Latest News

Monday, January 16, 2017

တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲ အာဂုံပြန်ဆိုပွဲ ကျင်းပ

တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲ အာဂုံပြန်ဆိုပွဲ ကျင်းပ


ရန်ကုန် ဇန်နဝါရီ ၁၅

(၆၉)ကြိမ်မြောက် တိပိဋကဓရ တိပိဋ ကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ အာဂုံ ပြန်ဆိုပွဲကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါ ယနာတင် မဟာပါသာဏ လိုဏ်ဂူတော် ကြီး၌ ကျင်းပသည်။

အဆိုပါအာဂုံပြန်ဆိုပွဲသို့ တိပိဋက ဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမှတ် ဆရာတော်များ၊ စာပြန်သံဃာတော်များ ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ စာထောက် စာမှတ်ဆရာများ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက သြဝါဒခံယူ၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ ပြည်ထောင်စုဝန်ကြီးက အာဂုံပြန်ဆိုပွဲ၊ စာပြန်သံဃာတော်များ အား ဖူးမြော်ကြည်ညိုသည်။

(၆၉)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး အာဂုံ ပြန် ဆိုပွဲကို ၂၇-၁၂-၂ဝ၁၆ မှ ၁၉-၁-၂ဝ၁၇ ရက်အထိ ကျင်းပပြီး ရေးဖြေ စာမေးပွဲ ကို ၂၂-၁-၂ဝ၁၇ မှ ၂၆-၁-၂ဝ၁၇ ရက် အထိ ငါးရက်ကြာ ကျင်းပမည်ဖြစ် သည်။

အာဂုံပြန်ဆိုပွဲတွင် အာဂုံပြန်သံဃာ တော်အပါး ၁၅ဝ ရှိပြီး သဘောရေးဖြေ ပွဲတွင် သံဃာတော် ၁၅၈ ပါး ရေးဖြေ တော်မူကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Sources; MOI

No comments:

Post a Comment