Latest News

Sunday, January 15, 2017

မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးပေါ်မှာ

မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးပေါ်မှာ



ယခုစီးပွားရေးမြို့တော် လို့ ခေါ်တဲ့ ရန်ကုန်ရဲ့ မူလဘူတအစ က ၁၁ ရာစုရဲ့ ဒဂုံလို့ခေါ်တဲ့ မွန် ရွာကြီးတစ်ရွာဖြစ်ပါတယ်။ ရွှေ တိဂုံစေတီကို ဗဟိုပြုပြီး ရွာတည် ထားတာပါ။ ခရစ်နှစ် ၁၇၅၅ ခုနှစ်အရောက်မှာတော့ အလောင်းမင်းတရားကြီးက ဒဂုံကို ရန်ကုန်လို့ အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့ပါ တယ်။ အင်္ဂလိပ် လက်ထဲကျ ရောက်ခဲ့စဉ်က ဆူးလေစေတီတော်ဘေးနားမှာ ရေတွေဝိုင်းနေပြီး မြစ်ကမ်းနားတံငါရွာတွေကနေ ဘုရားဖူးလာသူတွေဟာကျောက်တံတားပေါ်က ဖြတ်ပြီးလာရတဲ့ အတွက် ထိုအရပ်ကို ကျောက်တံ တားလို့ မှည့်ခေါ်ခဲ့ကြောင်းလည်း မှတ်သားမိပါတယ်။

ကိုလိုနီခေတ် ရန်ကုန်ရဲ့ ရှု ခင်း၊ အုပ်ချုပ်ရေးနဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေကို ရန်ကုန် ဘဆွေရေးတဲ့ သေသော်မှတည့် ဩော်ကောင်း၏ဝတ္ထုကို ဖတ်ဖူး သူတိုင်း အကဲခတ်မိမှာ ဖြစ်ပါ တယ်။ ရန်ကုန်ဟာ ရာဇဝင်များ ထဲက သတို့သမီးတစ်ဦးပါ။ ရန် ကုန်မြေမှာ သူရဲကောင်းတို့ရဲ့ သမိုင်းခြေရာတွေ ကျန်ရစ်ဆဲပါ။ ရန်ကုန်ဟာ အကြောင်းကြောင်း ကြောင့် နိုင်ငံရဲ့ ပထမမြို့တော် ကနေ ဒုတိယမြို့တော်ဖြစ်ခဲ့ရပေ မယ့် ဗေဒါပျံအံကိုခဲ ပန်းပန်ဆဲပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ရန် ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ကို နိုင်ငံတော်သမ္မတအမိန့်နဲ့ လက်မှတ်ရေးထိုးကာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦး ဆောင်စေပြီး ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ဝင်အဖြစ် ပညာရှင်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဌာနဆိုင်ရာ အကြီးအကဲများ၊ လမ်းပန်းဆက်သွယ်ရေးဌာနဆိုင် ရာ အကြီးအကဲများ ပါဝင်ကြပါ တယ်။ ရန်ကုန်မြို့တော်ကို အ ဘက်ဘက်က မြှင့်တင်ပြီး ပြည်သူတွေ သွားရေးလာရေး၊ နေထိုင် ရေး ကောင်းမွန်အောင် ပြုလုပ် မယ့် သဘောရှိပါတယ်။

ယခုရက်ထဲမှာ ရန်ကုန်သူ၊ ရန်ကုန်သားတွေ စိတ်လှုပ်ရှား ရင်ခုန်နေရတဲ့အကြောင်းအရာတစ် ခုရှိပါတယ်။ ရန်ကုန်မြို့ရဲ့ အများ ပိုင်ယာဉ်လိုင်းအသစ်တွေကို ဇန် နဝါရီလ ၁၆ ရက်နေ့မှာ စတင် ပြေးဆွဲမှာဖြစ်ပြီး ဆယ်စုနှစ်များ စွာ ပြေးဆွဲလာတဲ့ မထသအပါ အဝင် စနစ်ဟောင်းကို အပြီးတိုင် ဖျက်သိမ်းပစ်မှာ ဖြစ်တဲ့အ ကြောင်းပါ။ အစီအစဉ်သစ်တွေ ထဲက ပထမဆုံးပြည်သူတွေ ဝမ်း သာရတဲ့ သတင်းကောင်းကတော့ ၁၉၉၅ မော်ဒယ်အောက် စီးတီး ဘတ်စ်၊ ဘီအမ်နဲ့ ဒိုင်နာယာဉ်များ ကို ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲခွင့်မပေးတော့မယ့်သတင်း ပါ။ နောက်ဆုံးရရှိတဲ့သတင်းအရ ယာဉ်ပိုင်ရှင်များရဲ့ တောင်းဆို ချက်အရ ၎င်းယာဉ်များကို သုံးလ ကြာ ပြေးဆွဲခွင့်ပြုဦးမှာဖြစ်ပြီး ထို ကာလကျော်လွန်ရင်တော့ အပြီး တိုင် ပြေးဆွဲခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

ဒီအစီအစဉ်ဟာ ယာဉ်လိုင်း တွေ ဖောင်းပွပြီး ယာဉ်ကြောကျပ် တည်းနေမှုကို လျှော့ချစေမှာဖြစ် သလို ယာဉ်လိုင်းမှာ ယာဉ်တွေ အလုအယက်မောင်းနှင်တာ၊ စပယ်ယာတွေက ခရီးသည်တွေ ကို မချေမငံဆက်ဆံတာ၊ ယာဉ် စီးခပိုတောင်းတာတွေကို ပပျောက်စေတော့မှာ ဖြစ်ပါတယ်။ ဒါ့အ ပြင် ခရီးသည်များ မော်တော်ယာဉ်စီးနင်းရာမှာ သက်သောင့်သက် သာမရှိစေတဲ့ ယာဉ်အိုယာဉ် ဟောင်းတွေ၊ လူစီးယာဉ်မဟုတ် ဘဲ ကုန်တင်ယာဉ်ဖြစ်တဲ့ ဒိုင်နာ လိုကားတွေကို ပြေးဆွဲခွင့်မပြု တော့တာဟာလည်း ခရီးသည် ပြည်သူတွေရဲ့ နေ့စဉ်ဘဝလုံခြုံ မှုတစ်ခုကို ဖြည့်ဆည်းပေးတာဖြစ် ပြီး ရန်ကုန်မြို့ရဲ့ မြို့တော်အင်္ဂါ ရပ်ကို မြှင့်တင်ပေးရာလည်း ရောက်ပါတယ်။

စာရေးသူတို့ငယ်စဉ်က ရန် ကုန်မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကား တွေထဲမှာ ရေးနိုးလို့ခေါ်တဲ့ ပြင် သစ်နိုင်ငံလုပ် အဆင့်မြင့်ဘတ်စ် ကားကြီးတွေကို ငေးကြည့်ဖူးပါ တယ်။ (၉)ကားလို့ခေါ်တဲ့ ဘတ်စ် ကားကတော့ အင်းစိန်လမ်းမက နေ လှည်းတန်းကိုဖြတ်ပြီး မြို့ထဲ ကိုသွားရာမှာ အလယ်မှာ သံဆန် ခါတွေဆီးကာထားပြီး အမျိုးသားသီးသန့်၊ အမျိုးသမီးသီးသန့်စီးရ တဲ့ကားဖြစ်ပါတယ်။ အိမ်ထောင် သည် ဇနီးမောင်နှံတွေ၊ သမီးရည်း စားတွေ (၉) ကားကိုစီးရင် လက် တွဲဖြုတ်ပြီး ကားပေါ် တစ်ပေါက် စီတက်ရလို့ အဆိုတော်ကိုင်ဇာက ‘‘ကိုးကားကိုစီးရင် သံဆန်ခါတွေ ဆီးတားထားတာ××× ဟိုးဟိုး ဆရာ ရှေ့မှတ်တိုင်မှာ××× ဆင်း စို့အချစ်ရာ လမ်းလျှောက်တာ ကောင်းပါတယ်’’လို့တောင် ရေး ဖွဲ့သီဆိုခဲ့ပါတယ်။ အဲဒီအချိန်က တက္ကစီလို့ခေါ်တဲ့ အငှားလူစီး ယာဉ်တွေက မာဇဒါလေးဘီးကား များပဲ ဖြစ်ပါတယ်။

လမ်းစဉ်ပါတီခေတ်မှာ ရန် ကုန်မြို့တော် သယ်ယူပို့ဆောင် ရေးအတွက် ဘတ်စ်ကားများသာ မက စစ်ကျန်သစ်သားဘတ်စ် ကားများ၊ ဟိုင်းလတ်ကားများကို ပါ လူစီးယာဉ်များအဖြစ် ပြေးဆွဲ ခဲ့ပြီး နောက်ပိုင်းမှာတော့ လူဦး ရေများပြားလာမှုအရ ကုန်တင် ယာဉ် ဒိုင်နာ၊ ကင်တာကားများ ကိုပါ ခရီးသည်တင်ယာဉ်အဖြစ်အများပြားအသုံးပြုလာခဲ့ပါတယ်။

စစ်အစိုးရလက်ထက်မှာ မြို့သစ်တွေ တည်ဆောက်ခဲ့ပြီး ခရီး သည်များ သွားလာရေးအတွက် အားကိုးရာဟာ ဒိုင်နာယာဉ်တွေ သာ ဖြစ်ခဲ့ပါတယ်။ မြို့တည်ခါစ အစောပိုင်းမှာဆိုရင် ဒိုင်နာ တောင် လောက်ငမှုမရှိလို့ ကုန်း လမ်းပို့ဆောင်ရေးမှ တီအီးကား ကြီးတွေကို ခရီးသည်တင်ယာဉ်အဖြစ် ပြုလုပ်ခဲ့တာ စီးဖူးသူများ မှတ်မိကြပါလိမ့်မယ်။ လှိုင်သာ ယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ သားများအတွက်တော့ ဒိုင်နာစီးရ တဲ့ ဆိုးရွားတဲ့ အရသာကို ကောင်းကောင်းခံစားဖူးကြပါတယ်။

စပယ်ယာက အတင်းဆွဲ တင်တာ၊ အတင်းတွန်းချတာ၊ ကြက်တွေ၊ ဝက်တွေလို ထိုးသိပ် ထည့်တာ၊ ရှေ့ကို မတိုးနိုင်ရင် အော်ငေါက်ခံရတာ၊ ခြေနင်းပြား ပေါ်မှာ ခြေထောက်တစ်ဖက်ချိတ် မိရုံနဲ့ တွဲလွဲခိုလိုက်ရတာတွေဟာ အခုတော့ ပါးစပ်ရာဇဝင်ထဲမှာ ကျန်ခဲ့တော့မှာလားမသိပါဘူး။

တစ်လောက စာရေးသူ သမိုင်းလမ်းဆုံကနေ လှိုင်သာ ယာဘက်ပြန်တော့ ဒိုင်နာကား တစ်စီး တက်စီးဖြစ်ပါတယ်။ လိုင်းနံပါတ်ကိုတော့ မပြောတော့ပါ ဘူး။ ကားက သမိုင်းလမ်းဆုံက စထွက်ကတည်းက အေးအေး ဆေးဆေးပဲ မောင်းနေပါတယ်။ ဒါပေမဲ့ ဈေးဘူတာ မှတ်တိုင်အ ရောက်မှာ လိုင်းတူဒိုင်နာတစ်စီးနဲ့ အတွေ့မှာတော့ မြင်းကို ဇောင်း က လွှတ်သလို ကဆုန်စိုင်းပါတော့တယ်။ စာရေးသူစီးလာတဲ့ ဒိုင်နာ ဟာ ဘုရင့်နောင်နှစ်ထပ်ကုန်း ပေါ်ကို ဂျက်လေယာဉ်အလား ရောက်သွားပါတယ်။ နောက်က လိုက်တဲ့ ဒိုင်နာယာဉ်မောင်းက လည်း ဂျိမ်းစဘွန်းမင်းသားလို အ လျှော့မပေးပါဘူး။ ရှေ့ကားက စပယ်ယာကို ‘‘မင်းတို့ကို ဒါပဲမှတ် တယ်’’ပြောပြီး စတီယာတိုင်ကိုလက်နှစ်ဖက်လွှတ်ကာ ခြေထောက်နှစ်ဖက်နဲ့ မောင်းပြပါ တယ်။ စာရေးသူလည်း ဘုရားဘုရားတရင်း နောက်ကားပေါ်က လူတွေဘေးရန်ကင်းဖို့ ဆုတောင်း ကာ ကိုယ့်အသက်ဖက်နဲ့ ထုပ် ထားရတာကိုတောင် မေ့သွားခဲ့ပါတယ်။ နောက်အတွေ့အကြုံတစ်ခုကတော့ ဘတ်စ်ကားကြီး ပေါ်မှာပါ။ လိုင်းနာမည်က မေတ္တာပါ သလို မေတ္တာတွေ ပွားလွန်းလို့ ကံ ကောင်းပြီး ခရီးသည်တွေ မသေ ကျေတာ ဖြစ်ပါတယ်။ ကားဒရိုင် ဘာက အသက်ကြီးပါပြီ။ သူ့ဘေး နားကပ်ထိုင်တဲ့ ချာတိတ်မက သူ့ ရဲ့ အငယ်အနှောင်းဖြစ်ပုံရပါ တယ်။ အစပိုင်းကတော့ စကား တွေ ရွှန်းရွှန်းဝေကာ ချာတိတ်မ ခမျာလည်း မျက်ဝန်းလဲ့ပြာပြာနဲ့ ပေါ့။ ခဏကြာတော့ ဟိုလူကြီးက ဘာပြောလိုက်လည်း မသိပါဘူး။ ချာတိတ်မစိတ်ကောက်သွားကာ ကားမောင်းနေတဲ့သူကို ထုပါရိုက် ပါတော့တယ်။ ထုတာရိုက်တာကို ဟိုလူက ရှောင်နေရလို့ ကားက မငြိမ်တော့ပါဘူး။ စပယ်ယာက လည်း ချာတိတ်မကို ဝင်စနေ တော့ ချာတိတ်မအငိုမှာ ဟိုလူ ကြီးက စတီယာတိုင်ကို လွှတ်လိုက်ပြီး မျက်ရည်သုတ်အပေးမှာတော့ အရှိန်ကောင်းနေတဲ့ကား ဟာ လူးပြီးမှောက်တော့မလိုဖြစ် သွားခဲ့ပါတယ်။ ဒါဟာလည်း ရန်ကုန်မြို့တော် သယ်ယူပို့ဆောင် ရေး အာဏာပိုင်တွေ ထည့်သွင်း စဉ်းစားသင့်တဲ့ ကိစ္စတစ်ခုပါ။

နောက်စဉ်းစားသင့်တဲ့အ ချက်တစ်ခုက ဒိုနာယာဉ်တွေ၊ ကြားကားတွေမရှိတော့ရင် သီရိ မင်္ဂလာဈေး၊ စံပြငါးဈေးကို သွား မယ့်ဈေးကြိုဈေးသည်တွေအ တွက် အခက်အခဲရှိစေမှာ ဖြစ်ပါ တယ်။ ဘတ်စ်ကားသစ်တွေက လည်း သားငါးနဲ့ ကုန်စိမ်းတွေကို ပေးအတင်ခံမှာ မဟုတ်ပါဘူး။ ဈေးသည်တွေအနေနဲ့လည်း တက္ကစီငှားစီးနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ဒီကိစ္စကို အဆင်ပြေ အောင် မဖြေရှင်းနိုင်ရင် အခြေခံ စားကုန်တွေ ဈေးကြီးလာနိုင်ပါ တယ်။ ဒါ့အပြင် သူတို့ ဈေးကြိုတဲ့ အချိန်ဟာ အချိန်မတော် ညဘက် ၁ နာရီ ၂ နာရီတွေဖြစ်တယ်ဆို တာလည်း ထည့်သွင်းစဉ်းစားသင့် ပါတယ်။

ရှေးလူကြီးတွေပြောသလို ပါပဲ ရေစီးရေလာကောင်းချင်လို့ မြောင်းဖော်ရင် အရင်ဆုံးရတဲ့ ရလဒ်က မြောင်းပုပ်စော်နံတာလို့ ဆိုသလိုပါပဲ။ ဆိုးရွားနေတဲ့ စနစ် တစ်ခုကို ဖြေရှင်းရာမှာတော့ အစပိုင်းမှာ အခက်အခဲများစွာ ရင် ဆိုင်ရမှာက အစိုးရရော ပြည်သူ၊ ပြည်သားတွေပါ ဖြစ်ပါတယ်။ ဒီ အခက်အခဲတွေကို ကျော်လွှားနိုင် မှလည်း စာရေးသူတို့ရဲ့ မဟာ ရန်ကုန်မြို့ကြီး နေချင့်စဖွယ်ဖြစ် လာမှာပါ။

မဟာရန်ကုန်မြို့ရဲ့ လမ်းမ ကြီးတွေပေါ်မှာ နေ့စဉ်ခရီးသွား လာနေကြသော နှစ်သန်းခန့်ရှိတဲ့ ခရီးသွားများ ဘေးဘယာဝေး ကွာသော နေ့သစ်များကို ရောက် ရှိပါစေလို့ ဆုတောင်းလိုက်ပါရ စေ.. ။။

Sources; 7Day News Journal

No comments:

Post a Comment