Latest News

Wednesday, January 18, 2017

ဂျိုးဟတ်ကို ပြန်လည်ခေါ်ယူပြီး အခွင့်အရေးပေးသင့်သည်ဟု ဂွါဒီယိုလာကို ရှေးဂစ်ဗင်း တိုက်တွန်း

ဂျိုးဟတ်ကို ပြန်လည်ခေါ်ယူပြီး အခွင့်အရေးပေးသင့်သည်ဟု ဂွါဒီယိုလာကို ရှေးဂစ်ဗင်း တိုက်တွန်း

မန်စီးတီးဂိုးသမားဟောင်း ရှေးဂစ်ဗင်းက နည်းပြဂွါဒီယိုလာအနေဖြင့် အငှားချထားသည့် ဂိုးသမား ဂျိုးဟတ်ကို ပြန်လည်ခေါ်ယူပြီး ဒုတိယအကြိမ် အခွင့်အရေးပေးသင့်သည်ဟု တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

ဂွါဒီယိုလာသည် ဂျိုးဟတ်၏စွမ်းရည်ကို သဘောကျခြင်းမရှိသည့်အတွက် တိုရီနိုအသင်းထံ အငှားချခဲ့ပြီး ဘာစီလိုနာအသင်းမှ ဘရာဗိုကို ခေါ်ယူအသုံးပြုခဲ့ခြင်းဖြစ်သည်။

သို့သော် ဂျိုးဟတ်က စီးရီးအေတွင် လက်စွမ်းပြနေပြီး ဘရာဗိုမှာမူ ပရီးမီးယားလိဂ်တွင် စိတ်ပျက်ဖွယ်စွမ်းဆောင်ရည်များကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် ဂွါဒီယိုလာက ယခုဇန်န၀ါရီအပြောင်းအရွှေ့တွင် ဂိုးသမားသစ်တစ်ဦး ရှာဖွေနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာသည့်အတွက် ဂစ်ဗင်းက ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။

ဂစ်ဗင်းက " ဂျိုးဟတ်က မန်စီးတီးကစားသမားတစ်ဦးအဖြစ် ရှိနေတာပါ။ သူ့ကိုလည်း ယာယာတိုရေးလို ဒုတိယအကြိမ် အခွင့်အရေးပေးသင့်ပါတယ်။ ဂိုးသမားသစ်မခေါ်ခင် အနည်းဆုံး ဒီရာသီမှာတော့ ပြန်အသုံးပြုကြည့်သင့်ပါတယ် " ဟု ပြောကြားခဲ့သည်။

Sources: Eleven Sports

No comments:

Post a Comment