Latest News

Friday, January 13, 2017

YBS ရဲ့ လိုင်းအရောင်များ

YBS ရဲ့ လိုင်းအရောင်များ


လာမယ့် ၁၅ ရက်နေ့မှာ မထသ ဖျက်သိမ်းပြီး အများပိုင် ယာဉ်လိုင်းတွေ စပြေးတော့မယ်။ ဒါဟာ မြို့တွင်း သယ်ယူ ပို့ဆောင်ရေး ယာဉ်လိုင်းတွေ အပေါ် စိတ်ပျက်နေတဲ့ ပြည်သူတွေ အတွက် စိတ်လှုပ်ရှား ဖွယ်ရာ အပြောင်းအလဲ ဖြစ်လာပါ လိမ့်မယ်။ ဒီအပြောင်း အလဲ အပေါ်မှာလည်း အကောင်းမြင်တဲ့ မျှော်လင့်ချက်တွေ အများကြီး ရှိနေ လိမ့်မယ်လို့ မြင်ပါတယ်။ ဒီနေရာမှာ တစ်ခု သတိပေး ချင်တာက မျှော်လင့်ချက်တွေ ကနေ ဖိအားတွေ ဖြစ်မလာ စေဖို့ပါ။

ဒါမျိုးကို NLD အစိုးရ မတက်ခင် ကလည်း သတိပေး ခဲ့ဖူးတယ်။ အများကြီး ၀ုန်းဒိုင်းကျဲ ပြောင်းလဲ လိမ့်မယ်လို့ မမျှော်လင့် ထားကြ ဖို့ ပြောခဲ့ ဖူးတယ်။ ဒါဟာ ပိုကောင်းတဲ့ အပြောင်း အလဲတွေ ဖြစ်လာဖို့ မျိုးစေ့ ချလိုက် တာသာ ဖြစ်ပါတယ်။ ခုရေတွင်းတူး ခုရေကြည် သောက်ချင် လို့ မရပါဘူး။ နှစ်ပေါင်း ၅၀ ကျော် ပျက်ခဲ့တာကို ငါးနှစ် အတွင်း အကုန် ပြန်ပြင် နိုင်မယ်လို့ တွေးနေရင် ရူးလို့သာ ဖြစ်ပါလိမ့်မယ်။ NLD အစိုးရ ဖြစ်ရင် အကြီးမားဆုံး ဖိအားက သူ့အပေါ် အများကြီး မျှော်လင့်နေတဲ့ ထောက်ခံသူတွေရဲ့ ဖိအားသာ ဖြစ်ပါ လိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။

အခု မထသ ကိစ္စကလည်း အလားတူ ပါပဲ။ ယာဉ်လိုင်း အသစ် တွေမှာ တာဝန် ထမ်းဆောင်မယ့် ယာဉ်မောင်းတွေနဲ့ အခြား ၀န်ထမ်း တွေဟာ ခုမှ အသစ် ပေါ်လာတဲ့ မိုးကျရွှေကိုယ်တွေ မဟုတ်ပါဘူး။ အရင် လိုင်းကား တွေမှာ မောင်းခဲ့တဲ့ သူတွေပဲ အများစု ဖြစ်ပါလိမ့်မယ်။ ဒီလောက် များပြားလှတဲ့ Human Resources ကို ဘယ်ကမှ ရှာလို့ မရပါဘူး။ ဒါကြောင့် မူပြောင်းပေမယ့် လူမပြောင်းတဲ့ အခြေအနေ မျိုးနဲ့ ရင်ဆိုင် ရနိုင်ပြီး ယခင် အကျင့်ဟောင်း တွေနဲ့ ပြန်ကြုံတွေ့ ကြတဲ့ အခါ အပြစ်တင် မစောကြ စေဖို့ သတိပေး ချင် တာပါ။ ပိုကောင်းတဲ့ စနစ် တစ်ခုကို ပြုပြင် ပြီးပြီ  ဖြစ်ပေမယ့် ပြောင်းလဲ လာဖို့ အတွက်တော့ အချိန်ပေး စောင့်မျှော်ကြရ ပါဦးမယ်။

Sources Writer; Zin Thaw Naing

No comments:

Post a Comment