Latest News

Sunday, January 15, 2017

လက်နက်များနှင့်အတူ ဖမ်းဆီးခံရသော ALP တပ်ဖွဲ့ဝင်များကို ‘နိုင်ငံတော်ပုန်ကန်ရန်အလို့ငှာ’ဟူသည့် စွဲချက်ဖြင့် တရားစွဲဆို

လက်နက်များနှင့်အတူ ဖမ်းဆီးခံရသော ALP တပ်ဖွဲ့ဝင်များကို ‘နိုင်ငံတော်ပုန်ကန်ရန်အလို့ငှာ’ဟူသည့် စွဲချက်ဖြင့် တရားစွဲဆို

၂၀၁၆ ဒီဇင်ဘာ ၉ ရက်က ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသော လက်နက်များ (ဓာတ်ပုံ − ဇော်ရဲထက်)
 သေနတ် ၁၉ လက်နှင့်အတူ ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံထားရသည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်များကို ‘နိုင်ငံတော် ပုန် ကန်ရန် အလို့ငှာ’ဟူသည့် စွဲချက် ဖြင့် တရားစွဲဆိုထားကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံ မှ သတင်းရရှိသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးထား သည့် ALP မှ ဗိုလ်မှူးကြီးအဆင့် ရှိသူနှင့် စီးပွားရေးတာဝန်ခံအပါ အ၀င် သုံးဦးကို ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် AK-47 သေနတ် ၁၉ လက်နှင့်အတူ ၂၀၁၆ ဒီဇင်ဘာ ၉ ရက်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၂၀၁၇ ဇန်န၀ါရီ ၅ ရက်တွင် တရားစွဲဆိုခဲ့ကြောင်း သ တင်းရရှိသည်။

ဖမ်းဆီးခံထားရသည့် ALP တပ်ဖွဲ့ဝင်များ လွတ်မြောက်ရေး အတွက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံ စာပေးပို့ထားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ လည်း မိတ္တူပေးပို့ထားကြောင်း၊ ထို့ပြင် ကရင်နှင့်မွန်ပြည်နယ်တို့မှ တပ်မတော်အရာရှိများနှင့် ဆွေးနွေးမှုများရှိကြောင်း ALP ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြော သည်။

‘‘သူတို့ကို ဖမ်းဆီးထားဆဲပဲဖြစ်တယ်။ နားလည်တာက ၁၉ (က)။ ၁၉(က)ဆိုတာက လက် နက်ကိုင်ဆောင်တဲ့အမှုလို့ နား လည်ရတယ်။ ဗိုလ်မှူးကြီးအောင် လွင်ဆီက ALP ကို စာရေးတဲ့ဟာ က ၁၉ (က)။ အခုပြန်ပြီးတော့ အမှုဖွင့်လိုက်တဲ့ဟာက ဘယ်လို  ပုံစံမျိုးဖြစ်လဲဆိုတော့ ၁၉-က အဲဒီပုဒ်မ မတူဘူး။ အဲဒီလို အနေ အထားမျိုးတွေရှိတယ်။ အဲဒါ ကြောင့် ဒီ ၁၉-က ဆိုလို့ရှိရင် အဲဒါက နိုင်ငံတော်ပုန်ကန်ရန် အ လို့ငှာဆိုတဲ့ စွဲချက်နဲ့ တင်သွားတာ ဖြစ်တယ်။ အမှန်က ALP ရဲ့ အ နေအထားက လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့အစည်းတစ်ခုအ နေနဲ့ နိုင်ငံတော်ကို ပုန်ကန်ဖို့ဆို တာ မစဉ်းစားဘူး’’ဟု ဒေါ်စောမြရာဇာလင်းကပြောသည်။

ဆက်လက်၍ ၎င်းက ‘‘စဉ်း စားတာက ဌာနချုပ်က လုံခြုံဖို့အ ရေးကြီးတယ်။ အဲဒါကြောင့်မို့လို့ ဌာနချုပ်လုံခြုံရေးအတွက်ကို အ ရှေ့ဘက် တပ်ရင်းမှာရှိနေတဲ့ ပစ္စည်းအနည်းငယ်ကို ပြောင်းရွှေ့လာတာပဲဖြစ်တယ်။ အဲဒါက ပကတိအနေအထား’’ဟု ပြောကြားသည်။

 ‘‘ကျွန်တော်တို့ဘက်က တော့ ဖမ်းဆီးပြီး တရားစွဲတဲ့အ ဆင့်ပဲ။ NCA လက်မှတ်ရေးထိုး ထားတယ်ဆိုတဲ့ ALP အဖွဲ့က တော့ တရားရုံးမှာ အလီဘိုင်ပြရ မှာ သူတို့တာဝန်ပေါ့နော်’’ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဆက်လက်၍ ၎င်းက ‘‘မိမိ ကိုယ်ကိုယ် ကာကွယ်ဖို့ ကိုင်တာ ရှိတယ်ဗျာ။ အခုနဟာကတော့ တော်လှန်ပုန်ကန်ဖို့ဆိုတဲ့ ရည် ရွယ်ချက် သက်ရောက်သွားတာ ပေါ့။ လက်နက်တွေက များလည်း များတယ်ဆိုတဲ့အတွက် ကြောင့်။ မောင်းပြန်ရိုင်ဖယ်တွေ ဖြစ်တယ်၊ အဲဒါကြောင့်မို့လို့’’ဟု ပြောသည်။

 ဥပဒေပညာရှင်တစ်ဦးက လည်း ‘‘ပုဒ်မအမည်က ၁၉၉၅ ခုနှစ် လက်နက်ယာယီပြင်ဆင် ချက် ဥပဒေပုဒ်မ ၁၉-က။ လက် နက် ဥပဒေပုဒ်မ ၁၉ ကတော့ အ များဆုံး သုံးနှစ်အထိပဲ ထောင်ကျ နိုင်ပေမယ့် ၁၉-က ဆိုရင် အ နည်းဆုံး သုံးနှစ်ကနေ ခုနစ်နှစ်အ ထိ ကျနိုင်တယ် ’’ဟုရှင်းပြသည်။

ALP သည် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး အိန္ဒိယ-မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဗဟိုဌာနချုပ်တည်ရှိ သည်။

NCA လက်မှတ်ရေးထိုးထား သည့် ABSDF မှ ဗဟိုကော်မတီ ၀င်တစ်ဦးကိုလည်း ကချင်လက် နက်ကိုင်အဖွဲ့ (KIO/KIA) နှင့် ဆက်သွယ်သည်ဆိုကာ ကချင် ပြည်နယ်တွင် ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။

ALP နှင့် ABSDF အဖွဲ့ဝင် များ ဖမ်းဆီးခံထားရသည့် ကိစ္စ နှင့်ပတ်သက်၍ နည်းလမ်းရှာရန် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ သည် ပြီးခဲ့သည့်ရက်ပိုင်းက KNU ဌာနချုပ် လော်ခီးလာ၌ ကျင်းပခဲ့ သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်း အဝေးတွင် ဆွေးနွေးခဲ့သည်။

PPST ခေါင်းဆောင်များက ယင်းကိစ္စအပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင်ပြေ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်တို့နှင့် တွေ့ဆုံနိုင်ရေး ကြိုး စားနေသည်။

Sources; 7 Day News Journal

No comments:

Post a Comment