ပုံမှန်အတိုင်းပဲ အအေးဓာတ်ခံစားရတော့မယ့် မြန်မာပြည်ဆောင်းရာသီ
ဆောင်းမိုးတွေ အချိန်အခါမဟုတ်ရွာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်ရဲ့လက်ရှိဆောင်းရာသီက ပုံမှန်ထက်အအေးပေါ့နေပြီး လက်ကျန်ဆောင်းရာသီကာလဖြစ်တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတို့မှာလည်း အအေးမပိုနိုင်ဘဲ အချိန်အခါမဟုတ်မိုးတွေရွာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။
လေထုထဲမှာ ရေငွေ့နဲ့ လေနွေးတွေ များပြားနေလို့ ဆောင်းရာသီမှာ အအေးပိုတာကို လျော့နည်းစေပြီး ပုံမှန်ညအပူချိန်တွေထက် မလျော့နည်းနိုင်လို့ အအေးလျော့နည်းတဲ့ ပုံမှန်ဆောင်းရာသီပဲဖြစ်နိုင်ပြီး ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတို့မှာ ဆောင်းမိုး (အချိန်အခါမဟုတ်မိုး)တွေ ရွာနိုင်တယ်လို့ ဦးကျော်လွင်ဦးက ပြောပါတယ်။
“ပုံမှန်ဆောင်းလို့ ခန့်မှန်းထားတော့ ပုံမှန်လောက်တော့အေးမယ်။ ပုံမှန်ဆောင်းကလည်း အအေးပိုတဲ့ကာလတွေ ရှိတယ်။ ဒါပေမဲ့ သိသိသာသာအေးပြီး စံချိန်တင်ညအပူချိန်တွေ ဖြစ်နိုင်ခြေတော့နည်းတယ်”လို့ ဦးကျော်မိုးဦးက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတချို့မှာ အအေးပိုတာတွေ မရှိပေမဲ့ ကုန်းမြင့်တောင်တန်း ဒေသတွေမှာတော့ ညအပူချိန်တွေ ကျဆင်းနေကာ ထူးခြားတဲ့ ညအပူချိန်တွေကတော့ ပူတာအိုနဲ့ ဟားခါးမြို့တို့မှာ ၄ ဒီဂရီစင်တီဂရိတ်စီနဲ့ မင်းကင်းမြို့မှာ ၇ ဒီဂရီစင်တီဂရိတ်ရှိနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။
Source : The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment