Latest News

Thursday, January 12, 2017

သမ္မတ အိုဘားမားက ဒုသမ္မတ ဂျိုးဘိုင်ဒင်ကို လွတ်လပ်ခြင်း ဆုတံဆိပ် ပေးအပ်

သမ္မတ အိုဘားမားက ဒုသမ္မတ ဂျိုးဘိုင်ဒင်ကို လွတ်လပ်ခြင်း ဆုတံဆိပ် ပေးအပ်

သမ္မတ အိုဘားမားက အမေရိကန်ပြည်ထောင်စုတွင် အရပ်သားများကို ပေးအပ်သည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော သမ္မတက ချီးမြှင့်သည် လွတ်လပ်ခြင်း ဆုတံဆိပ်ကို ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်အား ပေးအပ်ချီးမြှင့်ခဲ့သည်။

“သင့်ရဲ့ အမေရိကန်ပြည်သူ အားလုံးအပေါ် ထားရှိတဲ့ ယုံကြည်မှုစိတ်ဓာတ်၊ နိုင်ငံကိုချစ်တဲ့ စိတ်ဓာတ်၊ ဘဝတစ်လျှောက် နိုင်ငံအတွက် ပေးဆပ်ခဲ့တဲ့ တာဝန်ထမ်းရွက်မှုတွေ၊ ဒါတွေအားလုံးဟာ မျိုးဆက်တွေ တစ်လျှောက်လုံးအတွက် အဓွန့်ရှည်တည်တံ့နေမှာ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အကိုကြီး ဂျိုးဇက် ရောဘင်နက် ဘိုင်ဒင်ကို အခုလို သမ္မတက ပေးအပ်တဲ့ လွတ်လပ်ခြင်း ဆုတံဆိပ် ချီးမြှင့်ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်” ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။

Sources; The Voice

No comments:

Post a Comment