Latest News

Sunday, January 8, 2017

နှစ်ရက်အတွင်း ဘတ်စ်ကား၄၅စီး စနစ်သစ်အတွက် အဆိုပြုလွှာတင်

နှစ်ရက်အတွင်း ဘတ်စ်ကား၄၅စီး စနစ်သစ်အတွက် အဆိုပြုလွှာတင်

(ဓာတ်ပုံ-ကျော်ဇင်သန်း)

အများပိုင်ဘတ်စ်ကား  များစုပေါင်းပြေးဆွဲမည့် စနစ်သစ်အတွက် လမ်းကြောင်း အဆိုပြုချက်တင်ရန် စတင်သတ်မှတ်ထားသည့်ဒုတိယရက်အထိ ယာဉ်စီးရေ ၄၅စီး  လာရောက်တင်ပြထား ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က အများပိုင်ဘတ်စ်ကားများ ပြေးဆွဲရမည့် လမ်းကြောင်း ၅၇ ခု(နံပါတ်၁၃ လမ်းကြောင်းမပါ)တွင်ယာဉ် ပိုင်ရှင်များ ပြေးဆွဲလိုသည့်လမ်း ကြောင်းများကို ဇန်နဝါရီ ၇ ရက်မှ၁၀ ရက်အထိ အဆိုပြုလျှောက် ထားရန် ကြေညာထားသည်။ သို့ သော် သတ်မှတ်ရက်နှစ်ရက်ကြာ သည်အထိ လာရောက်လျှောက် ထားသူထက် စုံစမ်းရန် ရောက် ရှိလာသူနှင့် လျှောက်လွှာစာရွက် ရယူသူက ပိုမိုများပြားနေကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့တော့ လာစုံစမ်းတဲ့သူ တော်တော်များတယ်။ ပထမရက်  ထက်ကို များလာတယ်။ အများစု ကတော့ လျှောက်လွှာ တစ်ခါတည်းတော့ တင်မသွားကြဘူး။ လက်ကျန်နှစ်ရက်မှာတော့ စုပြုံ ပြီး ရောက်လာကြမယ်ထင်တယ်’’ ဟု အဆိုပြုလျှောက်လွှာများကို လက်ခံနေသည့် တောင်ဥက္က လာပမြို့နယ် စုပေါင်းရုံးမှတာဝန် ကျဝန်ထမ်းတစ်ဦးက ပြောသည်။

သို့သော် အဆိုပြုလျှောက် လွှာများကို နှစ်ရက်အတွင်း စောင်ရေ ၄၀၀ ခန့် ထုတ်ယူကြပြီး ပထမရက်တွင် အဆိုပြုလျှောက်ထားခဲ့သူမရှိခဲ့ဘဲ ဒုတိယရက်မှသာယာဉ် ၄၅ စီးက ပြေးဆွဲလိုသည့် လမ်းကြောင်းများကို အဆိုပြုလျှောက်ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် ယာဉ်လုပ်သား (ယာဉ်မောင်း/ယာဉ်နောက် လိုက်)လုပ်ကိုင်ခွင့်မှတ်ပုံတင်ရန် နှစ်ရက်အတွင်း လျှောက်လွှာ ၁၀၀၀ ခန့် ထုတ်ယူခဲ့ပြီး ပထမ ရက်တွင် လျှောက်ထားသူမရှိခဲ့ဘဲ ဒုတိယရက်၌ ဦးရေ ၆၀ ခန့် လျှောက်ထားကြောင်း  သတင်းရ ရှိသည်။

မထသ(ရန်ကုန်တိုင်းဒေသ ကြီး)ရုံးချုပ်တွင်လည်း အဆိုပြု လျှောက်လွှာများကို ထုတ်ပေးနေ ရာ ဒုတိယရက်အထိ ယာဉ်ပိုင်ရှင် များက စောင်ရေ ၂၈၀ ခန့်ထုတ် ယူခဲ့ပြီး ပြေးဆွဲလိုသည့် လမ်းကြောင်းတင်ထားခဲ့သည့် အစီးရေ မရှိသေးကြောင်း ဌာနမှူး ဦးမောင်မောင်လွင်က ပြောသည်။

ရန်ကုန်မြို့တွင် လက်ရှိပြေး ဆွဲနေသော ဘတ်စ်ကားစီးရေ သည် လေးထောင်ကျော်ရှိသော် လည်း လက်ရှိအထိ ယာဉ်ပိုင်ရှင်များက လမ်းကြောင်းအဆိုပြုလွှာလျှောက်ထားသူဆယ်ဂဏန်းမျှသာရှိသေးပြီး လျှောက်လွှာလက်ခံမည့်ရက်မှာ နှစ်ရက်မျှသာရှိတော့ကြောင်း ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

‘‘အဓိကကတော့ အချိန်မလုံ

လောက်တာပဲ။ အားလုံးက အခု လေ့လာနေကြရတဲ့အတွက် လျှောက်လွှာကို အားချင်းမတင် နိုင်ကြဘူး။ သူတို့အတွက် ပြင်ဆင်ချိန်နည်းလို့ အစပိုင်းရက်တွေမှာ လူနည်းနေသေးတာလို့ ထင် တယ်’’ဟု ၎င်းက ဆိုသည်။

ထို့အပြင် ၁၉၉၅ မော်ဒယ် အောက် စီးတီးဘတ်စ်များ၊ ဘီ အမ်နှင့် ဒိုင်နာယာဉ်များသည် လည်း အများပိုင်ယာဉ်စနစ်ပြေး ဆွဲမှုစတင်ပါက ခရီးသည်တင် ယာဉ်များအဖြစ် ပါဝင်ခွင့်မရှိ တော့ခြင်း၊ အခြားယာဉ်များသည် လမ်းကြောင်းအမျိုးမျိုးကြောင့် ပူးပေါင်းပါဝင်မှုမရှိနိုင်ခြင်းတို့ ကြောင့် ဇန်နဝါရီ ၁၆ ရက်တွင် စတင်မည့် အများပိုင်ဘတ်စ်ကား ပြေးဆွဲရာ၌ လက်ရှိ ပြေးဆွဲနေ သည့် ယာဉ်စီးရေထက် လျော့ နည်းနိုင်ကြောင်း ယာဉ်ပိုင်ရှင်အ ချို့က ပြောသည်။

‘‘အစိုးရအဖွဲ့ကလည်း ဒီ ကိစ္စကို ကြိုပြီး တွက်ချက်သိရှိ ထားပါတယ်။ ခန့်မှန်းခြေအားဖြင့် လက်ရှိ ပြေးဆွဲနေတဲ့ ယာဉ်စီးရေ ထက် စီးရေတစ်ထောင်လောက် လျော့ကျသွားမယ်လို့ ခန့်မှန်းထား တယ်။ အဲဒီလိုဖြစ်လာခဲ့ရင် ဘယ် လိုဖြေရှင်းမလဲဆိုတဲ့ အစီအမံကို လည်း ပြင်ထားတာရှိတယ်။ လို အပ်သလို ဘယ်လိုဖြည့်ဆည်း ပြေးဆွဲမလဲဆိုတာမျိုးပေါ့။ အခု က တခြားအခြေအနေတွေရှိနေ သေးလို့ ထုတ်မပြောသေးတာပါ’’ ဟု ရန်ကုန်တိုင်းဒေသကြီးသယ် ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် နီးစပ်သူတစ် ဦးက ပြောသည်။

ပြေးဆွဲမှုရပ်နားခံရမည့် စီး တီးဘတ်စ်၊ ဘီအမ်နှင့် ဒိုင်နာ ယာဉ်များကိုလည်း ယာဉ်ပိုင်ရှင် များ နစ်နာမှုမရှိစေရန် ယာဉ်အပ် နှံပါက အိမ်စီးကားစလစ်ထုတ် ပေးခြင်းအပြင် ကားမအပ်လိုပါ က ကြို/ပို့ယာဉ်များအဖြစ် ပြေး ဆွဲနိုင်ရန်၊ ကုန်စည်သယ်ယူပို့ ဆောင်သည့် ယာဉ်များအဖြစ် ပြေးဆွဲနိုင်ရန် လိုအပ်သည့် လိုင်စင် များထုတ်ပေးမည်ဟု တိုင်းဒေသ ကြီးအစိုးရက ကြေညာထား သည်။

ထို့အပြင် အများပိုင်ယာဉ် များ စတင်ပြေးဆွဲသည့် ရက်များ တွင် ဘတ်စ်ကားစီးနင်းသူများ သွားလိုသည့် နေရာများကို လမ်း ညွှန်နိုင်ရန် ဘတ်စ်ကားမှတ်တိုင် များ၌ လိုအပ်သည့် ဝန်ထမ်းများ ချထားမည်ဖြစ်ပြီး ဖုန်းဆော့ဖ်ဝဲ ဖြင့် ယာဉ်လမ်းကြောင်း ကြည့်ရှုနိုင်မည့်စနစ်ကိုလည်း စတင်ရန် ပြင်ဆင်နေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူကဆိုသည်။

‘‘ဘတ်စ်ကားမှတ်တိုင်က ရန်ကုန်မှာ နှစ်ထောင်ကျော် လောက်ရှိတယ်။ မှတ်တိုင်အကုန် လုံးလောက်တော့ လူမထားနိုင် ဘူးပေါ့။ လူစီးများတဲ့ မှတ်တိုင် ကြီးတွေမှာ အများဆုံးလမ်းညွှန် နိုင်မယ့် သူတွေ ထားပေးမယ်။ အရေအတွက်ကတော့ မကြာခင် သိရပါမယ်။ မှတ်တိုင်တွေမှာ လမ်းညွှန်ဘုတ်တွေ စိုက်ဖို့ကို လည်း ဒီရက်ပိုင်းစမှာပါ။ လမ်း ညွှန်လက်ကမ်းစာရွက်တွေ ဝေဖို့ ကိုလည်း လုပ်နေပြီ’’ဟု ၎င်းက ပြောသည်။

သို့သော် အများပိုင်ဘတ်စ် များစတင်ပြေးဆွဲရမည့် ဇန်နဝါရီ ၁၆ ရက် ရောက်ရန် ရှစ်ရက်အလို အထိ လမ်းညွှန်ဆိုင်းဘုတ်များကို မြင်တွေ့ရခြင်းမရှိ၍ ရန်ကုန်မြို့ခရီးသွားများက မေးခွန်းထုတ်မှု များရှိနေသည်။

‘‘အခုအချိန်ထိ ကိုယ်နေတဲ့ နေရာကနေ မြို့ထဲကို ဘယ်ကား စီးရမယ်မှန်းကို မသိသေးဘူး။ ရှင်းရှင်းလင်းလင်း သိရအောင် ကြိုပြီး အသိပေးသင့်တယ်’’ဟု မြောက်ဥက္ကလာပမြို့နယ်မှ ကုမ္ပဏီဝန်ထမ်း မနီနီနိုင်က ပြောသည်။

Sources; 7 Day News Journal

No comments:

Post a Comment