Latest News

Monday, January 2, 2017

နော်ဝေးမှာ ထောင်ကျချင်ရတဲ့ အကြောင်းအရင်း (၁၀) ခု

နော်ဝေးမှာ ထောင်ကျချင်ရတဲ့ အကြောင်းအရင်း (၁၀) ခု

အခန်းတွမှာ ကြွေပြားကပ်ရေချိုးခန်းပါပါတယ်။ရေခဲသေတ္တာနဲ့ flat တီဗီတွေလည်းပါပါတယ်။
     

နော်ဝေးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ထောင်စနစ်ရှိရာနိုင်ငံဖြစ်ပြီး Halden အကျဉ်းထောင်ဟာဆိုရင် နှစ်ကြီးသမားအများစုကိုထားတဲ့ ကမ္ဘာ့လူသားအဆန်ဆုံး ထောင်အဖြစ်နာမည်ကြီးပါတယ်။ ဒီအကျဉ်းထောင်က အကျဉ်းခန်းတွေဟာ သာမန်အမေရိကန်တစ်ယောက်နေနိုင်တဲ့ တိုက်ခန်းထက်သာတယ်လို့ ပြောကြပါတယ်။

၁ - အခန်းတွမှာ ကြွေပြားကပ်ရေချိုးခန်းပါပါတယ်။ရေခဲသေတ္တာနဲ့ flat တီဗီတွေလည်းပါပါတယ်။

၂ - ၁၀ ခန်းလောက်ပေါင်းပြီး သုံးရတဲ့ မီးဖိုချောင်ပါဝင်ပြီး ထောင်သားတွေဟာ ထောင်အလုပ်တွေလုပ်ပြီးရင် ကိုယ်ကြိုက်တာ ချက်ပြုတ်စားသောက်နိုင်ပါတယ်။

၃ - ထောင်နံရံမှာ သံတိုင်ပြတင်းပေါက်မျိုးမထားဘဲ မှန်ပြတင်းပေါက်တွေဘဲ ထားပါတယ်။

၅ - သာမန်ကွန်ဒိုတွေမှာတောင် မပါတဲ့ အထူးသီးသန့်အားကစားခန်းမရှိပြီး မနက် ၈ နာရီကနေ ည ၈ နာရီထိ ဖွင့်လှစ်ထားကာ ထောင်သားတွေအဆင်ပြေတဲ့အချိန်မှာ ဆော့နိုင်ပါတယ်။

၆ - တချို့ထောင်သားတွေဟာ ဂီတလည်း ဝါသနာပါပါတယ်။ ဒီလိုလူမျိုးတွေအတွက် ဂီတစတူဒီယိုထားပေးပါတယ်။ ဒီစတူဒီယိုက မွေးထုတ်ပေးလိုက်တဲ့ ထောင်သားအဆိုတော် အချို့ဟာ  နော်ဝေးရဲ့ American Idol လိုမျိုး ထိပ်တန်းသီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

၇ - စိတ်လက်ပြေပျောက်ရှိစေဖို့ အပြင်ဘက်ထွက်တဲ့အခါမှာ သစ်ပင်တွေနဲ့ စိမ်းစိမ်းစိုစိုဖြစ်အောင် ဖန်တီးပေးထားပါတယ်။

၈ - ထောင်သားတွေစိတ်ကျဉ်းကျပ်မှုမရှိစေဖို့အတွက် အိမ်တွင်းအလှဆင်ကုမ္ပဏီတစ်ခုကို ဌားရမ်းဖန်တီးခိုင်းထားတာဖြစ်ပြီး ထောင်ရဲ့အတွင်းပိုင်းဒီဇိုင်းဟာ အရောင် ၁၈ မျိုးနဲ့ ဖန်တီးပေးထားပါတယ်။ ဥပမာ - စာကြည့်တိုက်နဲ့အလုပ်လုပ်တဲ့နေရာတွေကို လိမ္မော်ရောင်သုတ်ထားပါတယ်။ လိမ္မော်ရောင်ဟာ လူ့ရဲ့စိတ်ကို အားအင်ဖြစ်စေပါတယ်။

၉ - ထောင်ရဲ့အစောင့်တစ်ဝက်လောက်က အမျိုးသမီးတွေဖြစ်ပါတယ်။  အမျိုးသမီးတွေဟာ လူတွေမှာ အမူအကျင့်ကောင်းတွေဖြစ်လာအောင် အားပေးတယ်လို့ ထောင်အာဏာပိုင်တွေကယုံကြည်ပါတယ်။

၁၀ - လွပ်လပ်မှုကို ဆုံးရှုံးနေတဲ့ထောင်သားတွေဟာ ကျန်းမာရေးအခွင့်အရေးတွေတော့ မဆုံးရှုံးပါဘူး။ ဆရာဝန်တွေ၊နာ့စ်မတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိရိယာတွေအပြည့်အစုံထားပေးပါတယ်။

Photos & Source: FREEdom Of Speech:Duwun

No comments:

Post a Comment