Latest News

Wednesday, January 18, 2017

မူးယစ်တပ်ဖွဲ့တပ်ကြပ်ကြီးတစ်ဦး ပိတ်ဆို့စစ်ဆေးစဉ် သေနတ်ပစ်ခံရ၍ သေဆုံး

မူးယစ်တပ်ဖွဲ့တပ်ကြပ်ကြီးတစ်ဦး ပိတ်ဆို့စစ်ဆေးစဉ် သေနတ်ပစ်ခံရ၍ သေဆုံး

တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအနီးတွင် မူးယစ်တပ်ဖွဲ့ က ပိတ်ဆို့စစ်ဆေးရှာဖွေစဉ် ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးခဲ့သည့် ရဲတပ်ကြပ် ကြီးသည် အသက် (၃၆)နှစ်အ ရွယ်ရှိ မျိုးဇော်အောင်ဖြစ်ပြီး ဇန် န၀ါရီ ၁၈ ရက် နံနက် ၉ နာရီခန့်တွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တာချီလိတ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ထိသွားတာတော့ တစ် ချက် တည်းပါ။ နံကြားကို ထိသွားပြီး တာချီလိတ်ဆေးရုံကို ပို့ဖို့သယ် လာတယ်။ ဆေးရုံမရောက်ခင် လမ်းတစ်ဝက်လောက်မှာ ရရှိထားတဲ့ ဒဏ်ရာနဲ့သေဆုံးသွားတယ်။ သေနတ်နဲ့ပစ်တဲ့သူကိုလည်း လိုက်ရှာနေပါတယ်’’ဟု ၎င်းကပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့သူ တပ်ကြပ်ကြီး မျိုး ဇော်အောင်တွင် ခုနစ်လသားအ ရွယ်နှင့် လေးနှစ်အရွယ် သမီးငယ်နှင့် ဇနီးတို့ ကျန်ရစ်ခဲ့ကြောင်း တာချီလိတ် နာရေးကူညီမှုအသင်းကိုလှမိုးကပြောသည်။

‘‘အလောင်းကိုတော့ မကာအိုခမ်းရပ် မဟာမြတ်မုနိဘုန်းကြီး ကျောင်းမှာ ထားရှိပေးထားပါ တယ်။ လိုအပ်တာတွေလည်း ထပ်ပြီး ကူညီလုပ်ကိုင်ပေးသွား မှာပါ။ မိုင်းဟဲဘက်မှာတော့ မူး ယစ်ဆေးသုံးတဲ့သူတွေ များတယ်’’ဟု ၎င်းကပြောသည်။

သေနတ်ဒဏ်ရာဖြင့် သေ ဆုံးခဲ့သူ တပ်ကြပ်ကြီး မျိုးဇော် အောင်ကို သတ်ဖြတ်ခဲ့သူ တရား ခံအား လိုက်လံရှာဖွေနေပြီး တာချီလိတ်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

Sources: ဖိုးတုတ် ( 7 Day News Journal )

No comments:

Post a Comment