Latest News

Monday, January 16, 2017

အမှန်ကိတ်တာပါလို့ ပြောလိုက်တဲ့ ဝါဆိုမိုးဦး

အမှန်ကိတ်တာပါလို့ ပြောလိုက်တဲ့ ဝါဆိုမိုးဦး

ဓာတ်ပုံတစ်ပုံကို အကြောင်းပြုပြီး ဖြစ်ပေါ်နေတဲ့ ပြဿနာ တစ်ခုပါ။

ဝါဆိုမိုးဦးကတော့ ဒီနေ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ အဲ့ဒါကတော့ သူမရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံမှာ ပေါ်နေတဲ့ ချုပ်ရိုးကို ပရိသတ်တစ်ယောက်က ဖော့ထည့်ထားတယ်ဆိုပြီး ပြောလိုက်တာကနေ စတာဖြစ်ပါတယ်။

မိန်းကလေး အကောင့်ပိုင်ရှင်တစ်ယောက်က Myanmar Model Girls မှာ တင်ထားတဲ့ ဝါဆိုမိုးဦးရဲ့ ဓာတ်ပုံကိုရှဲထားကာ " ဖော့ကထွက်နေတယ်ဟ၊ မင်းသမီးရယ် ကြည့်လုပ်ပါ၊ အော်သူလည်း အမှန်ကိတ်တာမဟုတ်ဘူးပဲ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

အဲ့ဒါနဲ့ ပတ်သတ်ပြီး ဝါဆိုမိုးဦးကလည်း အဲ့ဒါဟာ ဘောင်းဘီချုပ်ရိုးဖြစ်ကြောင်း အတုဝတ်ရအောင် မရှိတဲ့သူထဲမှာ ပါကြောင်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလို ပြန်ရေးသားထားပါတယ်။

"ဘောင်းဘီချုပ်ရိုးပါရုင့် အတုဝတ်ရအောင်လည်း မရှိတဲ့သူထဲမှာမပါပါ ကဲ့ရဲ့ ချင်ရင်လည်းသေခြာကြည့်ပြီးမှပြော ... အတုဝတ်ထားရင်လည်း အတုပေါ်နေတဲ့ပုံကိုfb ပေါ်တင်မလား စဉ်စား"ဆိုပြီး ရေးသားထားကာ ချုပ်ရိုးဖြစ်ကြောင်းကိုလည်း သူမဝတ်ဆင်ထားတဲ့ ဝတ်စုံကို သေချာရိုက်ပြကာ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါတယ်။

"ချုပ်ရိုးဆိုတာ တင်ပေးလိုက်ပြီးနော် မဟုတ်တာကို အဟုတ်လုပ်ပြီးပြောနေတာကိုပဲရှင်းပြတာပါ။ အတုတတ်ရအောင်းလည်း မရှိတဲ့သူမဟုတ်တဲ့အတွက် gym workout လုပ်နေတဲ့သူတစ်ယောက်အနေနဲ့ ကောင်းကောင်းသိတယ်။ ဝါဆိုကိုချစ်တဲ့ သူငယ်ချင်းပရိတ်သတ်များကျေးဇူးပါနော် မဟုတ်တာကိုဖြေရှင်းပေးလိုက်တာပါ ကျန်တာဘာမှမဖြစ်ပါဘူး ။ " ဆိုပြီးတော့လည်း ရေးသားထားပါတယ်။

ဝါဆိုမိုးဦးကတော့ လက်ရှိမှာ သူမရဲ့ ပထမဦးဆုံး တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေပြီး အခွေကို mtv နဲ့ audio တစ်ခါတည်း ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အခွေကိုလည်း ဖေဖော်ဝါရီ လကုန်မတ်လလောက်မှာ ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Sources & Photo : ဝါဆိုမိုးဦး ဖေ့စ်ဘွတ်: Duwun

No comments:

Post a Comment