Latest News

Wednesday, January 18, 2017

ကမ္ဘာ့ တန်ဖိုး အရှိဆုံး ကစားသမား အဖြစ် နေမာ ဦးဆောင်

ကမ္ဘာ့ တန်ဖိုး အရှိဆုံး ကစားသမား အဖြစ် နေမာ ဦးဆောင်

ဘာစီလိုနာ တိုက်စစ်မှူး နေမာသည် တစ်နှစ်အတွင်း ရရှိသည့် ဆုကြေးများအပါအဝင် စာချုပ်စာတမ်းများအရ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် မက်ဆီ၊ ဆွာရက်ဇ်တို့အား ကျော်ဖြတ်၍ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ကြောင်း စစ်တမ်းကောက်ယူခဲ့သည့် CIES အဖွဲ့၏ ထုတ်ပြန်ချက် အရသိရ သည်။

ထုတ်ပြန်ခဲ့သည့် စစ်တမ်းရလဒ်များအရ တန်ဖိုးအကြီးဆုံးကစားသမား ၁ဝ ဦးစာရင်းတွင် လာလီဂါမှကစားသမား အများဆုံးပါဝင်ခဲ့ပြီး နေမာ၊ မက်ဆီ၊ ဆွာရက်ဇ်တို့အပြင် စီရော်နယ်ဒို၊ ဂရစ်ဇ်မန်းတို့ပါဝင်လာခဲ့ခြင်းကြောင့် တန်ဖိုးအကြီးဆုံးကစားသမားငါးဦးအထိ ပါဝင်နေခဲ့သည်။ နေမာအနေဖြင့် တန်ကြေးပေါင် ၂၁၇ သန်းအထိရှိနေခြင်းကြောင့် အသင်းဖော် မက်ဆီ၏ ပေါင်သန်း ၁၅ဝ နှင့် ကွာဟမှုမြင့်မားခဲ့ပြီး သုံးဦးသာပါဝင်ခဲ့သည့် ပရီးမီးယားလိဂ်ကစားသမားများ နှင့်လည်း ပေါင်သန်း ၁ဝဝ ကျော်ကွာခြားခဲ့သည်။

ပရီးမီးယားလိဂ်ကစားသမား သုံးဦးပါဝင်မှုတွင် ဟာရီကိန်းက ပေါင် ၁၂၂ ဒသမ ၄ သန်းဖြင့် အဆင့်ခြောက်၊ အလီက ၉၇ သန်းဖြင့် အဆင့်ကိုး၊ ဟာဇက်က ပေါင် ၈၉ သန်းဖြင့် အဆင့် ၁ဝ နေရာများတွင် အသီးသီးရပ်တည်နိုင်ခဲ့သည်။

Sources: WKM: Democracytoday: Yangon Media Group

No comments:

Post a Comment