Latest News

Wednesday, January 18, 2017

ဆမ်ဆောင်း အကြီးအကဲ ဖမ်းဝရမ်း တရားရုံး ပယ်ချ

ဆမ်ဆောင်း အကြီးအကဲ ဖမ်းဝရမ်း တရားရုံး ပယ်ချ

အစိုးရ တရားလိုရှေ့နေတွေ တောင်းဆိုထားတဲ့  ဆမ်ဆောင်း ကုမ္ပဏီရဲ့ တစ်ဦးတည်းသော အမွေခံ လီဂျေယန်း အတွက် ဖမ်းဝရမ်းကို တရားရုံးက ငြင်းပယ်လိုက်ပါတယ်။

ကြာသပတေးနေ့ အစောပိုင်းက တရားသူကြီးရဲ့ ဆုံးဖြတ်ချက်မှာ လီဂျေယန်းကို လာဘ်ထိုးမှု၊ ငွေအလွဲသုံးစားလုပ်မှု၊ လိမ်လည်ထွက်ဆိုမှုတွေနဲ့ ဖမ်းဆီးဖို့ရာ လုံလောက်တဲ့ သက်သေ အထောက်အထား မရှိဘူးလို့ ဆိုပါတယ်။

လီဂျေယန်း ဟာ ဗုဒ္ဓဟူးနေ့တုန်းက တရားရုံးကို လာရောက် အစစ်ဆေးခံခဲ့ပြီး အခု ဆုံးဖြတ်ချက်ကို တစ်ညလုံး စောင့်ခဲ့ရတာပါ။

လီဂျေယန်း အပေါ် စွပ်စွဲချက်တွေဟာ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေး ကျူးလွန်ခဲ့တယ် ဆိုပြီး စွပ်စွဲထားတဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဆက်စပ်ပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီဘက်ကတော့ တရားမဝင်တဲ့ လုပ်ရပ်တွေ ဘာတစ်ခု မလုပ်ခဲ့ဘူးလို့ အစဉ်တစိုက် ငြင်းဆန်ခဲ့ပါတယ်။

အသက် ၄၈ နှစ် ရှိပြီး ဖြစ်တဲ့ လီဂျေယန်း ဟာ ဆမ်ဆောင်း လုပ်ငန်းစု ကုမ္ပဏီကြီးရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပြီး သူ့ရဲ့ ဘဝ တလျှောက်လုံးကို ကုမ္ပဏီ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။

မနှစ် အောက်တိုဘာ လတုန်းက ဆမ်ဆောင်း လျှပ်စစ် ကုမ္ပဏီ  ဘုတ် အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။   ဖခင် ဖြစ်သူ လက်ရှိ ဥက္ကဋ္ဌ လီကွန်ဟီးရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလို့ အများက ယူဆထားကြပါတယ်။

ဝေဖန်သူတချို့ကလည်း သူ ဘုတ်အဖွဲ့ဝင် ဖြစ်လာတာဟာ သူ့အရည်အချင်း ဆိုတာထက် ဖခင်ဖြစ်သူကြောင့်လို့ ဆိုကြပါတယ်။

သမ္မတ ပတ်ဂွန်ဟေး ကတော့ ဖြစ်ပျက်နေတဲ့ အကျင့်ပျက်မှု အရှုပ်တော်ပုံကြောင့် သမ္မတရာထူးအာဏာကို ခေတ္တာ စွှန့်လွှတ်ထားရပြီး အခြေခံဥပဒေ ခုံရုံးရဲ့ စစ်ဆေးမှုကို ခံနေရပါတယ်။

Sources: ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment