Latest News

Saturday, January 14, 2017

ထူးထူးဆန်းဆန်း ​ရေ​အေးဖျန်းပွဲ

ထူးထူးဆန်းဆန်း ​ရေ​အေးဖျန်းပွဲ


အခု မြင်​ရတာက​တော့ ဂျပန်​နိုင်​ငံ ​ဟော့ကိုင်းဒိုးမှာ အသက်​ ၁၅ နှစ်​က ၂၅ နှစ်​အရွယ်​ အမျိုးသား​တွေ တစ်​​ယောက်​ကို တစ်​​ယောက်​ ​ရေ​အေး​နဲ့ ဖျန်းပက်​​နေတဲ့ ပုံပါ။

ဒါဟာ ရိုးရာ အစဉ်​အလာ တစ်​ခု ဖြစ်​ပြီး ​ရေ​အေးနဲ့ ခုလိုဖျန်းပက်​ခြင်းအားဖြင့်​ သန့်​ရှင်းစင်​ကြယ်​မှု​တွေနဲ့ ပြည့်​စုံပြီး ငါးနဲ့ ​ကောက်​ပဲသီးနှံ​တွေ ​ပေါများ​စေမယ်​လို့ အယူအဆရှိပါတယ်​။ ဒီလို ​ရေဖျန်းပက်​ပွဲ​တွေကို ၁၈၃၁ ခုနှစ်​ကတည်းက စတင်​ကျင်းပခဲ့ကြတာလို့လည်း သိရပါတယ်​။

ကျွန်​​တော်​တို့ဆီက သင်္ကြန်​ကာလမှာ နှစ်​​ဟောင်းက အညစ်​အ​ကြေး​တွေကို ​ဆေး​ကြောတဲ့ သ​ဘော အတာ​ရေ​လောင်းတာနဲ့ သ​ဘောတရားချင်း မကွာခြားလှဘူးလို့ ယူဆရပါတယ်​။ ဒါ​ပေမဲ့ အခုလို ​အေးခဲ​နေတဲ့ ရာသီမှာ ​ရေအ​​လောင်းခံဖို့ဆိုတာ​တော့ ​​တွေးကြည့်​ရုံနဲ့တင်​ တော်​​တော်​ ချမ်းစိမ့်​​နေမှာ ​သေချာပါတယ်​။

Ref: CGTN

Sources; ​ကျော်​သန့်​ (ရိုးရာ​လေး)

No comments:

Post a Comment