Latest News

Thursday, January 12, 2017

ပြိုင်ပွဲစုံ ပွဲ (၄၀) ရှုံးပွဲမရှိ ပထမဆုံး စပိန်ကလပ်အဖြစ် ရီးယဲလ်အသင်း မှတ်တမ်းရေးထိုး

ပြိုင်ပွဲစုံ ပွဲ (၄၀) ရှုံးပွဲမရှိ ပထမဆုံး စပိန်ကလပ်အဖြစ် ရီးယဲလ်အသင်း မှတ်တမ်းရေးထိုး

ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်ဘုရင့်ဖလားမှာ ဘန်ဇီးမားရဲ့ နောက်ဆုံးမိနစ် နောက်ကျဂိုးနဲ့ ဆီဗီလာကို ၃-၃ ဂိုးနဲ့ သရေကျပြီး ပြိုင်ပွဲစုံ (၄၀) ပွဲဆက် ရှုံးပွဲမရှိဆိုတဲ့ ပထမဆုံး စပိန်ကလပ်အဖြစ် စံချိန်သစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

ဇီဒန်းရဲ့ အသင်းဟာ ဧပြီလက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ဝုလ်ဖ်ဘတ်ကို နောက်ဆုံး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ယခင် ၃၉ ပွဲ ရှုံးပွဲမရှိ စံချိန်ကို ၂၀၁၅ နှင့် ၂၀၁၆ အကြား နည်းပြအန်းနရစ် ကိုင်တွယ်မှုအောက်မှာ ရရှိခဲ့ပြီး ရီးယဲလ်က ၄၀ ပွဲဆက် ရှုံးပွဲမရှိ စံချိန်နဲ့ ကျော်တက်ခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ ဘုရင့်ဖလား ၁၆ သင်းအဆင့် ရှုံးထွက်မှာ ဆီဗီလာကို ၃-၃ ဂိုးနဲ့ သရေကျပြီး နှစ်ကျော့ပိုင်း ၆-၃ ဂိုးနဲ့ နောက်တစ်ဆင့် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ နောက်ဆုံးရှုံးပွဲကြုံခဲ့ပြီးနောက်ပိုင်း ၃၁ ပွဲအထိ နိုင်ပွဲရရှိခဲ့ကာ ၉ ပွဲသာ သရေကျခဲ့သလို သွင်းဂိုး ၁၁၅ ဂိုးနဲ့ ပေးဂိုး ၃၉ ရှိခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၆ ခုနှစ်ကြားမှာ ၃၂ ပွဲနိုင်၊ ၇ ပွဲသရေဆိုတဲ့ မှတ်တမ်းရှိခဲ့ပါတယ်။ အဲဒီရာသီမှာပဲ ဘာစီလိုနာဟာ အမှတ်ပေးလိဂ်ဖလားနှင့် ဘုရင့်ဖလားတို့ကို ရရှိခဲ့ပါတယ်။

ဆီဗီလာ-ရီးယဲလ်ပွဲမှာတော့ ဂိုးတွေကို ဆီဗီလာဘက်မှ ဒန်နီလို (OG - ၁၀ မိနစ်)၊ ဂျိုဗီတစ် (၅၃ မိနစ်)၊ အီဘိုရာ (၇၇ မိနစ်) တို့က သွင်းယူခဲ့ပြီး ရီးယဲလ်ဘက်မှ အဆန်စီယို (၄၈ မိနစ်)၊ ရာမို့စ် (ပင်နယ်တီ ၈၃ မိနစ်)၊ ဘန်ဇီးမား (၉၃ မိနစ်)တို့မှာ သွင်းခဲ့ပါတယ်။

Sources; BBC Sports: Mizzima

No comments:

Post a Comment