Latest News

Wednesday, January 18, 2017

ရာသီကုန်ဆုံးချိန်၌ ကစားသမားဘ၀မှ အလွန်ဆို အနားယူမည်

ရာသီကုန်ဆုံးချိန်၌ ကစားသမားဘ၀မှ အလွန်ဆို အနားယူမည်

လီဗာပူးလ်၊ ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ်အသင်းများနှင့်အတူ အောင်မြင်မှုများရရှိခဲ့သည့်စပိန်ကွင်းလယ်လူ အလွန်ဆိုသည် လက်ရှိရာသီကုန်ဆုံးချိန်၌ ကစားသမားဘ၀မှ အနားယူရန်စီစဉ်ထားကြောင်း သိရသည်။

အလွန်ဆိုနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ကြားမှ စာချုပ်သက်တမ်းမှာ ရာသီကုန်ဆုံးချိန်၌အဆုံးသတ်မည်ဖြစ်ပြီး ယင်းကာလတွင် အနားယူမည်ဖြစ်ကြောင်းပြီးခဲ့သည့်လအတွင်းက ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများထံ အသိပေးခဲ့ကာအလွန်ဆို၏ ဆုံးဖြတ်ချက်ကို ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများက လက်ခံခဲ့ကြောင်းလည်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။

အလွန်ဆိုသည် ကလပ်အသင်းကစားသမားဘ၀တွင် အောင်မြင်မှုများစွာ ရရှိခဲ့သလို၊စပိန်အသင်းနှင့်အတူ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို-၂၀၀၈ နှင့် ယူရို-၂၀၁၂ ချန်ပီယံဆုများရရှိခဲ့သည်။

■ အလွန်ဆို၏ ကလပ်အသင်းကစားသမားဘ၀ အောင်မြင်မှုများ

Liverpool (2004–2009)

Champions League: 2004–05
Super Cup: 2005
FA Cup: 2005–06
FA Community Shield: 2006

Real Madrid (2009–2014)

Champions League: 2013–14
La Liga: 2011–12
Copa del Rey: 2010–11, 2013–14
Spanish Super Cup: 2012

Bayern Munich (2014–)
Bundesliga: 2014–15, 2015–16
German Cup: 2015–16
German Supercup: 2016

Sources: Eleven Sports

No comments:

Post a Comment