာ ပရိသတ်တွေကို စိတ်ဝင်စားစေချင်တယ်လို့ ဆိုပါတယ်။

"‘ဝိုင်းစုဘာလုပ်နေတယ်ဆို တာ လူတိုင်းကို ချပြပြီးသား။ ဘယ်အရာကိုမှ ခိုးကြောင်ခိုးဝှက် လုပ်နေတာမရှိဘူး။ နောက်ပြီး ဝိုင်းစု ဘယ်သူ့ကိုမှ မစော်ကား ထားဘူး။ ကိုယ့်ရပ်တည်မှုနဲ့ ကိုယ့်ဟာကိုယ် ကောင်းကောင်းမွန်မွန် ပဲ နေတယ်" လို့ သူမက ပြောပါတယ်။

လက်ရှိမှာတော့ ဂီတဖျော်ဖြေပွဲများမှာ သီချင်းများ ဆိုဖို့ ရှိနေပြီး သူမရဲ့ "ဂါ" စီးရီးကို MTV အဖြစ် ပုံဖော်နေပြီလို့ သိရပါတယ်။ သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ၂၀၁၇ခုနှစ်ထဲမှာပဲ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : 7day Daily : Duwun

Photo  : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်

No comments:

Post a Comment