Latest News

Friday, January 20, 2017

ၾသစေၾတးလ် မြောက်ပိုင်းဒေသတွင် အမျိုးသားတဦး မိကျောင်းကိုက်သတ်ခံရ

သြစတြေးလျ မြောက်ပိုင်းဒေသတွင် အမျိုးသားတဦး မိကျောင်းကိုက်သတ်ခံရ



သြစတြေးလျနိုင်ငံ မြောက်ပိုင်းဒေသရဲ့ မြစ်ကမ်းပါးတခုကနေ နောက်တခုကို ကူးတဲ့နေရာမှာ မိကျောင်းတကောင်က အမျိုးသားတဦးကို ကိုက်သတ်လိုက်တယ်လို့ ဘီဘီစီ သတင်းတပုဒ်မှာ ဇန်နဝါရီ ၂၀ ရက်နေ့က ဖော်ပြထားပါတယ်။

အသက် ၄၇ နှစ်အရွယ် အမျိုးသားဟာ ကကဒူအမျိုးသားပန်းခြံအနီးအနားက ကဟေးလ်စ်မြစ်ကမ်းပါးအကူးမှာ ရေထဲလမ်းလျှောက်ဖြတ်ကူးစဉ် ၁၁ ပေရှည်တဲ့ မိကျောင်းက ဆွဲသွားတာလို့ ရဲကပြောပါတယ်။

အမျိုးသား ပျောက်မသွားခင် အမျိုးသမီး ၂ ဦးလည်း ဒီမြစ်ကမ်းပါးကနေ ဖြတ်ကူးသွားကြသေးတယ်လို့ ဆိုပါတယ်။

မိကျောင်းကိုက်သတ်ခံရတဲ့ အမျိုးသားရဲ့အလောင်းကို ဇန်နဝါရီ ၁၉ ရက် ညမှာ မြစ်စီးဆင်းရာ ၂ ကီလိုမီတာ (၁ ဒသမ ၂ မိုင်) အကွာလောက်မှာ တွေ့ခဲ့ပြီး မိကျောင်းကိုလည်း သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ရဲကပြောပါတယ်။

မိကျောင်းကိုက်ခံရပြီး သေဆုံးသူဟာ ဝေးလံခေါင်သီတဲ့ဒေသမှာ နေတဲ့သူဖြစ်တယ်လို့ ဒေသခံသတင်းဌာနတွေက ဆိုပါတယ်။

“လတ်တလော မိုးရွာထားလို့ နည်းနည်းရေပိုစီးနေပြီး အဲ့ဒီနေရာက မိကျောင်းတွေရဲ့ နယ်ပယ်လည်းဖြစ်တယ်” လို့ သြစတြေးလျမြောက်ပိုင်းဒေသရဲ့ ရဲအရာရှိဖြစ်သူ ဘော့ဘ်ဟယ်ရီဆန်က မြောက်ပိုင်းဒေသ သတင်းဌာနကို ပြောပါတယ်။

“အဲ့ဒီနားမှာ ရေထဲကမသွားဖို့ ဆိုင်းဘုတ်တွေ ထောင်ထားပေမယ့် လူတွေက မြစ်ကမ်းပါးအကူးကို ဖြတ်ကြတာပဲ၊ ကံမကောင်းစွာနဲ့ပဲ ဒီလူကတော့ သူ့အသက်ပါ ပေးလိုက်ရတယ်” လို့ ရဲအရာရှိက ဆက်ပြောပါတယ်။



Sources: DVB TV News


No comments:

Post a Comment