Latest News

Tuesday, January 10, 2017

ဒီမိုကရေစီကို ကာကွယ်ကြရန် နှုတ်ဆက်မိန့်ခွန်းမှာ အိုဘားမား ထည့်သွင်းပြောကြား

ဒီမိုကရေစီကို ကာကွယ်ကြရန် နှုတ်ဆက်မိန့်ခွန်းမှာ အိုဘားမား ထည့်သွင်းပြောကြား

အိုဘားမားဟာ အမေရိကန်ရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်ပါတယ်။
   
 
အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ချီကာဂိုမှာ ၎င်းရဲ့ နှုတ်ဆက်မိန့်ခွန်းကို ပြောကြားခဲ့ရာ အမေရိကန်တွေအနေနဲ့ ၎င်းတို့ရဲ့ ဒီမိုကရေစီကို ကာကွယ်ကြရန် တိုက်တွန်းလိုက်ပါတယ်။ အင်္ဂါနေ့ (ဇန်နဝါရီ ၁၀ ရက်) ညပိုင်းက နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့ရာမှာ အမေရိကဟာ ဘက်ပေါင်းစုံနီးပါးမှာ ပိုမိုကောင်းမွန်ပြီး အင်အားတောင့်တင်းခဲ့ကြောင်း ပြောပါတယ်။

သို့သော် ဒီမိုကရေစီကို ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း အိုဘားမားက သတိပေးပါတယ်။ နယ်ပယ်အားလုံးမှ အမေရိကန်တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် အမြင်အယူအဆတွေကို ဂရုစိုက် နားထောင်ကြရန်လည်း ပန်ကြားခဲ့ပါတယ်။ သမ္မတအိုဘားမားက ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်နဲ့ပတ်သက်ပြီး ညီအစ်ကိုတစ်ယောက် ရရှိခဲ့ခြင်းဖြစ်ကြောင်း အမှတ်တရ ပြောကြးခဲ့ပါတယ်။

အသက် ၅၅ နှစ်အရွယ် အိုဘားမားဟာ အမေရိကန်ရဲ့ ပထမဆုံး လူမည်းသမ္မတဖြစ်ပြီး ၂၀၀၈ ခုနှစ်က 'မျှော်လင့်ချက်နဲ့ အပြောင်းအလဲ' မဲဆွယ်စည်းရုံးမှု ဆောင်ပုဒ်တွေနဲ့တူ သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် ရွေးကောက်ခံခဲ့ရပါတယ်။ အိုဘားမားရဲ့ ချီကာဂိုခရီးစဉ်ဟာ သမ္မတအဖြစ် နောက်ဆုံးခရီးစဉ်ဖြစ်ပြီး Air Force One လေယာဉ်ကိုစီးနင်းမှု ၄၄၅ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

ချီကာဂိုရှိ McCormick Place ခန်းမှာ ပြုလုပ်ခဲ့တဲ့မှာ အိုဘားမားရဲ့ နှုတ်ဆက်မိန့်ခွန်းပြောကြားမှုကို ပရိသတ် ၂၀,၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်

ဒီမိုကရက်တစ်ပါတီမှ သမ္မတအိုဘားမားနေရာကို ဆက်ခံမယ့် ရီပတ်ဘလစ်ကင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က အိုဘားမားလက်ထက်က ချမှတ်ခဲ့တဲ့ အရေးပါထင်ရှားတဲ့ မူဝါဒတွေကို ပြင်ဆင်ပြောင်းလဲသွားမယ်လို့ ပြောထားပါတယ်။ ထရန့်က လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းကျိန်ဆိုပြီး အမေရိကန်ရဲ့ ၅၅ ယောက်မြောက် သမ္မတရာထူးကို တရားဝင် လွှဲပြောင်းရယူသွားမှာ ဖြစ်ပါတယ်။

Source & Photo: AFP, BBC , Duwun

No comments:

Post a Comment