Latest News

Thursday, January 12, 2017

သီတဂူမော်ကွန်းတင်

သီတဂူမော်ကွန်းတင်
၁၁/၀၁/၂၀၁၇ နံနက် ၅ နာရီခွဲခန့်တွင် သတ်မှတ်ထားသည့်အတိုင်း ချောချောမောမော သွန်းလောင်းခြင်း ကိစ္စ ပြီးမြောက်သည်။ ဤကဲ့သို့ ၈ ရက်ခန့် ထားပြီးမှသာ ဖွင့်ပါမည်။ ခေါင်းလောင်းအနီး မည့်သည့်တုန်ခါမှု မျိုးမှ မရှိသင့်ကြောင်း တတ်သိပညာရှိတို့၏ အဆိုအမိန့်ကို မှတ်သားခဲ့ရသည်။

"ရှေးခေတ်ကဆို လှည်းတောင် ဖြတ်မသွားရဘူး" တဲ့။
သီတဂူမော်ကွန်းတင် ခေါင်းလောင်း လုပ်ပုံအဆင့်ဆင့်များစွာထဲက တချို့တဝက်ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့်ရခဲ့ပါသည်။ သီတဂူမော်ကွန်းတင်ခေါင်းလောင်းမှာ ကြေးချိန် ပိသ်သာ ၈၀၀၀ ခန့် ရှိသဖြင့် ခေါင်းလောင်းကြီးတစ်ခု ဖြစ်ပါသည်။

ခေါင်းလောင်းကြီးသွန်းလောင်းရာတွင် ပြည့်ဝ ကြွေးသွန်းပညာရှင် ဦးလှမြင့် ဦးဆောင်လျှက်၊ (တူ-တပည့်) ကိုအောင်သန်းမော် အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် အတွေ့အကြုံရှိ လူဦးရေး ၂၀၀ ခန့်ဖြင့် ခေါင်းလောင်းကြီး သွန်းလောင်းသည်ကို တအံ့တသြ အနီးကပ်လေ့လာခွင့်၊ ကြည့်ရှုခွင့် ရခဲ့ပါသည်။ နေရာမှန် အချိန်အခါမှန်တွင် လူမှန်တို့ဖြင့် သွန်းလောင်းသဖြင့် လုံးဝချောချောမောမော အောင်မြင် ပြီးမြောက်သည်။

မီးအပူကို အလိုရှိသော အအေးဆုံးအချိန်အခါဖြစ်ခြင်း၊ မိုးလေရာသီဥတု လုံးဝ ကြည်လင်ခြင်း၊ နေရာကွက်ကွင်း ကျယ်ပြန့်ခြင်း၊ ပတ်ဝန်းကျင် အနှောက်အယှက်ကင်းခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတို့က အသိအမှတ်ပြုကူညီခြင်း၊ ပညာရှင်များစွာတို့က မအိပ်မနေ ပံ့ပိုးကူညီခြင်း အားပေးခြင်းတို့က အားရစရာကောင်းလှသည်။ အားလုံးက တက်ညီလက်ညီ ရှိသည်။ အဓိပတိဆရာတော်၏ ပုည်းကမ် (ပုညကမ္မ = ဘုန်းကံ) တို့ကား အစ္ဆရိယံ ဝတ ပါတကား။ ထိုကဲ့သို့ သွန်းလောင်းနိုင်ရန် ၂ လခန့် ကြိုတင်ပြင်ဆင်မှု ကြိုလုပ်ခဲ့ရသည် ဟု ကိုအောင်သန်းမော်က ပြောသည်။

ကြေးများ အရည်ပျော်စေရန် မီးဟုန်းဟုန်းဖြင့် ၇ နာရီခန့် ကျိုရသည်။ တက်ညီလက်ညီဖြင့် လောင်းချိန် ၃ နာရီခန့် ကြာသည်။

ဤကဲ့သို့သော သင်တန်းကို တညလုံး မအိပ်ဘဲ မျက်ဝါးထင်ထင် တက်ရောက် လေ့လာခွင့်ရသည်တို့ကို ဗဟုသုတအဖြစ် ဓာတ်ပုံအချို့ကို မျှဝေပါသည်။

Sources; ဦးကု၊ သီတဂူ

No comments:

Post a Comment