Latest News

Sunday, January 8, 2017

ရွှေတိဂုံစေတီတော် တပေါင်းပွဲတော် ပြန်လည်ကျင်းပနိုင်ရန် စီစဉ်နေ

ရွှေတိဂုံစေတီတော် တပေါင်းပွဲတော် ပြန်လည်ကျင်းပနိုင်ရန် စီစဉ်နေ

ရွှေတိဂုံစေတီတော် တပေါင်းပွဲတော်၌ ဇာတ်ပွဲ၊ အငြိမ့်ပွဲနှင့်ပျော်ပွဲရွှင်ပွဲများကို ပြည်သူ့ အစိုးရလက်ထက်တွင်  ပြန် လည်ကျင်းပခွင့်ရရှိရန် ကြိုးစား နေကြောင်းသတင်းရရှိသည်။

၁၉၈၈ မတိုင်မီက ရွှေတိဂုံ စေတီတော် တပေါင်းပွဲတော်၌ အနောက်ဘက်မုခ်တွင် ဇာတ်ပွဲ၊ အငြိမ့်ပွဲများကိုလည်းကောင်း၊ အ ရှေ့ဘက်နှင့် တောင်ဘက်မုခ်တွင် တေးဂီတဖျော်ဖြေပွဲများကိုလည်း ကောင်း ထည့်သွင်းကျင်းပခဲ့ သည်။

စစ်အစိုးရလက်ထက်နှင့် သမ္မတဦးသိန်းစိန်လက်ထက်တစ်လျှောက်နှစ် ၂၀ ကျော် ကျင်းပခဲ့ခြင်းမရှိသည့် ယင်းပျော်ပွဲရွှင်ပွဲများကို ပြန်လည်ကျင်းပခွင့်ရရှိရန် ကြိုးစားနေကြောင်း အနုပညာရှင်ဦးဇာဂနာကပြောသည်။

‘‘လွန်ခဲ့တဲ့ သုံးနှစ်လောက် ကတည်းက ကျင်းပခွင့်ရရှိဖို့ကြိုး စားခဲ့တာ မရဘူး။ အခုကိုဖြိုးမင်း သိန်းလက်ထက်မှာ ထပ်ပြီးကြိုး စားထားတယ်။ ကြိုးစားဆဲအဆင့် ပေါ့။ ရဖို့တော့များတယ်’’ဟု ဦး ဇာဂနာက 7Day Daily သတင်း စာအားပြောကြားသည်။

ဇာတ်ပွဲ၊ အငြိမ့်ပွဲများကျင်းပ ခွင့်ပြုစဉ်တွင်ပျော်ပွဲရွှင်ပွဲများကို အနည်းဆုံး တစ်ပတ်ခန့်ကြာ အောင် ပြုလုပ်ပြီး လက်ရှိ၌ အ နည်းဆုံး သုံးရက်ခန့် ကျင်းပခွင့် ရရှိရန် တောင်းဆိုထားကြောင်း ၎င်းကဆက်လက်ပြောသည်။

စစ်အစိုးရလက်ထက်နှင့် သမ္မတ ဦးသိန်းစိန်အစိုးရလက် ထက်တို့တွင် ရွှေတိဂုံစေတီတော် တပေါင်းပွဲတော်အဖြစ် တပေါင်း လဆန်းမှ လပြည့်နေ့အထိ ဆရာ တော်၊ သံဃာတော်များနှင့် ဘာ သာရေး ၀တ်အသင်းများကပဋ္ဌာန်းရွတ်ဖတ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းတို့ နှစ်စဉ်ပြုလုပ်ခဲ့သည်။

‘‘ဟိုးအရင်ခေတ်ကတော့ ရွှေတိဂုံပတ်ပတ်လည်မှာ ပွဲဈေး တန်းကြီး။ အရမ်းစည်ကားတယ်။ အနယ်နယ်အရပ်ရပ်က လာကြ တယ်။ အဘတို့ငယ်ငယ်က ကြား ဖူးတာဆိုရင် လှည်းတွေနဲ့လာပြီး ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေလာကြည့် ကြတယ်လို့ လူကြီးတွေ ပြောကြ တယ်’’ဟု ရန်ကုန်မြို့နေ အသက် (၆၉) နှစ်အရွယ် ဦးရွှေဝင်းက ပြောသည်။

တပေါင်းပွဲတော်ပြန်လည် ကျင်းပခွင့်ရရန် ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့က ဦးဆောင် ကြိုးစားရမည်ဖြစ်သော်လည်း အ ရပ်သားအစိုးရလက်ထက်တွင် အဆိုပါယဉ်ကျေးမှုပြန်လည်ပေါ် လာစေရန် ကြိုးစားနေခြင်းဖြစ် သည်ဟု ဦးဇာဂနာကဆိုသည်။

‘‘၁၉၈၇ မှာ နောက်ဆုံးကျင်း ပခဲ့တယ်။ ၈၈ မှာကျင်းပမယ်လုပ် တော့ မောင်ဖုန်းမော်အရေးပေါ် လာလို့ မကျင်းပဖြစ်ဘူး။ အဲဒီ နောက်ပိုင်းလည်း မကျင်းပဖြစ် တော့ဘူး။ ကျင်းပစဉ်တုန်းက အ ရှေ့ဘက်မုခ်မှာ ဗလာဇာတ်၊ ဗ လာအငြိမ့်တွေပေါ့။ အနောက် ဘက်မုခ်မှာ စတိတ်ရှိုးတွေ လုပ် ကြတယ်။ ခေတ်အလိုက်ပေါ့။ Playboy အဖွဲ့လည်းဖျော်ဖြေခဲ့ ဖူးတယ်’’ဟု ၎င်းကပြောသည်။

တပေါင်းပွဲတော် ပြန်လည် ကျင်းပခွင့်ရပါက ၀က်ဝက်ကွဲစည်ကား အောင်မြင်မည်ဖြစ်သော်လည်း များပြားလွန်းသည့်ပြည်သူလူထု အား မထိန်းသိမ်းနိုင်မည်ကို စိုးရိမ်ကြောင်း ရွှေတိဂုံစေတီတော်အသင်းတစ်ခုမှ ဦးနိုင်ဝင်းကပြောသည်။

Sources; 7 Day News Journal

No comments:

Post a Comment