Latest News

Sunday, January 15, 2017

ရှမ်းတွင် ဒီချုပ်ပါတီပြန်လည်တည့်မတ်အောင် ဆောင်ရွက်ရန်လိုဟုဆို

ရှမ်းတွင် ဒီချုပ်ပါတီပြန်လည်တည့်မတ်အောင် ဆောင်ရွက်ရန်လိုဟုဆို


ရှမ်းပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ပြန်လည်တည့်မတ် အောင် ဆောင်ရွက်ရန် လိုအပ်နေ ပြီဖြစ်ကြောင်း ရှမ်းပြည်နယ်ဒီချုပ် ပါတီချစ်သူများက တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ခန်းမ၌ပြုလုပ်သော   သတင်း စာရှင်းလင်းပွဲတွင် တိုက်တွန်း ပြောကြားကြသည်။

ဇန်န၀ါရီ ၁၄ ရက်က ‘အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှေ့ ရေးအတွက် စိုးရိမ်ဖွယ်ရာအနေ အထား’အမည်ဖြင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြော ကြားခဲ့ကြခြင်းဖြစ်သည်။

ရှမ်းပြည်နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဒေါ်ခင်မိုးမိုး၊ တောင်ကြီးခရိုင် ဥက္ကဋ္ဌရာထူးမှ ဦးဝင်းထိန်နှုတ်မိန့်ဖြင့် ထုတ်ပယ် ခံရသည့် ဦးတင်မောင်တိုး၊ ရှမ်း ပြည်နယ်ဒီချုပ်အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်မီးမီးနှင့် ဒေါ်ယူမီ ဇော်တို့ ဦးဆောင်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဆိုတာ ပြည်သူတွေရဲ့ ဘ၀တွေ၊ ချွေးတွေနဲ့ တည်ဆောက် ခဲ့တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ အ ခုလို ဖြစ်ရပ်တွေဖြစ်ပေါ်နေတာ တွေဟာ ပါတီရဲ့ စည်းမျဉ်းစည်း ကမ်းနဲ့မညီဘဲ လုပ်ဆောင်နေတဲ့ အတွက် အများပြည်သူတွေသိရှိ အောင် ပါတီကို (အချိန်မီ) တည့် မတ်နိုင်အောင်လို့ ဒီပွဲကို တက် ရောက်ခဲ့ခြင်းဖြစ်ပါတယ်’’ဟု တောင်ကြိးမြို့နယ် ဒီချုပ်ပါတီ ဒုဥက္ကဋ္ဌဒေါ်မြမဉ္ဇူက ပြောသည်။

‘‘ရှမ်းပြည်နယ် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်မှာဖြစ်သွားတဲ့ ဒေါ်ခင်မိုးမိုးတို့၊ ပြည်နယ်အလုပ် အမှုဆောင်အဖွဲ့ဝင်တွေ အထုတ် ခံရတဲ့ကိစ္စတွေ အားလုံးကို ပါတီ ၀င်တွေ၊ ပြည်သူတွေ အမှန်အ တိုင်း သိစေချင်လို့ ဒီကိုလုပ်တာ ပါ’’ဟု တောင်ကြီးခရိုင် ဥက္ကဋ္ဌရာ ထူးမှ ထုတ်ပယ်ခံရသည့် ဦးတင် မောင်တိုးက ပြောသည်။

ပါတီစည်းမျဉ်းစည်းကမ်း နှင့် မညီညွတ်ဘဲ ဦးဝင်းထိန်က အာဏာရှင်ဆန်ဆန် လုပ်ဆောင် သည့်အပေါ် အများပြည်သူသိရှိ စေရန် ရှင်းလင်းပြောဆိုခြင်းဖြစ် သည်ဟု ဦးတင်မောင်တိုးကဆို သည်။

၂၀၁၆ သြဂုတ်က ဒီချုပ်ဗဟို ကော်မတီဝင် ဦးဝင်းထိန်၏ ရှမ်း ပြည်နယ်ခရီးစဉ်အတွင်း ယင်းကဲ့ သို့ ပြဿနာများဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး ရှမ်းပြည်နယ်အလုပ်အမှု ဆောင်အဖွဲ့ဝင် ကိုးဦးအား ဦးဝင်း ထိန်က ထုတ်ပယ်ဖယ်ရှားခဲ့သည်။ ထုတ်ပယ်ခံရသူများက ပါတီဗဟို ကော်မတီသို့ အယူခံ ပြန်လည် တင်သွင်းရာ နှစ်ဦးသာ မူလရာ ထူးအတိုင်း ပြန်လည်ခန့်အပ်ခံရ သည်ဟု ရှမ်းပြည်နယ်ဒီချုပ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ယူမီဇော်က ပြောသည်။

ထို့အပြင်   ကြားဖြတ်ရွေး ကောက်ပွဲ    မိုင်းရှူးမြို့နယ်က ပြည်နယ် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင်   ဒေသခံများ ရွေးချယ်ထားသည့်     အမတ် လောင်းကို ဖယ်ရှား​ကာ ဒေသခံ မဟုတ်သည့် ဗဟိုကော်မတီဝင် ကိုယ်စားလှယ်လောင်း ၀င် ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေ၍ မိုင်းရှူးမြို့နယ် အမာခံပါတီဝင် ၂၀ ကျော် ဒီချုပ်ပါတီမှ နုတ်ထွက် မှုဖြစ်ပွားခဲ့သည်ဟုလည်း သ တင်းစာရှင်းလင်းပွဲတွင် ပြော သည်။

ဒီချုပ်ပါတီချစ်သူများ၏ သ တင်းစာရှင်းလင်းပွဲသို့ ရှမ်းပြည် နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြည်နယ်အလုပ်အမှုဆောင် အချို့၊ ခရိုင်အလုပ်အမှုဆောင် များ၊ မြို့နယ်အလုပ်အမှုဆောင် များ၊ ဒီမိုကရေစီ အခြေပြုအရပ် ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်း သားပါတီအချို့မှ ဖိတ်ကြားထား သူများ လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့သည်။

Sources; 7Day News Journal

http://www.7daydaily.com/story/86385

No comments:

Post a Comment