Latest News

Friday, January 20, 2017

မန္တလေးနဲ့ မြစ်ကြီးနား မီးရထားနဲ့ ၂၂ နာရီသာ ကြာမည်

မန္တလေးနဲ့ မြစ်ကြီးနား မီးရထားနဲ့ ၂၂ နာရီသာ ကြာမည်

မန္တလေး၊ ဇန်နဝါရီ ၁၈

မန္တလေး -  မြစ်ကြီးနားမီးရထားခရီးစဉ်ကို ၂၂ နာရီနဲ့ရောက်အောင်ပြေးဆွဲပေးနိုင်ဖို့ အခုလအတွင်းစတင်အ ကောင်ထည်ဖော်ဆောင်ရွက်နေတယ်လို့ မန္တလေးဘူတာကြီးက သိရပါတယ်။

လက်ရှိမန္တလေး - မြစ်ကြီးနားမီးရထားခရီးစဉ်ကို ၂၄ နာရီကြာမောင်းနှင်ရတာဖြစ်ပါတယ်။ မန္တလေး - မြစ်ကြီးနားမီးရထားခရီးစဉ်ကို ၂၂ နာရီနဲ့ရောက်အောင်ပြေးဆွဲပေးနိုင်ဖို့ မီးရထားလမ်းပိုင်းနဲ့ တံတားပြင်ဆင်တာတွေ၊ သတ်မှတ်မိုင်နှုန်းအတိုင်း အပြည့်မောင်းနှင်နိုင်အောင် ပြင်ဆင်မှာဖြစ်တယ်လို့ မန္တလေးဘူတာကြီး၊ သွားလာရေးဌာန၊ လက်ထောက်မန်နေဂျာ ဦးမောင်ဇော်က ပြောပါတယ်။

ဦးမောင်ဇော်က လက်ရှိက၂၄ နာရီမောင်းတယ်၊ အဲဒါကို၂၁၊ ၂၂ နာရီလောက်နဲ့ ပထမအဆင့်အနေနဲ့လျှော့ချမယ်၊ ဒုတိယအ နေနဲ့တဖြည်းဖြည်းလျှော့ချမယ်၊ တစ်ခါတည်းလျှော့ချဖို့မဖြစ်နိုင်ဘူး၊ လမ်းပိုင်းတွေပြင်ဆင်၊ ဖြုတ်လို့ရတာဖြုတ်၊ မိုင်နှုန်းတိုးလို့ရ တာတိုးခြင်းအားဖြင့် အချိန်သက်သာမယ်လို့ပြောပါတယ်။

လက်ရှိ မန္တလေး - မြစ်ကြီးနားခရီးစဉ်ကို အမြန်ရထားလေးစီးနဲ့ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ မြန်မာ့မီးရထားမှာအရေး ကြီးဆုံးလမ်း ပိုင်းတွေဟာ ရန်ကုန် - မန္တလေး၊ ရန်ကုန် - မော်လမြိုင် -ရေး၊ ရန်ကုန် -  ပြည်၊ မန္တလေး - မြစ်ကြီးနား၊ မန္တလေး - ပုဂံဖြစ်လို့ ဦးစားပေးဆောင် ရွက်နေတာဖြစ်ပြီး ကျန်တဲ့လမ်းပိုင်းတွေကိုလည်း တဖြည်းဖြည်းဆက်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

Sources: နန်းဟေမာထွေး ( ကုမုဒြာ )

No comments:

Post a Comment