Latest News

Friday, January 13, 2017

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား၏ ဖြတ်သန်းရာဘ၀တစ်လျှောက် ဖြစ်စဉ်များ

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား၏ ဖြတ်သန်းရာဘ၀တစ်လျှောက် ဖြစ်စဉ်များ

အမေရိကန်နိုင်ငံ၏ ၄၄ ဦးမြောက် သမ္မတ ဘရက်ခ် အိုဘားမား၏ ဖြတ်သန်းရာကာလတစ်လျှောက် ဖြစ်စဉ်များကို ဖော်ပြပေးလိုက်သည်။ ၎င်းမွေးဖွားစဉ်က စပြီး သမ္မတရာထူး ဒုတိယသက်တမ်း ထမ်းဆောင်ချိန်အထိ ဖြစ်စဉ်များ ပါဝင်သည်။

ဘရက်ခ် အိုဘားမား
၁၉၆၁- သမ္မတ ဘရက်ခ် အိုဘားမားကို ၁၉၆၁ ခုနှစ် သြဂုတ်လ ၄ ရက်တွင် Hawaii ပြည်နယ် ရှိ Honolulu မြို့တွင် မွေးဖွားခဲ့သည်။

၁၉၆၂
ကျူးဘား ဒုံးကျည်အကျပ်အတည်းပေါ်ပေါက်ခဲ့သည်။

သမ္မတ ဂျွန်အက်ဖ် ကနေဒီ လုပ်ကြံခံရ
၁၉၆၃- နိုဝင်ဘာ ၂၂ ရက်တွင် သမ္မတ ဂျွန်အက်ဖ် ကနေဒီ Texas ပြည်နယ် Dallas တွင် လုပ်ကြံခံခဲ့ရသည်။ အရပ်ဘက်အခွင့်အရေး ခေါင်းဆောင် Dr Martin Luther King Jr က ၎င်း၏ " I Have A Dream" မိန့်ခွန်းကို ချွေသွားပေးခဲ့သည်။ ဒုသမ္မတ Lyndon Branes Johnshon က ကနေဒီ ကွယ်လွန်ပြီး သမ္မတ ရာထူးကို ဆက်ခံသည်။

အိုဘားမား၏ မိဘများ ကွာရှင်း
၁၉၆၄- အိုဘားမား၏ မိဘများဖြစ်သော Stanley Dunham နှင့် Barack Obama S.R. တို့ ကွာရှင်းပြတ်စဲကြသည်။ အမေရိကန်ဖွဲ့စည်းပုံကို ၂၄ ခုမြောက် ပြင်ဆင်မှုကို အတည်ပြုခဲ့သည်။ အရပ်ဘက်အခွင့်အရေး အက်ဥပဒေကို အတည်ပြုပြဌာန်းသည်။

အင်ဒိုနီးရှားသို့ ပြောင်းရွှေ့
၁၉၆၇- အိုဘားမား၏ မိခင်မှာ Lolo Soetoro နှင့် လက်ထပ်ခဲ့ပြီး မိသားစုမှာ အင်ဒိုနီးရှားသို့ ပြောင်းရွှေ့သွားသည်။

ဆီနိတ်တာ ROBERT F.KENNEDY လုပ်ကြံခံရ
၁၉၆၈- အမေရိကန်သမ္မတအတွက် မဲဆွယ်ပေးနေစဉ် ဒီမိုကရက်တစ် ဆီနိတ်တာ Robert F.Kennedy လုပ်ကြံခံရသည်။

အမေရိကန်၏ ၃၇ ဦးမြောက် သမ္မတ RICHARD NIXON
၁၉၆၉- အမေရိကန်၏ ၃၇ ဦးမြောက် သမ္မတ Richard Nixon ဖြစ်လာသည်။ အာကာသယာဉ်မှူး Niel Armstrong လကမ္ဘာပေါ်တွင် လမ်းလျှောက်ခဲ့သည်။

သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီကို ထူထောင်
၁၉၇၀- အိုဘားမား၏ ညီမ Maya ကို သြဂုတ်လ ၁၅ ရက်တွင် မွေးဖွားသည်။ ဒီဇင်ဘာ ၂ ရက်တွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီကို ထူထောင်ဖွဲ့စည်းသည်။

HAWAII သို့
၁၉၇၁- အိုဘားမားတို့ မိသားစု Hawaii သို့ ပြန်လာသည်။

ဗီယက်နမ်စစ်ပွဲ ပြီးဆုံး
၁၉၇၃- ဗီယက်နမ်စစ်ပွဲ ပြီးဆုံးသည်။

ရာထူးမှ နှုတ်ထွက်သည့် ပထမဆုံးသမ္မတ RICHARD NIXON
၁၉၇၄- သမိုင်းတလျှောက် အမေရိကန်သမ္မတ ရာထူးမှ နှုတ်ထွက်သည့် ပထမဆုံးသမ္မတ Richard Nixon ဖြစ်လာသည်။ Gerald Ford က ဒုသမ္မတအဖြစ်မှ သမ္မတဖြစ်လာသည်။

၁၉၇၇- Jimmy Carter သမ္မတဖြစ်လာသည်။

အီရန် ဓါးစာခံ ဖမ်းဆီးမှုအကျပ်အတည်း
၁၉၇၉- အီရန် ဓါးစာခံ ဖမ်းဆီးမှုအကျပ်အတည်းပေါ်ပေါက်သည်။

၄၀ မြောက် သမ္မတ RONALD REAGAN
၁၉၈၁- နိုင်ငံ၏ ၄၀ မြောက် သမ္မတ Ronald Reagan ဖြစ်လာသည်။ အလားတူ John Hinkley Jr ၏ လုပ်ကြံရန် ကြိုးပမ်းမှုမှ သမ္မတ Reagan လွတ်မြောက်ခဲ့သည်။

BARACK OBAMA SR. ကွယ်လွန်
၁၉၈၂- အိုဘားမား၏ ဖခင် ကင်ညာတွင် ကားအက်ဆီးဒင့်ဖြစ်၍ သေဆုံးသည်။

အိုဘားမား ဘွဲ့ရ
၁၉၈၃- Columbia တက္ကသိုလ်မှ အိုဘားမား ဘွဲ့ရသည်။

LLLINOIS သို့ ပြောင်းရွှေ့
၁၉၈၅- Chicago ၊ lllinois သို့ အိုဘားမား ပြောင်းရွှေ့သည်။

BARACK OBAMA SR. ကွယ်လွန်
၁၉၈၂- အိုဘားမား၏ ဖခင် ကင်ညာတွင် ကားအက်ဆီးဒင့်ဖြစ်၍ သေဆုံးသည်။

၄၁ ယောက်မြောက် သမ္မတ
၁၉၈၉- အမေရိကန်၏ ၄၁ ယောက်မြောက် သမ္မတအဖြစ် George. H.W Bush ဖြစ်လာသည်။

ဥပဒေဘွဲ့ရ
၁၉၉၁- Harward ဥပဒေကျောင်းမှ အိုဘားမား ဘွဲ့ရသည်။

MICHELLE နှင့် လက်ထပ်
၁၉၉၂- အောက်တိုဘာ ၁၈ တွင် Michelle Robinson နှင့် အိုဘားမား လက်ထပ်သည်။

၄၂ ဦးမြောက် သမ္မတ
၁၉၉၃- နိုင်ငံ၏ ၄၂ ဦးမြောက် သမ္မတအဖြစ် Bill Clinton ဖြစ်လာသည်။

အိုဘားမား၏ မိခင်ကွယ်လွန်
၁၉၉၅- အိုဘားမား၏ မိခင် ကင်ဆာဖြင့် ကွယ်လွန်သည်။ Oklahoma မြို့ ဗုံးကြဲမှု ဖြစ်သည်။

ပြည်နယ်ဆီးနိတ်တွင် အိုဘားမား ရွေးကောက်ခံ
၁၉၉၆- သမ္မတ Bill Clinton လက်မှတ်ထိုးခဲ့သော စာချုပ်တစ်စိတ်တစ်ဒေသအဖြစ် လူမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်သည်။ lllinois ပြည်နယ်ဆီးနိတ်တွင် အိုဘားမား ရွေးကောက်ခံရသည်။

ပြည်နယ်ဆီးနိတ်တွင် ပြန်လည်ရွေးချယ်ခံရ
၁၉၉၈- lllinois ပြည်နယ်ဆီးနိတ်တွင် ပြန်လည်ရွေးချယ်ခံရသည်။ သမ္မတ Bill Clinton သမိုင်းတစ်လျှောက် စွပ်စွဲပြစ်တင်ခံရသော ဒုတိယမြောက်သမ္မတ ဖြစ်လာသည်။ အိုဘားမား၏ သမီး Malia ကို မွေးသည်။

သမီး SASHA ကို မွေး
၂၀၀၁- သမီး Sasha ကို မွေးသည်။ ၄၃ ဦးမြောက်သမ္မတ George Walker Bush ဖြစ်လာသည်။ စက်တင်ဘာ ၁၁ တွင် 9/11 တိုက်ခိုက်မှု ဖြစ်ခဲ့သည်။

အီရတ်ကို စစ်ကြေညာ
၂၀၀၃- မတ်လ ၁၉ တွင် သမ္မတ George W Bush က အီရတ်ကို စစ်ကြေညာသည်။

အမေရိကန်ဆီးနိတ်
၂၀၀၄- အိုဘားမား အမေရိကန်ဆီးနိတ်လွှတ်တော်တွင် ရွေးကောက်ခံရသည်။

၂၀၀၅- "Dreams From My Father" စာအုပ်ကို အိုဘားမား ထုတ်ဝေသည်။

၂၀၀၆- "The Audacity of Hope" စာအုပ်ကို အိုဘားမား ထုတ်ဝေသည်။

၄၄ ဦးမြောက် သမ္မတ
၂၀၀၈- ဒီမိုကရက်တစ် သမ္မတလောင်း အဖြစ် ပြိုင်ဘက် ဟီလာရီကလင်တန်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ နိုင်ငံ၏ ၄၄ ဦးမြောက် သမ္မတ ဖြစ်လာသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
၂၀၀၉- ဇန်န၀ါရီ ၂၀ တွင် သမ္မတရာထူး စတင်ယူခဲ့သည်။ ဖေဖော်ဝါရီ ၁၇ တွင် ဒေါ်လာ ၇၈၇ ဘီလီယံတန် စီးပွားရေးလှုံ့ဆော်မှုဥပဒေကြမ်းကို လက်မှတ်ထိုးသည်။ အောက်တိုဘာ ၉ တွင် နိုဗယ်ဆု ရသည်။

ပထမဆုံး နိုင်ငံလုံးဆိုင်ရာ မိန့်ခွန်းပြော
၂၀၁၀- ဇန်န၀ါရီ ၂၇ တွင် ပထမဆုံး နိုင်ငံလုံးဆိုင်ရာ မိန့်ခွန်းကို ပြောသည်။ မတ် ၂၃ တွင် Obamacare ကို ဥပဒေအဖြစ် လက်မှတ်ထိုးသည်။ ဧပြီ ၂၀ ရက် မက္ကဆီပင်လယ်ကွေ့တွင် BP ရေနံတွင်း ပေါက်ကွဲမှုဖြစ်သည်။ ဧပြီ ၂၉ တွင် ၎င်း၏ ရက် ၁၀၀ မိန့်ခွန်းကို ပြောသည်။ မေ ၁၀ ရက်နေ့တွင် Elena Kagan ကို တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ်ခန့်အပ်သည်။ မေ ၂၆ တွင် Sonia Sotomayor ကို တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်သည်။ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်တို့ အနိုင်ရကာ လွှတ်တော်ကို ထိန်းချုပ်သည်။ ဒီဇင်ဘာ ၂၉ တွင် ဒီမိုကရက်တစ်ပါတီ၏ ထောက်ခံမှုမပါဘဲ အခွန်အကောက်အစီအစဉ်တစ်ခုကို အိုဘားမား လက်မှတ်ထိုးသည်။

ကွန်ဂရက်ရှေ့မှောက်တွင် မိန့်ခွန်းပြောကြား
၂၀၁၁- ဇန်န၀ါရီ ၂၅ တွင် ကွန်ဂရက်ရှေ့မှောက်တွင် မိန့်ခွန်းပြောကြားသည်။ ဧပြီ ၄ တွင် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်မည်ဟု ကြေညာသည်။ မေ ၁ တွင် ပါကစ္စတန်တွင် ပုန်းအောင်းနေသော အိုစမာဘင်လာဒင်ကို အမေရိကန်တပ်များ ခြေရာခံမိကာ သတ်ဖြတ်နိုင်ခဲ့သည်။ သြဂုတ် ၃၁ တွင် အစိုးရကျောထောက်နောက်ခံ ဆိုလာပြားကုမ္ပဏီ Solyndra ဒေ၀ါလီခံရသည်။ စက်တင်ဘာ ၁၁ တွင် 9/11 တိုက်ခိုက်မှု ဆယ်နှစ်ပြည့်မြောက်သည်။ အောက်တိုဘာ ၂၀တွင် လစ်ဗျားခေါင်းဆောင် ကဒါဖီ သတ်ဖြတ်ခံရသည်။

အိုဘားမား သမ္မတတာဝန် ဒုတိယသက်တမ်း ထမ်းဆောင်
၂၀၁၃- ဇန်န၀ါရီ ၂၀ တွင် အိုဘားမား ၄၄ ဦးမြောက် သမ္မတတာဝန် ဒုတိယသက်တမ်း ထမ်းဆောင်သည်။ ဇန်န၀ါရီ ၂၁ တွင် ကျမ်းသစ္စာဆိုခဲ့ပြီး ဒုတိယမြောက် နိုင်ငံလုံးဆိုင်ရာ မိန့်ခွန်းကို ပြောခဲ့သည်။ ဖေဖော်ဝါရီ ၁ တွင် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ရာထူးမှ ဆင်းပြီး ဂျွန်ကယ်ရီ ဖြစ်လာသည်။ ကလင်တန်နှင့် ကယ်ရီတို့နှစ်ဦးစလုံးမှာ ယခင် ဆီနိတ်တာများနှင့် ဒီမိုကရက်တစ်သမ္မတကိုယ်စားလှယ်လောင်းများဖြစ်ကြသည်။ ဖေဖော်ဝါရီ ၁၂ တွင် ဒုတိယသက်တမ်း ပထမဆုံးသော မိန့်ခွန်းကို ပြောသည်။ ဧပြီ ၁၅ တွင် 9/11 နောက်ပိုင်း နောက်ထပ်အောင်မြင်သော အကြမ်းဖက်တိုက်ခိုက်မှု Boston မာရသွန်ပွဲတွင် ဖြစ်ခဲ့သည်။ ပန်းဝင်စည်းအနားတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ရှစ်နှစ်သားကလေးငယ်အပါအ၀င် သုံးဦးသေဆုံးသည်။ အလားတူ အခြား ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာ ရသွားကြသည်။ ဧပြီ ၁၆ တွင် အိုဘားမား Arizona ဆီနိတ်တာ John McCain ၊ New York ဆီနိတ်တာ Chuck Schumer တို့နှင့်တွေ့ဆုံပြီး လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ဆွေးနွေးသည်။
ဧပြီ ၁၈ တွင် သမ္မတ အိုဘားမားနှင့် ဇနီးတို့ မာရသွန်ဗုံးခွဲမှုအပြီး Boston သို့ သွားရောက်သည်။ ဧပြီ ၂၃ တွင် အိမ်ဖြူတော်နှင်းဆီဥယာဉ်တွင် ၂၀၁၃ ဆရာများနှစ်ကို ဂုဏ်ပြုသည်။ မေ ၂ တွင် မက္ကဆီကို သွားပြီး သမ္မတ Pena Nieto နှင့် တွေ့ဆုံသည်။ မေ ၃ တွင် မက္ကဆီကိုမှတဆင့် ကော်စတာရီကာသို့ သွားကာ သမ္မတ Chinchilla နှင့်တွေ့ဆုံသည်။ မေ ၆ တွင် တူရကီဝန်ကြီးချုပ်နှင့်တွေ့ဆုံသည်။မေ ၂၀ တွင် Oklahoma ပြည်နယ် Moore တွင် လေဆင်နှမောင်း တိုက်ခတ်ပြီး ဒါဇင်ပေါင်းများစွာ သေဆုံးသည်။ဇွန် ၅ တွင် သံအမတ် Susan Rice ကို ၀န်ကြီးအဖွဲ့သို့ ရာထူးတိုးပေးခဲ့ပြီး အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်သည်။ ဇွန် ၇ တွင် California ပြည်နယ်သို့ သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံသည်။ သြဂုတ် ၁၉ တွင် သမ္မတ အိုဘားမား မိသားစု ခွေးမလေး "Sunny" ကို အိမ်ဖြူတော်သို့ ခေါ်ဆောင်မွေးမြူခဲ့သည်။ သြဂုတ် ၃၁ တွင် ဓါတုလက်နက်များအသုံးပြုမှုအတွက် ဆီးရီးယားအပေါ် စစ်ရေးနည်း အသုံးပြုရေး ကွန်ဂရက်မှ အတည်ပြုချက်တောင်းခံမည်ဟု အိုဘားမား ကြေညာသည်။ စက်တင်ဘာ ၅၊ ၆ တွင် ဂျီ ၂၀ အစည်းအဝေးတက်ရန် အိုဘားမား ပြည်ပထွက်ခွာသည်။

တစ်နှစ်တာ မိန့်ခွန်းပြော
၂၀၁၄- ဇန်န၀ါရီ ၂၈ တွင် တစ်နှစ်တာ မိန့်ခွန်းကို ပြောသည်။ ဖေဖော်ဝါရီ ၁၂ တွင် အစိုးရ ကန်ထရိုက်တာများအတွက် အနိမ့်ဆုံးလစာ တိုးပေးမည့် အမိန့်ကြေညာချက်ကို လက်မှတ်ထိုးသည်။ မတ် ၃ တွင် အစ္စရေးဝန်ကြီးချုပ်နှင့် တွေ့ဆုံသည်။ မတ် ၂၄-၂၅ တွင် နယ်သာလန်တွင် ပြုလုပ်သည့် ၂၀၁၄ နျူကလီးယားလုံခြုံရေးညီလာခံကို တက်ရောက်သည်။ မတ် ၂၇ တွင် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံသည်။ဧပြီ ၁၁ တွင် Syliva Nathews Burwell ကို ကျန်းမာရေးနှင့် ပြည်သူ့ ၀န်ဆောင်မှု ၀န်ကြီးအဖြစ် ခန့်အပ်သည်။ သြဂုတ် ၇ တွင် အီရတ်ရှိ အိုင်အက်စ်တို့ကို လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ရန် ကြေညာသည်။ စက်တင်ဘာ ၁၀ တွင်ဆီးရီးယားနှင့် အီရတ်ရှိ အကြမ်းဖက်အဖွဲ့ အိုင်အက်စ် ကို ချေမှုန်းမည့် ၎င်း၏ အစီအစဉ်များကို မိန့်ခွန်းချွေသွားခဲ့သည်။ စက်တင်ဘာ ၂၂ တွင် အမေရိကန်နှင့် မဟာမိတ်များ လေကြောင်းစစ်ပွဲကို စတင်ဆင်နွဲသည်။ နိုဝင်ဘာ ၄ တွင် ကြားလယ်ရွေးကောက်ပွဲတွင် ကွန်ဂရက်ကို ထိန်းချုပ်ခွင့် အိုဘားမားဆုံးရုံးခဲ့သည်။ ရီပတ်ဘလစ်ကန်တို့ အမတ်နေရာအများစုရကာ ဆီးနိတ်ကို ထိန်းချုပ်ခဲ့သည်။ ဒီဇင်ဘာ ၁၇ တွင် ကွန်မြူနစ်ကျူးဘားနှင့် ပုံမှန်ဆက်ဆံရေးပြန်စနေပြီဖြစ်ကြောင်း အိုဘားမား ကြေညာသည်။

ကွန်ဂရက်တွင် အာဏာချိန်ခွင်လျှာက ပြောင်းလဲ
၂၀၁၅- ဇန်န၀ါရီ ၃ တွင် ကွန်ဂရက်တွင် အာဏာချိန်ခွင်လျှာက ပြောင်းလဲသွားခဲ့ပြီး ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်နှစ်ရပ်စလုံးတွင် အဓိကအင်အားစုဖြစ်လာခဲ့သည်။ ဇန်န၀ါရီ ၁၆ တွင် အိုဘားမားက ဗြိတိန်ဝန်ကြီးချုပ်နှင့်အတူ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။ ပြင်သစ်ရှိ Charlie Hebdo သတင်းစာတိုက်တိုက်ခိုက်ခံရမှုနောက်ပိုင်း အီရန်၊ အိုင်အက်စ်နှင့် အကြမ်းဖက်မှုမှာ အဓိကဆွေးနွေးစရာ ကိစ္စရပ်များအဖြစ် ပေါ်ပေါက်လာခဲ့သည်။ ဇန်န၀ါရီ ၂၀ တွင် ခြောက်နှစ်တာသမ္မတတာဝန်ထမ်းခဲ့သည့်ကာလ ရီပတ်ဘလစ်ကန်တို့ အများစုရှိရာ ကွန်ဂရက်တွင် မိန့်ခွန်းပြောကြားသည်။ ဖေဖော်ဝါရီ ၂၄ တွင် ကွန်ဂရက်က အတည်ပြုလိုက်သောKeystone XL ပိုက်လိုင်းဥပဒေကို အိုဘားမား ဗီတိုအာဏာသုံးကာ ပယ်ချသည်။ မတ် ၂၅ တွင် သမ္မတ အိုဘားမား အမည်မသိစစ်သားအုတ်ဂူရှေ့တွင် အောက်မေ့ဖွယ်စကားပြောပြီး လွမ်းသူ့ပန်းခွေချသည်။ ဇူလိုင် ၁၄ တွင် အီရန်နှင့် နျူကလီးယားသဘောတူညီချက်ရပြီဖြစ်ကြောင်း ကြေညာသည်။ စက်တင်ဘာ ၂၂ တွင် ပုပ်ရဟန်းမင်းကြီးကို အမေရိကန်သို့ ဖိတ်ခေါ်သည်။ နိုဝင်ဘာ ၃၀ တွင် ပါရီမြို့ရှိ ကုလညီလာခံတွင် ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်၍ ပြောသည်။ ဒီဇင်ဘာ ၂ တွင် San Bernardino ရှိ ခရစ်စမတ်ပါတီတွင် ဖြစ်ပွားသော တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဒီဇင်ဘာ ၁၈တွင် ၂၀၁၅ ခုနှစ်၏နောက်ဆုံး သတင်းစာရှင်းလင်းပွဲကို ကျင်းပသည်။

ကွန်ဂရက်နှင့် လူထုထံသို့ ၎င်း၏ နောက်ဆုံး တစ်နှစ်တာမိန့်ခွန်းပြော
၂၀၁၆- ဇန်န၀ါရီ ၇ တွင် လက်နက်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးရန် အစည်းအဝေးတစ်ခုကို George Mason တက္ကသိုလ်တွင် စီစဉ်ပေးသည်။ ဇန်န၀ါရီ ၁၂ တွင် ကွန်ဂရက်နှင့် လူထုထံသို့ ၎င်း၏ နောက်ဆုံး တစ်နှစ်တာ နိုင်ငံလုံးဆိုင်ရာမိန့်ခွန်းကို ပြောသည်။

Source: Barack Obama Timeline: Mizzima

No comments:

Post a Comment