Latest News

Monday, January 2, 2017

နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုနေတဲ့ နိုင်းနိုင်းတို့မိသားစု

နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုနေတဲ့ နိုင်းနိုင်းတို့မိသားစု

မြန်မာနိုင်ငံကို ဒီဇင်ဘာ (၂၈)ရက်နေ့ကတည်းက ရောက်ရှိနေတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံသို့ အလည်ပြန်လာတဲ့ နိုင်းနိုင်းရဲ့ မိသားစုကတော့ နှစ်သစ်ကို မြန်မာနိုင်ငံမှာပဲ ကြိုဆိုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကို ပျော်ရွှင်စွာ ကြိုဆိုနေတဲ့ နိုင်းနိုင်းတို့ မိသားစုပုံရိပ်လေးကို စန္ဒီချိုရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ နိုင်းနိုင်းတို့မိသားစုကတော့ ကျိုက်ထီးရိုး၊ ငပလီ၊ ပြင်ဦးလွင်နဲ့ အချိန်ရရင် ရသလို မိသားစု အပန်းဖြေခရီးတွေ သွားဖြစ်မယ်လို့ သိရပါတယ်။

နိုင်းနိုင်းရဲ့ ဇနီးဖြစ်သူ စန္ဒီချိုနဲ့ကလေးတွေဟာ မြန်မာနိုင်ငံကို ပြန်မရောက်ဖြစ်တာ အငယ်ဆုံး သမီးလေးတစ်သက်(၃)နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။  နိုင်းနိုင်းအနေနဲ့ကတော့ ယခင်က ပြည်ပကို သွားလိုက်ပြန်လိုက်လုပ်ပြီး ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးဖြစ်သလို ဇနီးဖြစ်သူ ကတော့ ကလေးတွေအတွက် အနီးကပ်ပြုစုပြီး ဂရုစိုက်ပေးတယ်လို့ သိရပါတယ်။

နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ ကြည်နူးဖို့ကောင်းပါတယ်။ ၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နိုင်းနိုင်းဟာ ၁၉၉၆ခုနှစ်ကတည်းက တင်ဇော်လတ်နာမည်နဲ့ မော်ဒယ်လောကသို့ ဝင်ရောက်ခဲ့ကာ ၁၉၉၇ခုနှစ်မှာ စနိုးဝှိုက်ရုပ်ရှင်ထုတ်လုပ်ရေးကနေ နိုင်းနိုင်းဆိုတဲ့ နာမည်နဲ့အတူ သူ့ရဲ့ အနုပညာအလုပ်တွေကို အကောင်အထည်ဖော်ခွင့်ရခဲ့ပါတယ်။

Source : Sandy Cho's Facebook : Duwun

No comments:

Post a Comment