နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
နေပြည်တော် ဇန်န၀ါရီ ၂၀
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘောရစ် ဂျွန်ဆင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၆ နာရီ တွင် နေပြည်တော် ဇမ္ဗူ သီရိမြို့နယ်ရှိ နေအိမ်၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
ညစာစားပွဲသို့ တက်ရောက်လာကြသူများ အား နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် က ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး ညစာအတူတကွ သုံးဆောင်ကြသည်။
ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ အင်ဒရူးပတ် ထရစ် တို့လည်း တက် ရောက်ကြသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘောရစ်ဂျွန်ဆင်သည် ယနေ့မွန်း လွဲပိုင်းတွင် နေပြည်တော် သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏မြန်မာနိုင်ငံ ခရီးစဉ်မှာ ဇန်န၀ါရီ ၂၂ ရက် ထိ ၃ ကြာမြင့်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း ရန်ကုန်မြို့၌ ရခိုင် ပြည်နယ်ဆိုင်ရာ ကော်မရှင် အဖွဲ့နှင့် လည်းကောင်း၊ မြန်မာနိုင်ငံရှိ NGOs အဖွဲ့များနှင့် လည်းကောင်း တွေ့ ဆုံဆွေးနွေး ရန် ရှိသည့်အပြင် ရန်ကုန်ပြည်သူ့ ဆေး ရုံကြီးနှင့် ရွှေတိ ဂုံစေတီ တော်မြတ်ကြီး သို့လည်း သွားရောက် မည်ဖြစ်ကြောင်း သိရသည်။
Sources: (သတင်းစဉ်)
Friday, January 20, 2017
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
Reviewed by Ar Ti
on
5:14 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment