Latest News

Monday, January 16, 2017

ကလေးငယ်နှစ်ဦးကို အဓမ္မပြုကျင့်တဲ့သူကို နမူနာပြစ်ဒဏ် ထောင်နှစ် လေးဆယ်ချ

ကလေးငယ်နှစ်ဦးကို အဓမ္မပြုကျင့်တဲ့သူကို နမူနာပြစ်ဒဏ် ထောင်နှစ် လေးဆယ်ချ

ပုဒ်မ ၃၇၆ နဲ့ ၃၇၇အရ အလုပ်နဲ့ထောင်ဒဏ်နှစ် ၂၀ စီ ကျခံဖို့ အမိန့်ချခဲ့တာပါ။


မန္တလေးမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ် ၃၄လမ်း ၇၉လမ်းထောင့် ရထားလမ်းဘေးက ကျူးကျော်တဲမှာ နေထိုင်တဲ့ ကလေးငယ်အရွယ်မောင်နှမနှစ်ဦးကို ကာမရယူခဲ့သူကို နမူနာပြစ်ဒဏ်အနေနဲ့ မန္တလေးခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ်နှစ်လေးဆယ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အသက် ခုနှစ်နဲ့ အသက်လေးနှစ်အရွယ် မောင်နှမနှစ်ဦးကို ကာမရယူပြုကျင့်တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၇၇အရ အလုပ်နဲ့ထောင်ဒဏ်နှစ် ၂၀ စီ ကျခံစေဖို့ အမိန့်ကို ဒီလ ၁၃ ရက်က ချမှတ်လိုက်တာပါ။

ကလေးငယ်တွေကို အနိုင်အထက်ပြုတာဟာ ဆိုးရွားညစ်ညမ်းတဲ့ပြစ်မှုဖြစ်တဲ့အပြင် အသက်ငယ်ရွယ်သူကလေးငယ်တွေရဲ့ ဘ၀လုံခြုံမှု ထိခိုက်ပျက်ပြားစေလို့ ဥပဒေနဲ့အညီ နမှုနာပြစ်ဒဏ်စီရင်ထိုက်တယ်လို့ သုံးသပ်ပြီး အခုလိုအမိန့်ချမှတ်လိုက်တာလို့ မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိက ပြောပါတယ်။

နိုဝင်ဘာလ ၂၇ ၇က်နေ့က မန္တလေးမြို့ ၃၄လမ်းနဲ့ ၇၉လမ်းထောင့် (ရထားတွဲဆိုင်းတွေ ရှန်တိန်ပြုလုပ်တဲ့နေရာ) သံလမ်းဘေးက အုတ်တံတိုင်းနားမှာနေတဲ့ မောင်နှမနှစ်ဦးကို ရေသန့်ဘူးခွံကောက်ပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့ အသက်၄၀အရွယ် အမျိုးသားက နိုဝင်ဘာ ၂၇ရက်မှာ အဓမ္မပြုကျင့်ခဲ့တာပါ။

Source & Photo : Kumudra

No comments:

Post a Comment